အပိုင်း ( ၆ )
ရှင်တို့ဒါဘာသဘောလဲ ပိုက်ဆံတော်တော် ပေါနေကြတယ်ပေါ့လေ တွေ့တဲ့လူတိုင်း ဒီလိုပဲကျွေးနေကြပေါ့ ..........
အဲဒီလိုမဟုတ်ပါဘူး အမကကျွန်တော်ကို မမှတ်ဘူးထင်တယ် ကျွန်တော်ဒုရဲအုပ်နေမင်းပါ အမနဲ့ရင်ပြင်မှ တစ်ခါတွေ့ဘူးတယ်လေ ခင်မင်
မူ့အရပါ အဲဒီလိုတော့ မထင်ပါနဲ့နော် ကျွန်တော်ကပဲ တောင်းပန်ပါတယ်နော် ..........
အော် ........... မှတ်မိပါပြီ ကိုနေမင်းကယူနီဖေါင်းနဲ့မဟုတ်တော့ ပုံပြောင်းနေလို့ပါ ရပါတယ်ရှင် ..........
အချိန်ရမယ်ဆိုရင် ခဏလောက်ထိုင်ကြပါလား ကျွန်တော်သူငယ်ချင်းနဲ့လဲ မိတ်ဆက်ပေးချင်လို့ပါ ဒါနဲ့အမနာမည်လေး ပြောပြပါလား ...
ခဏလောက်ထိုင်ပါလို့ ဖေါ်ရွေစွာပြောနေတာကြောင့် သဇင်နှင့်ဝိုင်းငယ်ထိုင်လိုက်ပြီး နေမင်းကမ်းပေးသော အအေးဘူးကို သောက်ရင်းက........
အချိန်တော့သိပ်မရဘူးနော် ပြောစရာရှိရင်တော့ မြန်မြန်ပြောပါ ...........
မနဲ့မ၀ိုင်းငယ်သူငယ်ချင်းနဲ့လဲ မိတ်ဆက်ပေးပါအုံးဗျ ...........
ရပါတယ်ရှင် သူ့နာမည်က သဇင်ပါ ...........
ဟုတ်ကဲ့ပါ အခုလိုသိရတာ ၀မ်းသာပါတယ် ကျွန်တော်နာမည် နေမင်းပါ ဒါကတော့ ကျွန်တော်သူငယ်ချင်း ကိုကိုမောင်ပါ ........
ဟုတ်ကဲ့ရှင့် တွေ့ရတာ ၀မ်းသာပါတယ် .............
ကိုနေမင်းရေ ငယ်လေးတို့လဲ အချိန်မရတော့ဘူး ပြန်တော့မယ်နော် နောက်တွေ့ရင်လဲ ခေါ်နိုင်ပါတယ် ဒါနဲ့ကိုကိုမောင်ကို ငယ်လေးသိနေ
သလိုပဲ ကိုကိုမောင်က ဘယ်မှာနေတာလဲ .........
အော် .......... ကျွန်တော်က ချော်တွင်းကုန်းမှာနေတာပါ အရင်တုန်းကတော့ ကျွန်တော်လဲ ငယ်လေးကိုသိပါတယ် ငယ်လေးကသာမ
မှတ်မိတော့တာပါ ..........
အရင်ကမမှတ်မိပေမဲ့ အခုတော့ မှတ်မိပြီလို့ သဘောထားပေါ့ရှင် ......... ငယ်လေးတို့သွားတော့မယ် ........
ဝိုင်းငယ်နဲ့သဇင်ထသွားရာ သဇင်၏ပိုက်ဆံအိပ်က စားပွဲပေါ်တွင်ကျန်နေခဲ့တာကို သဇင်တစ်ယောက်မသိလိုက်ပါ နေမင်းလိုက်ပေးတော့
ဝိုင်းငယ်နှင့်သဇင်ကို မတွေ့တော့တာကြောင့် နေမင်းသိမ်းထားလိုက်လေသည် ပိုက်ဆံအိပ်ကိုဖွင့်ကြည့်တော့ အထဲမှာသဇင်ဓါတ်ပုံနှင့်ဖုန်း
စာအုပ်ကို နေမင်းတွေ့လိုက်သည် နေမင်းကတော့ သဇင်ကို သဘောကြသွားတာကြောင့် ချက်ချင်းမပေးမိတာ သူ့အတွက်တော့ မဟာအ
ခွင့်အရေးကြီးပေါ့ ညနေပိုင်း သဇင်မိပြန်ရောက်တော့ ပိုက်ဆံအိပ်ကိုသတိထားမိပြီး ပြန်ကြည့်တော့ မရှိတော့ပါ ဒါနဲ့ဝိုင်းငယ်ဆီကိုဖုန်းဆက်တော့
ဝိုင်းငယ်ကားထဲမှာလဲ ပိုက်ဆံအိပ်မကျန်ကြောင်းပြောပြတော့ သဇင်စိတ်မကောင်းဖြစ်ရသည်လေ ညပိုင်းမှာတော့ နေမင်းကဖုန်းဆက်ပြီး
မနေ့ကပိုက်ဆံအိပ်ကျန်ခဲ့ကြောင်း မနက်ဖြန်တွင်ဘယ်နေရာမှာ လာပေးရမည်ကြောင်းကို ပြောလိုက်တော့ သဇင်ကလဲလာပေးရမည့်နေ
ရာကို နေမင်းအားပြောပြလိုက်တော့၏ ........... ဆက်ရန်
Thursday, March 13, 2008
အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့
စာရေးသူ - ညီထွဋ် အချိန် - 1:27 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment