အပိုင်း ( ၈ )
ကိုကိုရေ ပြီးသွားပြီလား .....................
ညီမလေး ကော်ဖီသောက်ရင်း စောင့်နေမယ်နော် ..............
ကောင်းပါပြီ ညီမလေးရေ ကိုကိုဆင်းလာခဲ့မယ် ဒီမှာလွမ်းကိုဖုန်းဆက်ပြီး မှာစရာရှိတာတွေ မှာနေလို့ပါ .........
အန်ကယ်ဦးအောင်မြင့်ရေ သမီးတို့အတွက် ဘာတွေရှိလဲ သမီးဗိုက်ဆာပြီ ခဏနေရင် ကိုကိုလဲဆင်းလာမယ်နော် ..........
အန်ကယ်စီစဉ်ထားပြီးသာပါ သမီးရယ် လာဒီမှာထိုင် သမီးအကြိုက် သမီးကိုကိုအကြိုက်တွေပါပဲ ...........
အန်ကယ်လဲ ထိုင်လေ တစ်ခါတည်းစားကြရအောင် ခဏလေးသမီးရေ အန်ကယ်လာမယ် ဒီမှာစွပ်ပြုတ်ပူပူလေး လုပ်ထားတယ် ......
အိုဟို အန်ကယ်ကတော့ တကယ်ကို လက်စွမ်းပြနေတော့တာပဲ ဖေဖေနဲ့မေမေသာရှိရင် အန်ကယ်လက်ရာတွေကို စားရမှာသေချာတယ်
ပြောမနေပါနဲ့တော့ သမီးငယ်ရယ် အန်ကယ်လဲ အန်ကယ်ညီမကို အခုအချိန်အထိ သတိရနေတုန်းပါ ကဲကဲ စားကြစားကြနော်..........
တူကြီးသုံးယောက်စားသောက်ကာ အိမ်မှထွက်ရန်ပြင်ဆင်ကြလေသည် .........
အန်ကယ် သားတို့သွားတော့မယ်နော် ...........
အေးကွယ်ကောင်းပါပြီ ကားကိုသေချာမောင်းကြနော် မလောကြနဲ့ဟုတ်ပြီလား ............
ကုန်သည်ကြီးများဟိုတယ်သို့ ညီထွဋ်နဲ့ဝိုင်းငယ်တို့ နံနက် ၈ နာရီ ၄၅ မိနစ်တွင်ရောက်သွားပြီး ဧည့်ခန်းတွင်ထိုင်နေကြသည် ကိုပိုင်နှင့်
အတွင်းရေးမှူးမလေး ရွှေဖြိုးတို့ရောက်လာကာ ညီထွဋ်နှင့်ဝိုင်းငယ်တို့အား ကုန်သည်ကြီးများအသင်း ရှယ်ယာဝင်အဖြစ်ကြိုဆိုကြောင်း
ပြောကာကော်ဖီသောက်ရင်း စကားပြောနေကြသည် သူတို့လေးယောက် ထသွားတော့မည်အလုပ်မှာ ဦးကကြီးနှင့်အတွင်းရေးမှူးမလေး
မနှင်းဆီတို့ပါ ရောက်လာတာကြောင့် အားလုံးအစည်းအဝေး ခန်းမဆောင်သို့ သွားလေတော့သည် ၉ နာရီအတိတွင် အစည်းအစေစကာ
၁ နာရီကြာအစည်းအဝေးလုပ်ကြသည် ...........
အစည်းအဝေးတွင် ညီထွဋ်နဲ့ဝိုင်းငယ်တို့မောင်နှမက ရှယ်ယာဝင်အားလုံး၏ ၅၀ ရာခိုက်နူန်းကို ၀ယ်ယူမည်ဖြစ်ကြောင်း ပြောကြားလိုက်ပြီး
ကိုပိုင်နှင့်ဦးကကြီးတို့က ရှေ့ဆက်ရမည့် လုပ်ငန်းများကိုရှင်းပြကာ နေ့လည်စာကိုတော့ စခန်းသာဟိုတယ်တွင် စားသောက်ရန် ညီထွဋ်
ကနေဖိတ်ကြားလိုက်သည် အားလုံးပဲ ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ် ခဏနေရင်ကျွန်တော်ညီလေး ဒီကိုလာပါမယ် ဒီနေ့ကိုတော့
ကျွန်တော်ကပဲ ငွေရှင်းပါရစေနော် ကိုညီကနောက်တစ်ခါပေါ့ဗျာ ဦးကကြီးက ကိုပိုင်စကားဝင်ပြီး ထောက်ခံလေသည် စခန်းသာဟိုတယ်
ဧည့်ခန်းသို့ ကိုကိုမောင်ရောက်လာလေသည် ဧည်ကြိုမလေးများက ကိုကိုမောင်အား ဗီအိုင်ပီခန်းသို့လိုက်ပို့ပြီး နူတ်ဆက်ကာ ပြန်ထွက်
သွားတော့သည် ..............
ညီလေးလာကွာ ............
ဟုတ်ကဲ့ပါ ကိုလေး .................
ဟုတ်ကဲ့ပါ ကိုလေးလို့ပြောလိုက်တော့ ဒီအသံကိုကြားဘူးတာကြောင့် ၀ိုင်းငယ်လှည့်ကြည့်လိုက်ပြီး ............
ဟင် ............ ကိုကိုမောင်က ကိုပိုင်ညီလေးပေါ့လေ ..........
ဟုတ်တယ်ကွ ဒါနဲ့မ၀ိုင်းငယ်က ကျွန်တော်ညီကို သိနေတယ်ပေါ့လေ အတော်ပါပဲဗျာ အထူးမိတ်ဆက်စရာ မလိုတော့ဘူးပေါ့ ......
ဒါနဲ့မ၀ိုင်းငယ်လဲ အကိုလေးနဲ့ သိနေတယ်ပေါ့လေ ကျွန်တော်ကို အကိုလေးတစ်ခါမှ မပြောဘူးပါဘူး ........
ကဲညီလေး မင်းကိုမိတ်ဆက်ပေးရမယ် ဒါကအခုမှအသစ်ဝင်လာတဲ့ ရှယ်ယာဝင်တွေ ဟိုဘက်က အကိုက ကိုညီထွဋ်ပါ မ၀ိုင်းငယ်ရဲ့
အကိုပေါ့ မ၀ိုင်းငယ်ကတော့ သိပြီးသားဖြစ်နေလို့ မိတ်ဆက်ဖို့ မလိုတော့ဘူးပေါ့နော် .........
ဟုတ်ကဲ့ပါ ကိုညီထွဋ် ကျွန်တော်နာမည် ကိုကိုမောင်ပါ တွေ့ရတာ ၀မ်းသာပါတယ် ညီတစ်ယောက်လို အမြင်မတော်တာရှိရင်
ဆုံးမနိုင်ပါတယ် .........
ကျွန်တော်ညီက နောက်ပိုင်းမှာ ကျွန်တော်အစားလုပ်ငန်းတွေကို ဦးစီးပြီးလုပ်ဆောင် ပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ရှယ်ယာတွေကို
အဓိကထားမတွေးပဲ ညီအကိုမောင်နှမရင်းသဖွယ် လုပ်ဆောင်သွားကြမယ်နော် ...........
ကောင်းပါတယ် ကျွန်တော်ကလဲ ရှယ်ယာဝင်ထားပေမဲ့ ငယ်လေးကပဲ လုပ်သွားမှာပါ လိုအပ်မှသာဒီကိုလာဖြစ်မှာလေ လူငယ်တွေကို
မျက်စိဖွင့်ပေးကြတာပေါ့ ဦးကကြီးလဲရှိနေတာပဲနော် အတတ်နိုင်ဆုံအမှားနည်းမှာပါ .........
ကဲစားကြရအောင်ဗျာ ...... အစားအသောက်တွေလဲ အဆင့်သင့်ဖြစ်ကုန်ပြီ .......... ဆက်ရန်
Thursday, March 13, 2008
အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့
စာရေးသူ - ညီထွဋ် အချိန် - 5:39 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment