Wednesday, March 12, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၄ )

ကိုကိုရေ ငယ်လေးအပြင်သွားအုံးမယ်နော် ကိုကိုဘာမှာအုံးမလဲ ...........

ဘာမှတော့မှာစရာ မရှိပါဘူး အထူးပြောချင်တာက ကားကိုသတိလေးနဲ့မောင်းနော် ..........

ဟုတ်ကဲ့ပါ ကိုကိုရဲ့ ညီမလေးနားလည်ပါတယ် သွားပြီနော် ..........

ဝိုင်းငယ်ကတော့ အကိုဖြစ်သူ ညီထွဋ်ကိုနူတ်ဆက်ကာ အိမ်မှထွက်သွားပြီး ညီထွဋ်ကလဲ သူငယ်ချင်းများနဲ့ လုပ်ငန်းကိစွ့အတွက်ချိန်းထား
တာကြောင့် အိမ်မှထွက်ရန် ပြင်ဆင်နေသည် ...........

ဦးလေးဦးအောင်မြင့်ရေ ကျွန်တော်သွားတော့မယ်နော် လိုအပ်တာတော့ အဲဒီမင်းထက်ကိုသာ ခိုင်းပေတော့နော် .......

ညီထွဋ်ကတော့တာမွေတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို တာဝန်ယူဆောက်လုပ်နေသော ကန်ထရိုက်တစ်ဦးဖြစ်ပြီး သူ၏အင်ဂျင်နီ
ယာမလေး လွမ်းလိုင်းကိုသွားကြိုကာ အိုးအိမ်ရုံးသို့သွားလေသည် အိုးအိမ်ရုံးကနေပြန်တော့ ကီလီလမ်းတွင် မြန်မာထမင်းဆိုင်နာမည်ကြီး
တယ်ဆိုတာနဲ့ ထမင်းသွားစားကြ၏ ............

လွမ်းရေ အကိုတို့ နောက်လုပ်မဲ့ လုပ်ငန်းတွေကို အကိုကတော့ အင်ဂျင်နီယာ အသစ်တွေ ထပ်ခေါ်ချင်တယ် လွမ်းတစ်ယောက်ထဲလဲမ
ဖြစ်ဘူးလေ တာမွေ ကျောက်မြောင်း ရန်ကင်း ပြီးတော့မော်တင်မှာလဲ လုပ်ရမယ် အကိုကတော့ တစ်နေရာကို တစ်ယောက်ထားချင်
တယ် အဲဒါလွမ်းက ဘယ်လိုသဘောရလဲ .........

ကောင်းပါတယ်ကိုညီရဲ့ ဒါလဲအဆင်ပြေတာပဲလေ ကိုညီကောင်းသလို စီစဉ်ပါ လွမ်းမှာလဲ သူငယ်ချင်းနှစ်ယောက်ရှိပါတယ် ......

ဒါဆိုရင်တော့ အတော်ပဲ လာမည့်အင်္ဂါနေ့မှာ သူတို့ကိုခေါ်လာခဲ့ပါ အကို့မှာကလဲ သူငယ်ချင်းတစ်ယောက်က သူ့ညီလေးကျောင်းပြီးသွား
တာအလုပ်မရသေးလို့တဲ့လေ သူလာလိမ့်မယ် ...........

လာမည့်လုပ်ငန်းစဉ်များအတွက် ညီထွဋ်က လွမ်းနဲ့တိုင်၏ လွမ်းဆိုတာကလဲ လုပ်ငန်းခွင့်မှာ အားထားရသော အင်ဂျင်နီယာတစ်ဦးဖြစ်သည်
လုပ်ငန်းခွင့်ကို လွမ်းနဲ့တွဲလုပ်ခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပါပြီ အခုတောလုပ်ငန်းတွေကလဲ များလာတာကြောင့် လွမ်းတစ်ယောက်ထဲမနိုင်မှာ
ကိုညီထွဋ်စိုးရိမ်နေမိသည် လာမည့်အင်္ဂါနေ့မှာတော့ လွမ်းနှင့်အတူ ..............ဆက်ရန်

No comments: