Thursday, March 13, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၇ )

သဇင်က ၇ မိုင်မှာနေသောကြောင့် နေမင်းအား အင်းလျားကန်ဘောင်ပေါ်သို့ ချိန်းလိုက်လေသည် နံနက် ၈ နာရီမှာတော့ နေမင်းရောက်
လာလေသည် သဇင်အားပိုက်ဆံအိပ်ပြန်ပေးလိုက်ပြီး .............

ကျွန်တော်မနေ့က လိုက်ပေးသေးတယ် မသဇင်တို့က သွားတာမြန်လိုက်တော့ မမှီင်္လိုက်ဘူး အဲဒီမှာပိုက်ဆံအိပ်ကို စစ်ကြည့်လိုက်နော်

ရပါတယ်ကိုနေမင်းရယ် ရဲအုပ်တစ်ယောက် သူများပစွ့ည်းမခိုးဘူးဆိုတာ ယုံပါတယ်နော် ........

ဒါနဲ့သဇင်ဘာစားခဲ့လဲ ကျွန်တော်ကတော့ အိပ်ယာထနောက်ကျနေတာနဲ့ ဘာမှမစားရသေးဘူး တစ်ခုခုသွားရအောင်နော် ..........

ဟုတ်ကဲ့ ကောင်းပါတယ် ကိုနေမင်း သဇင်လဲဘာမှမစားရသေးပါဘူး ဒီနေ့သဇင်ကပဲ ကျွေးပါရစေနော် ကိုနေမင်းက ဘာစားချင်တာလဲ ..

သဇင်ကရော ဘာစားချင်လို့လဲ ကျွန်တော်ကတော့ လှည်းတန်းဈေးနားက ပေါက်ဆီဆိုင်ရှိတယ်လေ လဘက်ရည်လည်းကောင်း
ပေါက်ဆီလဲ အရန်းကောင်းတယ် အဲဒါသွားစားမယ်လို့ စိတ်ကူးလာတယ် ........

ဟင် .......... ဒါဆိုကိုနေမင်းက ကြိုတင်ပြင်ဆင်လာတာပေါ့ ဟုတ်လား ...........

ဟာ.....အဲဒီလိုလဲမဟုတ်ပါဘူး စောစောကမှအတွေးဝင်သွားလို့ပါ ......... ဟဲ ဟဲ

နေမင်းပြောသာပြောရပေမဲ့ စိတ်ကတော့မလုံမလဲဖြစ်နေသည် စတွေ့ကထဲက သဇင်ကိုစိတ်ဝင်စားနေတဲ့ နေမင်းတစ်ယောက်အခုတော့
သဇင်နဲ့ထိပ်တိုက်တွေ့တော့ ဘာပြောရမှန်းမသိအောင် တွေဝေနေသည် ........

ကိုနေမင်း ဘာတွေစဉ်းစားနေတာလဲ သဇင်ကြည့်နေတာကြာပြီ ဘာမှလဲမမှာသေးပါလား ..........

အော် .......... ဟုတ်ကဲ့ ဆောတီးနော် .........

နေမင်းနှင့်သဇင်တို့ စားသောက်ပြီး ဆိုင်ထဲမှပြန်လည်ထွက်သွားသည် လှည်းတန်းဈေးရှေ့တွင် စံပါယ်ပန်းတွေတွေ့တာကြောင့် နေမင်းက
သဇင်အားပန်းတွေလက်ဆောင်ဝယ်ပေးကာ သဇင်အားလိုက်ပို့ပေးလိုက်သည် သဇင်တစ်ယောက်ကတော့ နေမင်းကိုနူတ်ဆက်ကာအိမ်
ထဲသို့ဝင်သွားလေသည် ဒီနေ့အဖို့တော့ နေမင်းတို့ဘ၀သာယာခဲ့ပြီပေါ့ နေမင်းကသူ့ရဲ့အောင်မြင်မူ့ကို ကိုကိုမောင်အားဖုန်းဆက်ကာကြွား
လိုက်သေးသသည် ............

ကိုကိုရေ ငယ်လေး လာမည့်မန်းဒေးမှာ အစည်းအဝေးရှိတယ် အဲဒါကိုကိုလိုက်မှာလား ငယ်လေးကတော့
ကိုကိုလိုက်ခဲ့ရင် ပိုကောင်းမယ်ထင်ပါတယ် ............

ဒါနဲ့ညီမလေးက ဘယ်အချိန်သွားမှာလဲ မန်နေးဂျင်းဒါရိုက်တာကို ငယ်လေးပြောထားသလား ..........

ဟုတ်ကဲ့ပြောထားပါတယ် ငယ်လေးက ကိုကိုပါလိုက်လာမယ်လို့ ပြောထားလိုက်တယ် အစည်းအဝေးကတော့ ၉ နာရီပါ .............

ကောင်းတယ်လေ ကိုကိုလဲလွမ်းကို မှာထားလို့ရတာပေါ့ ဟုတ်ပြီနော်ကိုကိုလိုက်ပေးမယ် ငယ်လေးလာ ကော်ဖီသောက်မယ် .......

မောင်နှမနှစ်ယောက် ကော်ဖီသောက်ရင်း လုပ်ငန်းများတိုင်ပင်နေ၏ ထိုအချိန်တွင် အန်ကယ်ဦးအောင်မြင့်ရောက်လာကာ ခြံဝတွင်ပန်း
စီးတစ်စီးတွေ့ကြောင်းပန်းစီးတွင် သမီးငယ်နာမည်ပါကြောင်းပြောကာ ပြန်ထွက်သွားတော့သည် ညီထွဋ်မှာတော့ ညီမဖြစ်သူကိုကြည့်ကာ
ပြုံးပြလိုက်လေသည် ညျီဖြစ်သူက မျက်စောင်းလေးထိုးကာ ........ ကိုကိုဘာပြုံးတာလဲဆိုတဲ့သဘောပေါ့ .......ဆက်ရန်

No comments: