Wednesday, March 12, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁ )

သိမ်ကြီးဈေး ( C ) ရုံရှေ့ကားအပြာလေးတစ်စီး ရပ်လိုက်ကာ ဆင်းသက်လာသူက ချောမောလှပသော မိန်းမလှလေးတစ်ဦး
မိန်းမလှလေးရဲ့ ၀တ်စားဆင်ယဉ်မူ့က အနောက်တိုင်းဆန်လှ၏ ထို့ကြောင့်လမ်းဘေးမှသွားလာသူများ ငေးမောနေကြသည်မှာ
အဆန်းတော့မဟုတ်လှပါ မိန်းမလှလေးသည် အရောင်းပြခန်းအတွင်းသို့ ၀င်သွားလေသည် အရောင်းပြခန်းအတွင်းမှာတော့
စမိုင်းမေဆိုသော မိန်းကလေးတစ်ဦးက အရောင်းစာရေးမလေးအဖြစ် တာဝန်ယူထားပြီး ထိုဆိုင်၏ မန်နေဂျာမှာ ဓာဓုကလျာပင်ဖြစ်သည်
ဆိုင်အတွင်းသို့ ၀င်သွားသော မိန်းမလှလေးကို ခပ်လှန်းလှန်းမှ လူငယ်တစ်ဦးက စီးကလက်တစ်လိပ်ကိုခဲကာ သေချာစိုက်ကြည့်နေသည်
မိန်းကလေးကတော့ သိဟန်မတူပါ လိုအပ်သည်များကို ရွေးယူကာ ငွေရှင်းကောင်တာသို့ ထွက်သွားလေသည် ငွေရှင်းကောင်တာအရောက်မှာတော့
မိန်းကလေးတို့ပီပီ စပ်စုလိုက်ပုံများက ..........

မမကအရန်းလှတာပဲနော် နာမည်ဘယ်လိုခေါ်လဲဟင် .......စမိုင်းမေဒီကိုရောက်တာ ကြာနေပြီ မမကိုဒီတစ်ခါပဲ မြင်ဘူးသေးတယ် ......

ဟုတ်မှာပေါ့ ညီမလေးရဲ့ မမကဒီကို အခုမှပထမဦးဆုံး စလာတာလေ မမနာမည်က ၀ိုင်းငယ်ပါ ခင်တဲ့သူကတော့ ၀ိုင်းလို့ပဲခေါ်ပါတယ် ..........

ဟုတ်ကဲ့ပါ မမ၀ိုင်း တွေ့ရတာ ၀မ်းသာပါတယ်နော် နောက်လဲလာအားပေးပါနော် ......

ကောင်းပါပြီကွယ် ညီမလေးက သဘောကောင်းတော့ မမခဏခဏလာခဲ့ပါမယ် အခုတော့မမ သွားတော့မယ်နော် ..........

ဝိုင်းငယ်တစ်ယောက် ဆိုင်အတွင်းမှ ပြန်ထွက်သွားတာကို ထိုလူငယ်နောက်ရောင်ခံလိုက်သွားလေ ထိုလူငယ်မှာ လဲခေသူတော့မဟုတ်
အသတ်အပုတ်မှာတော့ အလွန်ကျွမ်းကျင်ပြီး မိုက်တွင်းနက်သည်မှာလဲ သူများနဲ့မတူပေ ဒါပေမဲ့သူက နှလုံးသားတော့ ဖြူးဖွေး၏
သူဟာဝိုင်းငယ်ကို စိတ်ဝင်စားနေသည်မှာ ကြာခဲ့ပါပြီ ၀ိုင်းငယ်၏အလှနဲ့မာနကြောင့် သူလုံးဝကပ်ခွင့်မရခဲ့ပါ အလှနဲ့မာနကို ရှေ့တန်းတင်သော
ချစ်သူကြောင့် သင်္ဘောလိုင်းတစ်ခုတွင် သွားရောက်လုပ်ကိုင်ခဲ့လေရာမှ ပြန်လည်ရောက်ရှိလာသူ ဖြစ်လေသည် ........... ဆက်ရန်

No comments: