Wednesday, March 12, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၂ )

ဝိုင်းငယ်တစ်ယောက် အနောက်မှကပ်လိုက်လာသော ကားကြောင့်ဦးဝိစာရ အ၀ိုင်းဘက်သို့ ကားကိုချိုးကွေ့လိုက်ပြီး ပြည်သူ့ရင်ပြင်နား
တွင်ကားကိုအရှိန်ရှော့လိုက်ပြီး ပန်းခြံအတွင်းသို့ ၀င်သွားတော့သည် ထိုလူရွယ်ကလဲ အနောက်မှလိုက်သွားလေသည် ၀ိုင်းငယ်တစ်က
တော့ ပန်းခြံလုံခြုံရေးယူထားသော ဒုရဲအုပ်နေမင်းနားသို့သွားကာ သူ့အနောက်မှ ကားတစ်စီးလိုက်လာသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်းအ
သပေးလိုက်သည် ရဲအုပ်နေမင်းကလဲ လုံခြုံရေးအရစစ်စေးရန် ထိုလူရွယ်နားသို့သွားကာ မှတ်ပုံတင်မှအစ ယာဉ်မောင်းလိုင်စင်အဆုံးအ
ကုန်လုံးကိုယူကြည့်လိုက်ပြီး ...............

ဟာ ............... ဟေ့ကောင် ကိုကိုမောင် မင်းဘယ်တုန်းက ပြန်ရောက်လာတာလဲ ကျောင်းပြီးထဲက ထွက်သွားလိုက်တာ အခုမှပဲတွေ့
ရတော့တယ် ...........

နေမင်းတိုးတိုးပြောပါကွာ ၀ိုင်းငယ်ကြားသွားပါ့မယ် ..........

ဘယ်မှတုန်းကွ ဒီမှာဝိုင်းငယ်မရှိပါဘူး မင်းကလဲနောက်နေပြန်ပါပြီ ...........

ဟိုကားအပြာက ကောင်မလေးက ၀ိုင်းငယ်ပေါ့ကွ သူပြင်သစ်ကနေ မနေ့ကမှ ပြန်ရောက်လာတာ ငါနဲ့အတူတူပဲ သူကလဲငါကို မမှတ်မိဘူး ......

အေးမင်းပြောမှ ငါလဲသိတတော့တယ် ငါလဲမမှတ်မိဘူးကွ ဝေးသွားကြတာလဲ ကြာပြီလေကွ အခုတောင်သူက မင်းလိုက်လာတာကို
ငါ့ကိုလာပြီးတိုင်ချက်ဖွင့်နေတာ အဲဒါငါဘယ်လို လုပ်ရမလဲ ...........

မင်းလုပ်စရာရှိတာဆက်လုပ်ပါ ဘာမှမဖြစ်ပါဘူး ...........

ရဲအုပ်နေမင်းက စစ်ဆေးသလိုနဲ့ ၀ိုင်းငယ်နားသို့ပြန်သွားကာ အားလုံးအဆင်ပြေသွားပြီဖြစ်ကြောင်း နောက်တစ်ခါ မလိုက်တော့ကြောင်း
အားမခံလိုက်လေသည် ၀ိုင်းငယ်လဲ စိတ်အေးရပြီဖြစ်တာကြောင့် ပြန်သွားတော့သည် ၀ိုင်းငယ်ပြန်သွားပြီဖြစ်လို့ နေမင်းက ကိုကိုမောင်ကို
ခေါ်ကာပန်းခြံအတွင်းက စားသောက်ဆိုင်တွင် စကားပြောရန်ထွက်သွားကြသည် ..........

ဒါနဲ့နေပါအုံး အခုက ၀ိုင်းငယ်အိမ်ကဘယ်မှာလဲ မင်းကရောအခု ဘယ်မှာနေတာလဲ ................

ဝိုင်းငယ်အိမ်က အေဒီလမ်းထဲမှာကွ ............ ငါကတော့ ချော်တွင်းကုန်းက တိုက်အမှတ် .......... မှာနေတာလေ .......

ငါတို့ရှစ်တန်းကျောင်းသားဘ၀က ဘယ်လာလည်သွားတဲ့အိမ်ပေါ့ မှတ်မိသေးလား ..........

မှတ်မိတာပေါ့ကွာ ဒါနဲ့မင်းအဖေနဲ့အမေရော အဲဒီမှာပဲလား ..........

ဟုတ်တယ်လေ ဖေဖေနဲ့မေမေက အရောင်းအ၀ယ်လုပ်နေကြတယ် အခုငါပြန်လာတာ ဖေဖေနဲ့မေမေ မသိသေးဘူး ငါလဲမပြောသေးဘူး
တော်ကြာ သားပြန်ရောက်နေတာသိလို့ လောလောနဲ့ပြန်လာမှစိုးလို့ပါ အခုဖေဖေနဲ့မေမေက ပြင်ဦးလွင်မှာရောက်နေတယ် မနက်ဖြန်ပြန်
လာမယ်လေ မင်းလဲအချိန်ရရင်လာခဲ့ပေါ့နော် အခုတော့ငါလဲ ပြန်ရောက်ကာစဆိုတော့ အိမ်မှာပဲရှိနေအုံးမယ်လေ .........

အေးကွာ လာခဲ့အုံးမယ် ငါလဲ ဦးခိုင်လင်းနဲ့ ဒေါ်နွယ်နီတို့ကို မတွေ့ရတာကြာနေပြီလေ ရုံးပိတ်ရက်ကို လာခဲ့မယ်နော် လာမည့်ဆန်းဒေးပေါ့
မင်းလဲပြန်ချင်ရင် ပြန်တော့လေ နောက်အေးဆေးတွေ့ကြတာပေါ့နော် ငါလဲဂျူတီပြန်ဝင်လိုက်အုံးမယ် ...........ဆက်ရန်

No comments: