အပိုင်း ( ၃ )
ကုန်သည်ကြီးများဟိုတယ် အစည်းအဝေးခန်းမဆောင် ................
မာစီဒီးကားတစ်စီး ကုန်သည်ကြီးများ ဟိုတယ်၏ စင်ဝင်အောင်သို့ ထိုးဆိုက်လိုက်တယ်ဆိုရင်ပဲ နိုင်ငံတကာမှ သတင်းထောက်များကသူ
ထက်ငါအလုအရက် သတင်းရယူရန် တိုးကြိတ်နေကြသည် ထိုအချိန်တွင်တော့ ဒရိုင်ဘာကိုဟိန်းဆင်းလာကာ ကားနောက်ခန်းတံခါးကို
ဖွင့်ပေးလိုက်သည် ပထမဆင်းလာသူက အတွင်းရေးမှူးမလေး ရွှေဖြိုးဖြစ်ပြီး နောက်ကနေစမတ်ကြကြ ဆင်းလာသူကတော့ မန်းနေးဂျင်း
ဒါရိုက် ကိုပိုင်ဖြစ်သည် သတင်းထောက်များကြောင့် ကိုပိုင်နှင့်ရွှေဖြိုးတို့ကို လုံခြုံရေးများက ကာကွယ်ထားရသည် သတင်းထောက်များက
ကိုပိုင်အားသိချင်တာများမေးကာ လိုအပ်သည်သတင်းကိုရယူရင်း နောက်ထပ်လာမည့် ရှယ်ယာဝင်များကို စောင့်နေလေသည် ........
နောက်တစ်ယောက် ထပ်ရောက်လာသူက ရှယ်ယာဝင်ဖြစ်သော အင်ဂျင်နီယာချုပ် ဦးကကြီး သူနှင့်အတူပါလာသူက သူ၏အတွင်းရေးမှူုး
မလေး မနှင်းဆီ ဖြစ်လေသည် ဒီလိုနဲ့ရှယ်ယာဝင်တို့ အသီးသီးရောက်လာကာ အစည်းဝေးခန်မရှိရာသို့ သွားကြလေသည် ခန်းမအတွင်း
မှာတော့ လူများအတော်ပင်စုံနေသည် အစည်းအဝေးစရန်လဲ အချိန်ကြနေတာကြောင့် မန်နေဂျင်းဒါရိုက်တာကိုပိုင်က ............
ကျွန်တော်တို့ အခုလိုအစည်းအဝေးခေါ်ရခြင်းဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို နောက်တိုးချဲ့ဘို့ပါပဲ မကြာခင်မှာလဲ ရှယ်ယာဝင်အ
သစ်တစ်ဦးထပ်ရောက်လာပါလိမ့်မယ် သူကတော့ဒီနေ့တခြားမှာ အစည်းအဝေးရှိနေတာကြောင့် ဒီကိုဒီနေ့မလာနိုင်သေးပါဘူး အဲဒီတော့
နောက်ထပ်ရှယ်ယာဝင်တွေ ခေါ်ဘို့ရယ် ရှယ်ယာဝင်တွေက နောက်ထပ်ထပ်ထည့်နိုင်မလားဆိုတာရင် ကျွန်တော်တို့အားလုံး ဆုံးဖြတ်ကြ
ရမှာဖြစ်ပါတယ် အဲဒါကိုကကြီးအနေနဲ့ရော ဘယ်လိုစိတ်ဝင်စားလဲဆိုတာ သိချင်ပါတယ် .........
ဦးကကြီးဆိုတာက ရှယ်ယာဝင်ထဲမှာ ဒုတိယအများဆုံးဖြစ်သည် ................
ကျွန်တော်အနေနဲ့ကတော့ ပြောစရာမရှိပါဘူး ဒါနဲ့နောက်ဝင်လာမဲ့သူက ရှယ်ယာငွေဘယ်လောက်များ ထည့်နိုင်မှာလဲ ဒါလေးလဲသိချင်ပါ
သေးတယ်ဗျာ ကျွန်တော်ကတော့ အခုလက်ရှိအပြင်ကို နောက်ထပ် ၅၀၀ လောက်ထပ်ထည့်အုံးမှာပါ ............
နောက်ထပ်ရောက်လာမဲ့သူက အနည်းဆုံးတော့ ၂၀၀၀ အထက်ပါပဲ အခုကကျွန်တော်တို့လုပ်ငန်းတွေကို အတော်လေးစိတ်ဝင်စားသူပါ
သွက်လက်ချက်ချာတဲ့ မိန်းမတစ်ယောက်ဆိုရင်လဲ မမှားပေဘူးပေါ့ဗျာ .............
ကောင်းပါတယ်ကိုပိုင်ရေ ဒါတိုရင် ကျန်တဲ့သူတွေကရော ဘာများပြောချင်ပါသေးလဲ ကျွန်တော်ကတော့ ဒီလောက်ပါပဲဗျာ .........
ကျန်တဲ့သူများကတော့ ရှယ်ယာ ၂၀၀ - ၁၀၀ နှင့် ၅၀ သမားတွေဆိုတော့ ဘာမှမပြောကြတော့ပါ ဒါနဲ့အစည်းအဝေးကိုဒီမှာတင်ရပ်လိုက်
ပြီးတော့ နောက်တပတ်မှ ထပ်လုပ်ကြရန်အသိပေးလိုက်ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်တော့သည် ..........ဆက်ရန်
Wednesday, March 12, 2008
အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့
စာရေးသူ - ညီထွဋ် အချိန် - 10:18 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment