Monday, December 3, 2007

သပ္ပံဆရာတွေ၏ အတွေ့လိုပင် ယုံသင့်ပါသည်

ဗြဟ္မာဆိုတာ ကာမဂုဏ်ကို တပ်မက်မူ့ ကာမရောဂကင်းတယ် ကမ္ဘာနဲ့ချီပြီး အသက်ရှည်တယ် လူတွေ နတ်တွေဆိုတဲ့ ကာမဘုံသား သတ္တ၀ါတွေကတော့ အသက်တိုတယ် မကြာခဏသေသေသွားတတ်ကြ တယ် လူဆိုရင် ဘုရားလက်ထက်တော် ကာလတုန်းက ပုံမှန်အနူစ်တစ်ရာ သက်တန်းရှိတယ် အနူစ်တစ် ရာမပြည့်ခင် သေတဲ့သူလဲရှိတယ် အနူစ်တစ်ရာက ကျော်လွန်ပြီး တစ်ရာ့လေးငါးခြောက်ဆယ်အထိ အ သက်ရှည်သူလည်းရှိခဲ့တယ် အဲဒီထက်ရှေးကြတဲ့ ခေတ်တွေတုန်းကတော့ အသက်နူစ်ရာသုံးရာ စသည် ပိုပြီးအသက်ရှည်ခဲ့တာ ရှိခဲ့ကြောင်းကို ကျမ်းဂန်များမှာ ပြဆိုထားတာရှိခဲ့ပါတယ် ဒါပေမဲ့လူ့လောကအ သက်ဆိုတာ တယ်မရှည်လှပါဘူး အထက်နတ်ပြည်လောကတွေမှာ နတ်တွေကလူ့ထက် များစွာသာလွန် ပြီးအသက်ရှည်ကြပါတယ် အဲဒါကိုသာမန်လူတွေက မသိကြပါဘူး သိတော်မူကြတဲ့ ဘုရား ရဟန္တာအရှင် မြတ်တွေက ဟောကြားထားတဲ့အတိုင်း မှတ်ယူကြရတယ် ။ ဥပမာအားဖြင့် ယခုခေတ်မှာ သိပ္ပံပညာတွေက တိုးတက်နေတယ် သိပ္ပံပညာတိုးတက်နေတဲ့ ပုဂွိုလ်တွေ က ကမ္ဘာလောကအကြောင်းကို အမျိုးမျိုးစူးစမ်း စမ်းသပ်နေကြတယ် အခြားလူတွေကတော့ ကိုယ်တိုင် မတွေ့သိရပေမဲ့ သိပ္ပံပညာရှင်တွေက စမ်းသပ်ထားတဲ့အချက်တွေကို သူတို့ပြောပြထားတဲ့အတိုင်းပင် မှတ် ရတယ် နေအစရှိသောဂြိုဟ်တွေ၏ အတိုင်းအထွာပမာဏတွေ ကမ္ဘာမြေကြီး၏ အတိုင်းအထွာပမာဏတွေ နေနှင့်အကွာအဝေး ပမာဏတွေ အဲဒီဂြိုဟ်အားလုံးလည်နေပုံတွေ အခြားနေစကြ၀ဠာတွေ ဒီလိုဟာတွေကို သိပ္ပံပညာရှင်တွေက သူတို့နည်းဖြင့် တွက်ချက်တိုင်းတာပြီး ပြထားကြတယ် အဲဒါတွေကို ကိုယ်တိုင်မတွေ့မ သိရပေမဲ့ သူတို့ပြောတဲ့အတိုင်းပဲ အများကယုံကြည် သိမှတ်နေကြတယ် ဘာကြောင့်ဒီလို ယုံကြည်ရသလဲ ဆိုတော့ မိမိတို့ကိုယ်တိုင်က သူတို့လိုမသိရပေမဲ့ သင့်လျော်သော ဆင်ချင်ဥာဏ်ရှိတဲ့အတွက် ဟုတ်ပေလိမ့် မယ်လို့ ယုံကြည်ကြရတာပါပဲ ။ အဲဒီလိုပါပဲ ဗုဒွ့မြတ်စွာဘုရားက ကိုယ်တိုင်တွေ့ သိမြင်ပြီးမှ ဟောထားတဲ့ နတ်ဗြဟ္မာအကြောင်းတွေကိုလည်း ဘုရားဟောတော်မူတဲ့အတိုင်း ယုံကြည်သင့်တာပါပဲ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်ကမသိနိုင်ပေမဲ့ သင့် တော်တဲ့ဆင်ချင်ဥာဏ်ဖြင့် ယုံကြည်ထိုက်တဲ့အတွက် ဟောတော်မူတဲ့အတိုင်း ဟုတ်ပေလိမ့်မယ်လို့ ယုံကြည် ကြရတာပါပဲ ကိုယ်တိုင်တွေ့ပြီးသိချင်ရင်တော့ သိနိုင်အောင်လည်း အားထုပ်နည်းတွေ ရှိနေပါတယ် အဲဒီနည်း တွေဖြင့် ဈာန်အဘိညာဉ်တွေကိုရအောင် အားထုတ်လို့ပြည့်စုံရင် အဘိညာဉ်ဖြင့် ကိုယ်တိုင်ပင် သိမြင်နိုင်ပါ တယ် အဲဒီလိုသိနိုင်တဲ့နည်းတွေ ရှိပါလျှက်နဲ့ အဲဒါတွေကို အားမထုတ်ဘဲ ကိုယ်ကမသိတာနဲ့ မယုံဘူးဆိုရင် အဲဒါကတော့ နေရာမကြဘူး ။

No comments: