အပိုင်း ( ၅ )
ကိုညီရေ ဒီမှာလွမ်းသူငယ်ချင်းတွေ ပါလာတယ်နော် ဒါက ၀ိုင်ပါ ဒါကတော့ဆူးလေးပါ ............
ကဲလာညီမလေးတို့ထိုင်ကြကွာ အကိုလဲ မင်းတို့ကို မိတ်ဆက်ပေးရမဲ့ သူတစ်ယောက်ရှိတယ် ဒါကတော့ မောင်ချီရွန်ပါ ညီမလေးတို့နဲ့အ
တူတွဲလုပ်ရမဲ့သူပါပဲ အားလုံးမောင်နှမတွေ စည်းစည်းလုံးလုံးလုပ်ကြပါ ရလာတဲ့အကြိုးအမြတ်အတွက်လဲ အကိုစဉ်းစားထားပြီးသားပါ အ
ကိုညီမလေးတစ်ယောက် ရှိသေးတယ်သူလဲ အင်ဂျင်နီယာပါပဲ နောက်ဆုံရင် မိတ်ဆက်ပေးမယ်နော် လွမ်းကပဲအကိုပြောထားတဲ့အတိုင်း
လုပ်ငန်းနေရာ ချထားပေးလိုက်ပါနော် နေ့လည်ထမင်းစာချိန်ကို အကို့ရုံးခန်းမှာပဲ ပြန်ဆုံကြမယ် ကဲအကိုလဲလုပ်စရာရှိနေသေးတယ် ....
ဟဲလို ......... ငယ်လေးရေ ဘယ်ရောက်နေလဲ နေ့လည်စာကို အချိန်မလွန်စေနဲ့နော် အခုရော သူငယ်ချင်းတွေနဲ့ ဈေးဝယ်တုန်းပဲလား .........
ဟုတ်ကဲ့ပါ ကိုကိုရဲ့ ကိုကိုလဲ ဂရုစိုက်နော် နောက်ပိုင်းဆိုရင် ညီမလေးလဲ လာကူပေးမယ်နော် အခုတော့ဒီလောက်ပဲနော် .... ဘိုင် ဘိုင်
ကိုကိုမောင်တစ်ယောက် ဒီနေ့တော့ နေမင်းရှိရာသို့ သွားလေသည် ရွှေတောင်ကြား ( ၁ ) ထဲသို့ ကိုကိုမောင်မရောက်တာကြာခဲ့ပါပြီ နေ
မင်းအိမ်ကိုလိုက်ရှာရင်း မတွေ့နိုင်သေးတာကြောင့် ဟန်းဖုန်းကို ဖွင့်ကာဂဏန်းတစ်ချို့ကိုနှိပ်လိုက်ရင်း နေမင်းကိုလမ်းထပ်မေးလိုက်သည်
နေမင်းအိမ်သို့ရောက်တော့ ကိုကိုမောင်ဟာ အရင်နဲ့မတူပဲ ပြောင်းလွှဲသွားတဲ့နေမင်းရဲ့ အိမ်ကိုကြည့်ကာ သဘောကြနေသည် .........
နေမင်းရေ မင်းလဲမိန်းမယူသင့်နေပြီနော် အခုနေယူထားမှ အတော်ပဲကွ .... ဟား ဟား
ဟာမလုပ်ပါနဲ့အုံးကွာ ရဲအုပ်ဖြစ်တာ မကြာသေးဘူး မိန်းမယူလိုက်တယ်ဆိုရင် အလုပ်တွေပိုလာမလားလို့လေ နောက်ငါစခန်းပြောင်းရ
မယ်ကွ ဘယ်နေရာကြမလဲ မသိသေးဘူးလေ အဲဒီတော့မှပဲ စဉ်းစားတော့မယ်ကွာ ရည်ရွယ်ထားသူတော့ရှိပါတယ် လည်မည့် ၂၁၁၀ ဆို
ရင်တော့ ဖြစ်ပါတယ်ကွာ .........
နေမင်းလာကွာ ငါတို့မြို့ထဲကို သွားရအောင် မြန်မာထမင်းဟင်း ကောင်ကောင်းမစားရတာကြာပြီလေ သွားစားရအောင်ကွာ .......
အေးသွားလေ ဒီနေ့ကတော့ ငါလဲတစ်နေကုန်အားနေတယ် မင်းဆိုင်က ဘယ်မှာတုန်းဟ ..........
အရင်ကတော့ မြို့ထဲမှာပဲစားမလို့ကွ အခုတော့စိတ်ပြောင်းသွားပြီ ဘုရင်နောင့်လမ်းဆုံမှာ ဆင်ဖြူတော်ရှိတယ် အဲဒီကိုသွားကြမယ်.....
တိုက်ဆိုင်ချင်တော့ ၀ိုင်းငယ်ကလဲ ရှစ်မိုင်ဂျမ်းရှင်းအိပ်မှာ ဈေးဝယ်ရင်း ဘုရင်နောင်လမ်းဆုံမှ မြန်မာထမင်းဆိုင်သို့ သွားရန်သူငယ်ချင်းများ
ပြောထားပြီဖြစ်နေသည် ကိုကိုမောင်နဲ့နေမင်းတို့ ဆိုင်ထဲရောက်ပြီးသိမ်မာကခင်မှာပဲ သဇင်နှင့်ဝိုင်းငယ်တို့က ၀င်လာလေသည် ရေကန်အ
သင့်ကြာအတင့်ဖြစ်လေပြီ မျှော်လင့်မထားပါပဲ ဆုံဆည်းမူ့လေးအတွက် ကိုကိုမောင်ပီတိဖြစ်ရသလို နေမင်းကလဲကိုကိုမောင်နှင့် ဒီနေ့
လိုက်လာရတာ ကံကောင်းသည်ဟု တွေးမိသည် သဇင်ရဲ့အလှနေမင်းမြင်လိုက်ရတော့ ရင်တွေခုံ (ခုန်)လာရသည် သူ့ဘ၀မှရင်ခုံတာ ဒါ
ပထမဦးဆုံးဖြစ်ခဲ့သည်ပေါ့ ဆိုင်မှစားပွဲထိုး ကောင်မလေးကိုခေါ်လိုက်ကာ အဲဒီဝိုင်းအတွက်နေမင်းက သူပိုက်ဆံရှင်းပေးမယ်ပေါ့ စားသောက်ပြီး
ဝိုင်းငယ်က ငွေရှင်းမယ်လုပ်တော့ ရှင်းပြီးသွားကြောင်းကို ဆိုင်ကကောင်မလေးက ပြောပြတော့ ၀ိုင်းငယ်လဲစိတ်တိုကာ ထိုင်ရာမှထသွားပြီး .........ဆက်ရန်
Thursday, March 13, 2008
အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့
စာရေးသူ - ညီထွဋ် အချိန် - 1:25 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment