Tuesday, December 4, 2007

ဗုဒွ့မြတ်စွာဘုရား၏ အမြင်တော်

ဒါပေမဲ့ သူတင်ပြတာကို မြတ်စွာဘုရားက ဆင်ခြင်ကြည့်တော်မူတဲ့အခါ အဲဒီဗြဟ္မာ၏ အထင်အမြင်မပြည့်စုံပဲ လွဲနေတာကို တွေ့တော်မူတယ် ဘယ်လိုလဲဆိုတော့ ကာမယာဂကိုပယ်တာက သမထဈာဉ်ဖြင့်ပယ်တာလဲရှိတယ် အနာဂါမိမဂ်ဖြင့် ပယ် တာလည်းရှိတယ် အဲဒီပယ်ပုံနှစ်မျိုးထဲက အနာဂါမင်္ဂဖြင့်ပယ်တာဆိုရင်တော့ ပိုပြီးအဆင့်အတန်းမြင်ပါတယ် အလွန်ကောင်း ပါတယ် ကာမရာကအမြစ်ပြတ် ကင်းသွားပါတယ် ဒါကြောင့်သေသည်၏ အခြားမဲ့၌ ဗြဟ္မာဘုံရောက်သွားမယ် အဲဒီ ဗြဟ္မာဘုံ မှာပဲရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရတယ် ဒါကြောင့်ကာမရာဂကို အနာဂါမိမဂ်ဖြင့်ပယ်တာကတော့ အလွန်ကောင်းပါတယ် ။ သမထဈာဉ်ဖြင့်ပယတာကတော့ အမြစ်ပြတ်ကင်းရှင်းတာမဟုတ်ပါဘူး အဲဒီဈာန်ရနေခိုက် ဗြဟ္မာလောကရောက်နေခိုက် လောက်သာကာမရာဂ ကင်းကွာနေတာ ဗြဟ္မာပြည်မှာဆုတေပြီး လူ့ဘ၀ နတ်ဘ၀ကို ပြန်ရောက်လာအုံးမယ် အဲဒီအခါမှာ ကာမရာဂသူများလိုပင် ပြန်ဖြစ်အုံးမှာပဲ အဲဒီအခါသူတော်ကောင်းနဲ့ပေါင်းသင်းရလို့ သူတော်ကောင်းတရားတွေ ကုသိုလ်တွေ ပြုနိုင်ရင်တော့ လူ့ဘ၀ နတ်ဘ၀သွားဖြစ်တယ် ဈာန်ရအောင်ကျင့်နိုင်ရင်လဲ ဗြဟ္မာပြည်ကိုပြန်ရောက်ဘို့လည်းရှိတယ် ဒါပေမဲ့ သူရုပ်မာနဲ့ ပေါင်းသင်းရလို့ သူယုတ်မာတရားတွေကို နာကြားပြီးတော့ အယူတွေလဲမှား အကုသိုလ်တွေလဲပွားသွားရင်တော့ အပါယ်လေးပါးထဲ ကျရောက်နှိင်သေးတာပဲ ဒါကြောင့်သမထဈာဉ်ရပြီး ကာမရာဂကိုပယ်ခွါနှိင်ယုံမျှကတော့ အဖိုးမတန်လှပါ ဘူး အဲဒါမြတ်စွာဘုရား၏ အမြင်အားဖြင့် သမထဈာန်ရယုံမျှဟာ အဖိုးမတန်ပုံပဲ ဘုရားတပည့်သာဝကတွေရဲ့ အမြင်အားဖြင့် လည်းထို့အတူပင် သမထဈာဉ်ရရုံမျှဟာ အဖိုးမတန်ပါဘူး ဘာကြောင့်လဲဆိုတော့ ဗြဟ္မာဖြစ်ရပေမဲ့ အဲဒီဗြဟ္မာဘ၀မှာစုတေ ပြီးတော့လူ့ဘ၀စသည်မှာဖြစ်ပြီး မကြာခဏသေရအုံးမှာပဲ အသေရသက်သာသွားလိမ့်မယ်လို့ မျှော်လင့်ချက်အတိုင်း မပြည့်စုံ ပါဘူး ဒါကြောင့်မြတ်စွာဘုရားက အဲဒီရည်ရွယ်ချက် ပြည့်စုံအောင် အဲဒီဂါထာကိုဒီလိုပြင်ပြီး မိန့်ကြားတော်မူပါတယ် ။

No comments: