Monday, December 3, 2007

အမှန်ကိုမယုံတာ ဥာဏ်အဆင့်နိမ့် နေလို့ပါပဲ

ဗြဟ္မာကြီးတစ်ဦးက သူ့အမြင်နဲ့ မြတ်စွာဘုရားထံ တင်ပြလျှောက်ထားတဲ့ ဂါထာပါပဲ နတ်တို့ ဗြဟ္မာ တို့ဆိုတာကို တစ်ချို့က သူတို့ကိုတိုင် မတွေ့ဘူးတဲ့အတွက် မယုံကြည်နိုင်ဘဲ ရှိနေတတ်ကြပါတယ် အဲဒါဟာ နတ်တွေဗြဟ္မာတွေကို မြင်နိုင်တဲ့ ဥာဏ်မရှိကြလို့ အသိအမြင်အဆင့်အတန်း နိမ်နေကြလို့ ပါပဲ သူတို့ကတော့ သူတို့ဟာသူတို့ စဉ်းစားဆင်ခြင်ဥာဏ် အဆင့်မြင့်နေလို့ မယုံကြည့်တာလို့ ဆို ကောင်းဆိုကြပေလိမ့်မယ် ဒါပေမဲ့အမှန်အားဖြင့်တော့ အနောက်နိုင်ငံမှာ လေယာဉ်ပျံပေါ်ကာစတုန်း က အရှေ့နိုင်ငံကလူအချို့ မယုံကြည်တာမျိုးပါပဲ ယခုနေအခါမှာ လကမ်ဘာကို အာကာသယာဉ်ဖြင့် ရောက်တယ်ဆိုတာ မယုံကြည်ကြတာနဲ့လဲတူပါတယ် နတ်တွေဗြဟ္မာတွေဆိုတာ မြတ်စွာဘုရားက ကိုယ်ပိုင်ဥဏ်ဖြင့် တွေ့သိပြီးဟောထားတာပါပဲ အဲဒါကို ဟုတ်မှန်ကြောင်း အဘိညာဉ်ရဖို့ ရဟန္တာ ပုဂ္ဂိုလ်များက ထောက်ခံထားလျှက် ရှိနေတာပါပဲ မြတ်စွာဘုရားက အဲဒီနတ်တွေဗြဟ္မာတွေထက် မြင့်မြတ်သိမ့်မွေ့တဲ့ တရားတွေကိုလည်း ကိုယ်ပိုင်ဥာဏ်ဖြင့် တွေ့သိပြီးဟောထားတာပါပဲ အဲဒါကို ဥာဏ်ထူးရှိတဲ့ ရဟန္တာအရှင်မြတ်တွေက သူတို့၏ကိုယ်တွေ့အနေဖြင့် ထောက်ခံထားတာပါပဲ အဲဒီ တော့နတ်တွေ ဗြဟ္မာတွေလောက်တောင် မသိနိုင်လို့ မယုံကြည်ကြတာဟာ အသိဥာဏ်အဆင့်အ တန်းနိမ့်နေသေးလို့ပါပဲ ...................။

No comments: