Tuesday, December 4, 2007

ဗုဒွ့မြတ်စွာဘုရား၏ အမြင်တော်

ဒါပေမဲ့ သူတင်ပြတာကို မြတ်စွာဘုရားက ဆင်ခြင်ကြည့်တော်မူတဲ့အခါ အဲဒီဗြဟ္မာ၏ အထင်အမြင်မပြည့်စုံပဲ လွဲနေတာကို တွေ့တော်မူတယ် ဘယ်လိုလဲဆိုတော့ ကာမယာဂကိုပယ်တာက သမထဈာဉ်ဖြင့်ပယ်တာလဲရှိတယ် အနာဂါမိမဂ်ဖြင့် ပယ် တာလည်းရှိတယ် အဲဒီပယ်ပုံနှစ်မျိုးထဲက အနာဂါမင်္ဂဖြင့်ပယ်တာဆိုရင်တော့ ပိုပြီးအဆင့်အတန်းမြင်ပါတယ် အလွန်ကောင်း ပါတယ် ကာမရာကအမြစ်ပြတ် ကင်းသွားပါတယ် ဒါကြောင့်သေသည်၏ အခြားမဲ့၌ ဗြဟ္မာဘုံရောက်သွားမယ် အဲဒီ ဗြဟ္မာဘုံ မှာပဲရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရတယ် ဒါကြောင့်ကာမရာဂကို အနာဂါမိမဂ်ဖြင့်ပယ်တာကတော့ အလွန်ကောင်းပါတယ် ။ သမထဈာဉ်ဖြင့်ပယတာကတော့ အမြစ်ပြတ်ကင်းရှင်းတာမဟုတ်ပါဘူး အဲဒီဈာန်ရနေခိုက် ဗြဟ္မာလောကရောက်နေခိုက် လောက်သာကာမရာဂ ကင်းကွာနေတာ ဗြဟ္မာပြည်မှာဆုတေပြီး လူ့ဘ၀ နတ်ဘ၀ကို ပြန်ရောက်လာအုံးမယ် အဲဒီအခါမှာ ကာမရာဂသူများလိုပင် ပြန်ဖြစ်အုံးမှာပဲ အဲဒီအခါသူတော်ကောင်းနဲ့ပေါင်းသင်းရလို့ သူတော်ကောင်းတရားတွေ ကုသိုလ်တွေ ပြုနိုင်ရင်တော့ လူ့ဘ၀ နတ်ဘ၀သွားဖြစ်တယ် ဈာန်ရအောင်ကျင့်နိုင်ရင်လဲ ဗြဟ္မာပြည်ကိုပြန်ရောက်ဘို့လည်းရှိတယ် ဒါပေမဲ့ သူရုပ်မာနဲ့ ပေါင်းသင်းရလို့ သူယုတ်မာတရားတွေကို နာကြားပြီးတော့ အယူတွေလဲမှား အကုသိုလ်တွေလဲပွားသွားရင်တော့ အပါယ်လေးပါးထဲ ကျရောက်နှိင်သေးတာပဲ ဒါကြောင့်သမထဈာဉ်ရပြီး ကာမရာဂကိုပယ်ခွါနှိင်ယုံမျှကတော့ အဖိုးမတန်လှပါ ဘူး အဲဒါမြတ်စွာဘုရား၏ အမြင်အားဖြင့် သမထဈာန်ရယုံမျှဟာ အဖိုးမတန်ပုံပဲ ဘုရားတပည့်သာဝကတွေရဲ့ အမြင်အားဖြင့် လည်းထို့အတူပင် သမထဈာဉ်ရရုံမျှဟာ အဖိုးမတန်ပါဘူး ဘာကြောင့်လဲဆိုတော့ ဗြဟ္မာဖြစ်ရပေမဲ့ အဲဒီဗြဟ္မာဘ၀မှာစုတေ ပြီးတော့လူ့ဘ၀စသည်မှာဖြစ်ပြီး မကြာခဏသေရအုံးမှာပဲ အသေရသက်သာသွားလိမ့်မယ်လို့ မျှော်လင့်ချက်အတိုင်း မပြည့်စုံ ပါဘူး ဒါကြောင့်မြတ်စွာဘုရားက အဲဒီရည်ရွယ်ချက် ပြည့်စုံအောင် အဲဒီဂါထာကိုဒီလိုပြင်ပြီး မိန့်ကြားတော်မူပါတယ် ။

ဆက်ဖတ်မယ်..

အွန်လိုင်းပေါ်က ဇာတ်လမ်းတစ်ပုဒ်

တနေ့သောအခါမှာ ကျွန်တော်ပလန်းနက်ကို စတင်ဝင်ရောက်ခဲ့ပါတယ် ဖြစ်ချင်တော့ ကွန်ပြူဆိုတာကလဲ ဒီရောက်မှမြင်ဘူးကိုင်ဘူးတာမို့လား ဟိုရောက်ဒီရောက်နဲ့ စာရေးတာတောင်မှ တလုံးချင်းစီပြီးရေးရတဲ့ ဘ၀လေ ဒါနဲ့ပလန်းမှာစတင်မိတ်ဆွေဖွဲ့တယ်ဆိုပါတော့ဗျာ မိတ်ဆွေကလဲဖွဲ့မတတ်ပြန်ဘူး အဲဒါနဲ့စိတ်ထဲရှိတာလေး အရိုးသားထားပြီးရေးကြတာပေါ့ဗျာ ဒါကိုသဘာရင့်ဝါရင့်တွေက ရယ်စရာလုပ်ကြတယ်လေ ကိုကလဲအစဆိုတော့ အရန်းရှက်သွားတယ် ဒါပေမဲ့ကိုကမှားသူမို့လား အားလုံးကိုမဟုတ်ကြောင်းတောင်းပန်တာပေါ့ ကာယကံရှင်ကိုလဲ အထပ်ထပ်အခါခါ တောင်းပန်ပါတယ် ဒါပေမဲ့ခက်တာက နားလည်မူ့မရှိတာကို ရင်နာမိပါတယ် ကိုယ်ကဘယ်လောက်ပင် တောင်းပန်ပေမဲ့လဲ နားလည်ပေးပါတယ် ခွင့်လွှတ်ပါတယ်ဆိုတဲ့စာသားလေးတွေတောင် ပြန်ရေးပေးဖေါ်မရခဲ့ပါဘူး စိတ်တော့မကောင်းပါဘူး မြန်မာလူမျိုးဖြစ်ပါလျှက်နဲ့ အချင်းချင်းမသိတဲ့ကိစွ့လေးကို အပုံကြီးချဲ့ပြီး မုန်းတီးသွားကြမယ်ဆိုရင် စည်းလုံးမူ့သည် အင်အားပါဆိုတဲ့ စာဟာအလကားဖြစ်သွားတာပေါ့အခုအွန်လိုင်းမှာ တွေ့ဆုံနေကြသူတွေဟာ ခင်မင်ကြတယ်ဆိုတာ အရင်တုန်းကသိပြီးသာသူတွေလဲရှိမယ် အခုမှသိတဲ့သူတွေလဲရှိကြမှာပါ ဒါတောင်မှ အွန်လိုင်းမှာသိတဲ့သူက ပိုများပါလိမ့်မယ် ဒါဟာလဲဟိုအရင်းတုန်းက ကောင်းမူ့ကုသိုလ်တွေကို အတူလုပ်ခဲ့ကြလို့ ဆုံဆည်းတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် အဲဒီတော့ မျက်နှာမတွေ့ရပဲ စာရေးတာကိုဖတ်ပြီး လူ့စိတ်ကိုလဲဝေဖန်ပိုင်းခြားလို့မရနိုင်ပါဘူး နောက်ဆုံအနေနဲ့ ပြောချင်တာကတော့ လူကိုလူလိုမြင်တတ်ကြပါ အားငယ်သူကို အားပေးပါမသိသေးတဲ့သူကို သိအောင်တတ်အောင် သွန်သင်ဆုံးမပေးကြပါ ဒါမှလူသားအချင်းချင်း စာနာထောက်ထားရာ ရောက်ပါလိမ့်မယ်လို့ ကျွန်တော်ခံယူထားပါတယ် ဒါကတော့ အွန်လိုင်းပေါ်မှာ ဖြစ်ခဲ့တဲ့ ကျွန်တော်ရဲ့ခံစားချက်ပေါဗျာ............။
စိတ်ဓါတ်ကောင်းမှ နိုင်ငံနဲ့လူမျိုး တိုးတက်မှာ သေချာပါတယ်

ဆက်ဖတ်မယ်..

Monday, December 3, 2007

ဗြဟ္ဓာ့အမြင်

ရှေ့နားကပြောခဲတဲ့ စကားရပ်ထဲမှာ နတ်တွေကလူတွေထက် အသက်ရှည်တယ်လို့ပြောခဲ့တယ် ဒါပေမဲ့ဗြဟ္ဓာတွေ၏ မျက်စိအောက်မှာတော့ မကြာခင်မှာပဲ သေသေသွားကြတဲ့အနေနဲ့ တွေ့မြင်နေရတယ် အဲဒီလိုလူတွေနတ်တွေမကြာ ခဏသေသေသွားကြတာကို မြင်ရတော့ဗြဟ္ဓာကြီးများက သနားကြတယ် ဒီသတ္တ၀ါတွေက ကာမအာရုံကိုသာယာ တပ်မက်တဲ့ရာဂရှိနေလို့ အသက်တိုတဲ့လူ့ဘ၀ နတ်ဘ၀ဖြစ်နေကြတယ် ဖြစ်ပြီးပြန်တော့လဲ မကြာခဏသေသွားကြ ရတယ် ကာမရာဂကင်းလို့ ငါတို့လိုပဲကမ္ဘာနဲ့ချီပြီး အသက်ရှည်ကြရမယ် အဲဒီတော့သတ္တ၀ါတွေဟာ ခဏခဏမသေ ကြတော့ဘဲ အသေရသက်သာသွားမယ်လို့ အဲဒီဗြဟ္ဓာက ထင်မြင်ပါတယ် ဒါကြောင့် သတ္တိယာ - လှံမကြီးဖြင့် သြမ ဠော ၀ိယ - ရင်ဝ၌အထိုးအစိုက်ခံရသော သူကဲ့သို့လည်းကောင်း မတ္တကေ - ဦးခေါင်းထက်၌ ဒယုမာနော ဣဝ -မီး လောင်ခံရသော သူကဲ့သို့လည်းကောင်း ကာမရာဇပ္ပဟာနယ - အသက်တိုသောဘ၀၌ ဖြစ်စေတတ်သည့် ကာမရာဂ ကိုသမထဈာန်ဖြင့် ပယ်ရန်အလို့ငှါ ဘိကွု့ - ရဟန်းသည် ၀ါ သံသရာဘေးကို ရူ့မြင်သောပုဂွိုလ်သည် သတော - အ မှတ်ရလျှက် ပရိဗ္ဗဇေ - သုတ်သုတ်လျှင်စွာအားထုတ်ရာ၏လို့ မြတ်စွာဘုရားထံတင်ပြပါတယ် ။ အတိုချုပ်ဆိုလိုတာကတော့ ဈာန်ရအောင်မြန်မြန်အားထုတ်ရမယ် ဈာန်ရရင်ကာမရာဂကင်းသွားမယ် အဲဒီတော့ကု သိုလ်အဟုန်ကြောင့် ဗြဟ္ဓာလောကရောက်ပြီး အသက်ရှင်ရမယ် ဒါဟာအကောင်းဆုံပဲလို့ ဆိုလိုပါတယ် လူတွေရဲ့အမြင်နဲ့ ကြည့်လိုက်ရင်လဲ အသက်တိုတဲ့သတ္တ၀ါလေးတွေကို အများကြီးတွေ့ရတယ် တချို့ပိုးမွှားလေးတွေက ရက်ပိုင်းအနည်းငယ်လောက်သာ အသက်ရှင်နေဟန်တူပါတယ် တစ်ချို့ပိုးကောင်လေးတွေက အရန်းသေးငယ်တာပဲ အသက်လဲအရန်းတိုမှာပါပဲ အဲဒီလိုပိုးမွှားလေးတွေက အကောင်လေးတွေဖြစ်လာလိုက် မကြာခင်ရက်အနည်းငယ်အ တွင်းမှာသေသွားလိုက် တဖန်ပြန်ဖြစ်လာလိုက် သေသွားလိုက်နဲ့ အင်မတန်သနားစရာကောင်းပါတယ် အဲဒီလိုပါပဲဗြဟ္မာ အမြင်နဲ့ကြည့်လိုက်တော့ သူတို့မျက်စိအောက်မှာ လူတွေနတ်တွေဟာလဲ ဖြစ်လာလိုက်သေသွားလိုက်နဲ့ မကြာခဏမြင် ရတာကိုသနားတဲ့အတွက် သူကဒီလိုထင်မြင်တယ် "ငါတို့လိုဈာန်ရရင် ကာမရာဂကင်းသွားမယ် ကာမရာဂကင်းသွားရင် ငါတို့လိုပင်ဗြဟ္မာဘုံရောက်လာပြီး အသက်ရှည်ရှည်နေရမယ် အဲဒါဟာအကောင်းဆုံးပဲ" လို့ဒီလိုထင်မြင်တဲ့အတွက် အဲဒါကိုသူကမြတ်စွားဘုရားထံ တင်ပြတာပါပဲ သူ့စိတ်ထဲမှာတော့ အဲဒါကိုမြတ်စွာဘုရားက လက်ခံလိမ့်မယ်ထင်လို့ တင်ပြတာပါပဲ........။

ဆက်ဖတ်မယ်..

ရင်နာလို့မဆုံးပါဘူး

ကျွန်တော်အသက် ၂၀ လောက်က နေမကောင်းဖြစ်တာ အရန်းပါပဲ ဆေးရုံကြီးကိုသွားပြတော့ဆရာဝန်တစ်ယောက်နဲ့တွေ့တယ် သူကဗျာ လူနာကိုစစ်ဆေးတာ တရားသူကြီးရူံးလောက်မယ်ထင်ပါတယ် ဒီမှာကသေတော့မယ် သူပြောတာလဲ မကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေပြီ သူကကျွန်တော်ကို လူကြီးတွေပါမလာတော့ ဆေးသုံးသူလို့ထာတာတဲ့လေ ဆရာဝန်ဖြစ်ပြီးနားမလည်တာလား ငွေမပါတာကိုကြည့်ပြီး လုပ်မပေးချင်တာလားတော့ မသိပါဘူးဗျာ ဖြစ်ချင်တော့ကျွန်တော်ကိုကောင်းတယ်လို့ပဲ ပြောရတော့မှာပေါ့ ဂျူတီချိန်းသွားပါလေရော အဲဒီတော့မှဆရာဝန်မတစ်ယောက် ရောက်လာပြီးတော့ ဆေးထိုးပေးတယ်ဘာဆေးလဲတော့ မသိပါဘူးကျွန်တော်အရန်းကိုသက်သာသွားတော့တာပါ အဲဒီတော့မှ ဆရာဝန်မကသူမေးစရာတွေကို မေးတယ်လေတော်သေးတာပေါ့ ဆရာဝန်မကယ်လို့ ကျွန်တော်အသက်ရှင်တာ အဲဒီညကတော့ ကောင်းသွားတာပေါ့ဗျာ နောက်တစ်နေ့မနက်အစောကြတော့ ညကလိုပြန်ဖြစ်ပြန်ရော ဆေးရုံကြီးကိုပြန်သွားတော့ ဘာပြောတယ်ထင်လဲ ဒီမှာဆေးကုဘို့ မလွယ်ဘူးတဲ့ မင်းနေတဲ့နေရာမှာ ပြန်ကုပါဆိုလို့ကျွန်တော်မှာ လိုင်သာယာမှာ ပြန်ကုရပါလေရောလားဗျာ လောကမှာငွေပါပဲ ဆိုတာကသိသာထင်ရှားလွန်းလှပါတယ် မရှိရတဲ့အထဲ ကုလိုက်တာ ၂ လလောက်နေမှ ရောဂါလဲ ပြောက်တော့တယ် ဖြစ်တာက အစာအိမ်ရောဂါပါ ဒါကိုဆေးရုံကမကုဘူးဆိုရင် ဘာလို့ဒီဆေးရုံတွေထားနေပါသေးလဲ (ဒါကတော့ တစ်ဘက်သတ်အမြင်ပေါ့) ကောင်းတဲ့သူတွေလဲ ရှိနေတယ်ဆိုတာကိုတော့ကျွန်တော်နားလည် သဘောပေါက်ပါတယ် ဒါပေမဲ့ပြည်သူ့ဆေးရုံပါလို့ ရေးထားပြီး ပြည်သူကိုမကြည့်တာတော့ ရင်နာလို့မဆုံးပါဘူး.............။

ဆက်ဖတ်မယ်..

ဆေးရုံဆေးခန်းဆိုတာ

ပိုက်ဆံပေးမှ ပြလို့ရတာတွေကြီးပါပဲဗျာ မရှိလို့တော့ ဆေးခန်း ၊ ဆေးရုံ မသွားလိုက်ပါနဲ့တွန်းလှည်းတွန်းတဲ့ လူကတောင် ကောင်းကောင်းမတွန်းပေးဘူး ဒီလိုပါပဲ ကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတွေလဲ သနားစရာပါ ငွေရှိနေရင်တော့ ရှယ်ပေါ့ဗျာ ကျွန်တော်သူငယ်ချင်းမိန်းမမွေးတုန်းကဆိုရင် သိန်း ၂၀ လောက်ကုန်တယ်ဗျာ ကျွန်တော်တို့မို့လို့ ဆေးရုံထဲဝင်သွားရင်ဆရာဝန်ကြီးကအစ ဓါတ်လှေကားမောင်းတဲ့သူအဆုံး ပြုံးနေကြတာပဲလေ ဟိုကလဲ ဒုဝန်ကြီးသားမို့လား မျက်နှာရှိတယ်လေ တော်ပါပြီဗျာ များများရေးရင် များများ အကုသိုလ်များတယ် အနည်းငယ်ပဲရေးတာကောင်းပါတယ် ။
နောက်တစ်ခုက ကျွန်တော်မိန်းမမွေးတုန်းကပေါ့ ကျွန်တော်ကလဲ လက်သမားဆရာဗျာ ငွေကလဲသိပ်မပြည့်စုံတော့ ကျွန်တော်မိန်းမကို ဒဂုံမြောက်ပိုင်း ဆေးရုံမှာသွားပြတယ်လေ အမနဲ့နှစ်ယောက်ပေါ့ဆေးရုံကလူကိုကြည့်ပြီး ဘာပြောတယ်ထင်လဲ ဒီမှာမွေးလို့မရဘူးတဲ့ ဒါနဲ့ကျွန်တော်မိန်းမလဲ ပြန်လာတာပေါ့နော် စိတ်လဲမကောင်းဘူးပေါ့ ဒါနဲ့ငွေကမပြည့်စုံတော့ ဆေးရုံလဲမသွားတော့ပါဘူး အိမ်မှာပဲအရပ်လက်သယ်နဲ့မွေးတာ ရသွားပါတယ် ဒါဘာကြောင့်လဲ လူနာကိုကြည့်တာလား ငွေကိုကြည့်တာလားဆိုတာသိသာပါတယ် အဲဒီတော့ မိန်းမယူသူဖြစ်စေ ယောက်ကျားယူသူဖြစ်စေ ငွေသာများများဆောင်ထားကြပါလို့အသိပေးပါရစေဗျာ............။
ကျွန်တော်စာလေးတစ်ကြောင်း ဖတ်ရတယ်ဗျာ စာမှာကရေးထားတာ ဆရာဝန်ဟာ လူနာကိုခွဲစိတ်ကုသမူ့မပြုခင်ဘာကိုအရင်စစ်လဲတဲ့ ဖြေကြတာပေါ့ဗျာ တစ်ချို့လဲ ရောဂါနဲ့ပါတ်သက်တာတွေပေါ့ နောက်ဆုံးအဲဒီစာရဲ့ အောက်ကအဖြေရှိတဲ့နေရာကိုဖွင့်ကြည့်လိုက်တော့ ဘာရေးထားမယ်ထင်လဲ (ပိုက်ဆံအိပ်ကိုတဲ့)မပြောချင်ပါဘူးဗျာ လူစုံတုန်းရှင်းပြတာပါ ။ဒါတောင်အများကြီးကျန်နေသေးတယ် အားနာလို့မရေးတော့တာပါ ။

ဆက်ဖတ်မယ်..

အဆင့်အတန်း မတူရာမှာ ကိုယ်နှင့်နိုင်းရင် ရိုင်းသည်

အဆင့်အတန်း မတူရာမှာ ကိုယ်နှင့်နိုင်းရင် ရိုင်းသည် တစ်ချို့ကဒီလိုပြောကြတယ်ကိုယ်တိုင်မတွေ့ရင် မယုံနိုင်ဘူးတဲ့ အဲဒါဟာ ကိုယ်ကမသိတာကို သူများမသိဘူးလို့ထင်မှတ်ပြီးပြောတာပဲ ကိုယ်နှင့်နိုင်းမရိုင်းဘူးဆိုတာ အဆင့်အတန်းတူတဲ့သူ အချင်းချင်းမှမှန်တယ် အဆင့်အတန်းမတူတဲ့သူနဲ့ တန်းတူပြုပြီးနိုင်းယှဉ်ရင်တော့ သိပ်လွဲတာပဲဥပမာ ထုတ်ပြမယ် ဂဏန်းသင်္ချာကို မသင်ကြားဘူး မလေ့လာဘူးတဲ့သူက ဂဏန်းသင်္ချာဘက်မှာပါရဂူလောက် တော်နေတဲ့လူကို ငါလိုပါပဲ ဂဏန်းတွက်ရာမှာ ငါထက်ပိုပြီးမတတ်မသိပါဘူးလို့ တန်းတူပြုပြီး နိုင်းယှဉ်ရင် အများကြီးလွဲမှားသွားမည် မဟုတ်ပါလား ။ဒီလိုပါပဲ လောကအကြောင်းကို တကယ်သိပြီး ဟောထားတာကို ကိုယ်တိုင်ကမသိတာနဲ့ဟောတဲ့ပုဂွိုလ်ကို မိမိနဲ့တန်းတူပြုပြီး မယုံကြည်ပဲနေရင် အများကြီးလွဲမှားသွားပါတယ်ဒါကြောင့်မြတ်စွါဘုရား ဟောထားတဲ့အတိုင်း နတ်တွေ ဗြဟ္ဓာတွေရှိတယ်ဆိုတာ ကိုယ်တွေ့အားဖြင့်မသိပေမဲ့ မြတ်စွာဘုရားက တွေ့မြင်ပြီးဟောထားတာပါလို့ ယုံကြည်ကြမှတ်သားရပါတယ် အဲဒီနတ် ဗြဟ္ဓာတွေ ထက်မြင့်မြတ်တဲ့တရားတွေကို ဟောထားတာလဲရှိပါသေးတယ် တကယ်သိချင်ရင်အဲဒီဟောထားတဲ့ ဟာတွေကို ကိုယ်တိုင်သိအောင်လေ့လာဘို့လိုပါတယ် လေ့လာရင်သိလဲသိနိုင်ပါတယ် မြတ်စွားဘုရားတရားတော်က ကိုယ်တိုင်တွေ့မြင်နိုင်တဲ့ တရားတော်လဲဖြစ်ပါတယ် ဒါကြောင့် သန္ဒိဠိကော- ကျင့်ကြံအားထုတ်ကကိုယ်တိုင်တွေ့မြင်နိုင်သော တရားတော်မြတ်ပဲလို့ ဒီလိုချီးကျူးပြီးဟောထားပါတယ်.......။

ဆက်ဖတ်မယ်..

သပ္ပံဆရာတွေ၏ အတွေ့လိုပင် ယုံသင့်ပါသည်

ဗြဟ္မာဆိုတာ ကာမဂုဏ်ကို တပ်မက်မူ့ ကာမရောဂကင်းတယ် ကမ္ဘာနဲ့ချီပြီး အသက်ရှည်တယ် လူတွေ နတ်တွေဆိုတဲ့ ကာမဘုံသား သတ္တ၀ါတွေကတော့ အသက်တိုတယ် မကြာခဏသေသေသွားတတ်ကြ တယ် လူဆိုရင် ဘုရားလက်ထက်တော် ကာလတုန်းက ပုံမှန်အနူစ်တစ်ရာ သက်တန်းရှိတယ် အနူစ်တစ် ရာမပြည့်ခင် သေတဲ့သူလဲရှိတယ် အနူစ်တစ်ရာက ကျော်လွန်ပြီး တစ်ရာ့လေးငါးခြောက်ဆယ်အထိ အ သက်ရှည်သူလည်းရှိခဲ့တယ် အဲဒီထက်ရှေးကြတဲ့ ခေတ်တွေတုန်းကတော့ အသက်နူစ်ရာသုံးရာ စသည် ပိုပြီးအသက်ရှည်ခဲ့တာ ရှိခဲ့ကြောင်းကို ကျမ်းဂန်များမှာ ပြဆိုထားတာရှိခဲ့ပါတယ် ဒါပေမဲ့လူ့လောကအ သက်ဆိုတာ တယ်မရှည်လှပါဘူး အထက်နတ်ပြည်လောကတွေမှာ နတ်တွေကလူ့ထက် များစွာသာလွန် ပြီးအသက်ရှည်ကြပါတယ် အဲဒါကိုသာမန်လူတွေက မသိကြပါဘူး သိတော်မူကြတဲ့ ဘုရား ရဟန္တာအရှင် မြတ်တွေက ဟောကြားထားတဲ့အတိုင်း မှတ်ယူကြရတယ် ။ ဥပမာအားဖြင့် ယခုခေတ်မှာ သိပ္ပံပညာတွေက တိုးတက်နေတယ် သိပ္ပံပညာတိုးတက်နေတဲ့ ပုဂွိုလ်တွေ က ကမ္ဘာလောကအကြောင်းကို အမျိုးမျိုးစူးစမ်း စမ်းသပ်နေကြတယ် အခြားလူတွေကတော့ ကိုယ်တိုင် မတွေ့သိရပေမဲ့ သိပ္ပံပညာရှင်တွေက စမ်းသပ်ထားတဲ့အချက်တွေကို သူတို့ပြောပြထားတဲ့အတိုင်းပင် မှတ် ရတယ် နေအစရှိသောဂြိုဟ်တွေ၏ အတိုင်းအထွာပမာဏတွေ ကမ္ဘာမြေကြီး၏ အတိုင်းအထွာပမာဏတွေ နေနှင့်အကွာအဝေး ပမာဏတွေ အဲဒီဂြိုဟ်အားလုံးလည်နေပုံတွေ အခြားနေစကြ၀ဠာတွေ ဒီလိုဟာတွေကို သိပ္ပံပညာရှင်တွေက သူတို့နည်းဖြင့် တွက်ချက်တိုင်းတာပြီး ပြထားကြတယ် အဲဒါတွေကို ကိုယ်တိုင်မတွေ့မ သိရပေမဲ့ သူတို့ပြောတဲ့အတိုင်းပဲ အများကယုံကြည် သိမှတ်နေကြတယ် ဘာကြောင့်ဒီလို ယုံကြည်ရသလဲ ဆိုတော့ မိမိတို့ကိုယ်တိုင်က သူတို့လိုမသိရပေမဲ့ သင့်လျော်သော ဆင်ချင်ဥာဏ်ရှိတဲ့အတွက် ဟုတ်ပေလိမ့် မယ်လို့ ယုံကြည်ကြရတာပါပဲ ။ အဲဒီလိုပါပဲ ဗုဒွ့မြတ်စွာဘုရားက ကိုယ်တိုင်တွေ့ သိမြင်ပြီးမှ ဟောထားတဲ့ နတ်ဗြဟ္မာအကြောင်းတွေကိုလည်း ဘုရားဟောတော်မူတဲ့အတိုင်း ယုံကြည်သင့်တာပါပဲ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်ကမသိနိုင်ပေမဲ့ သင့် တော်တဲ့ဆင်ချင်ဥာဏ်ဖြင့် ယုံကြည်ထိုက်တဲ့အတွက် ဟောတော်မူတဲ့အတိုင်း ဟုတ်ပေလိမ့်မယ်လို့ ယုံကြည် ကြရတာပါပဲ ကိုယ်တိုင်တွေ့ပြီးသိချင်ရင်တော့ သိနိုင်အောင်လည်း အားထုပ်နည်းတွေ ရှိနေပါတယ် အဲဒီနည်း တွေဖြင့် ဈာန်အဘိညာဉ်တွေကိုရအောင် အားထုတ်လို့ပြည့်စုံရင် အဘိညာဉ်ဖြင့် ကိုယ်တိုင်ပင် သိမြင်နိုင်ပါ တယ် အဲဒီလိုသိနိုင်တဲ့နည်းတွေ ရှိပါလျှက်နဲ့ အဲဒါတွေကို အားမထုတ်ဘဲ ကိုယ်ကမသိတာနဲ့ မယုံဘူးဆိုရင် အဲဒါကတော့ နေရာမကြဘူး ။

ဆက်ဖတ်မယ်..

အမှန်ကိုမယုံတာ ဥာဏ်အဆင့်နိမ့် နေလို့ပါပဲ

ဗြဟ္မာကြီးတစ်ဦးက သူ့အမြင်နဲ့ မြတ်စွာဘုရားထံ တင်ပြလျှောက်ထားတဲ့ ဂါထာပါပဲ နတ်တို့ ဗြဟ္မာ တို့ဆိုတာကို တစ်ချို့က သူတို့ကိုတိုင် မတွေ့ဘူးတဲ့အတွက် မယုံကြည်နိုင်ဘဲ ရှိနေတတ်ကြပါတယ် အဲဒါဟာ နတ်တွေဗြဟ္မာတွေကို မြင်နိုင်တဲ့ ဥာဏ်မရှိကြလို့ အသိအမြင်အဆင့်အတန်း နိမ်နေကြလို့ ပါပဲ သူတို့ကတော့ သူတို့ဟာသူတို့ စဉ်းစားဆင်ခြင်ဥာဏ် အဆင့်မြင့်နေလို့ မယုံကြည့်တာလို့ ဆို ကောင်းဆိုကြပေလိမ့်မယ် ဒါပေမဲ့အမှန်အားဖြင့်တော့ အနောက်နိုင်ငံမှာ လေယာဉ်ပျံပေါ်ကာစတုန်း က အရှေ့နိုင်ငံကလူအချို့ မယုံကြည်တာမျိုးပါပဲ ယခုနေအခါမှာ လကမ်ဘာကို အာကာသယာဉ်ဖြင့် ရောက်တယ်ဆိုတာ မယုံကြည်ကြတာနဲ့လဲတူပါတယ် နတ်တွေဗြဟ္မာတွေဆိုတာ မြတ်စွာဘုရားက ကိုယ်ပိုင်ဥဏ်ဖြင့် တွေ့သိပြီးဟောထားတာပါပဲ အဲဒါကို ဟုတ်မှန်ကြောင်း အဘိညာဉ်ရဖို့ ရဟန္တာ ပုဂ္ဂိုလ်များက ထောက်ခံထားလျှက် ရှိနေတာပါပဲ မြတ်စွာဘုရားက အဲဒီနတ်တွေဗြဟ္မာတွေထက် မြင့်မြတ်သိမ့်မွေ့တဲ့ တရားတွေကိုလည်း ကိုယ်ပိုင်ဥာဏ်ဖြင့် တွေ့သိပြီးဟောထားတာပါပဲ အဲဒါကို ဥာဏ်ထူးရှိတဲ့ ရဟန္တာအရှင်မြတ်တွေက သူတို့၏ကိုယ်တွေ့အနေဖြင့် ထောက်ခံထားတာပါပဲ အဲဒီ တော့နတ်တွေ ဗြဟ္မာတွေလောက်တောင် မသိနိုင်လို့ မယုံကြည်ကြတာဟာ အသိဥာဏ်အဆင့်အ တန်းနိမ့်နေသေးလို့ပါပဲ ...................။

ဆက်ဖတ်မယ်..