Thursday, March 13, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၉ )

အားလုံးစားပြီးပြန်သွားပေမဲ့ ကိုကိုမောင်ကတော့ ၀ိုင်းငယ်နဲ့တွဲပြီးအလုပ်လုပ်ရမည်ကို ပျော်ရွှင်နေသည် အကိုဖြစ်သူနဲ့လိုက်သွားပြီးလုပ်
ငန်းစဉ်တွေကို မနက်ဖြန်ကစပြီး လေ့လာမည်ဖြစ်ကြောင်း တက်ကြွစွာပြောနေတာကြောင့် ကိုပိုင်ပင်အံသြရလောက်အောင် ဖြစ်ရသည်
ကိုကိုမောင်တစ်ယောက် ကိုပိုင်နှင့်တစ်နေကုန် ကုန်သည်ကြီးများဟိုတယ်တွင် အချိန်ကုန်ခဲ့လေပြီဖြစ်သည် ..........

ငယ်လေးရေ ကိုကိုကိုယ်ပြောပါအုံး ကိုကိုမောင်နဲ့ ဘယ်လိုသိတာလဲ ............

ဒီလိုကိုကိုရဲ့ ................

ဝိုင်းငယ်ကသူနဲ့ကိုကိုမောင်တို့ စတင်ဆုံဆည်းပုံကို ပြောပြလိုတော့၏ ညီထွဋ်ကတော့ ညီမလေးရဲသဘောကို သိနေတာကြောင့်ဘာမှမ
ပြောပါ ညီမဖြစ်သူကိုအိမ်ပြန်ပို့ပြီး ညီထွဋ်က သူ့ရုံးတည်ရှိရာ မြေနီကုန်းသို့သွားတော့သည် မြေနီကုန်းရောက်တော့ လွမ်းလိုင်းရှိရာမော်
တင်သို့ လာမည်ဖြစ်ကြောင်းဖုန်းဆက်လိုက်လေသည် ...........

ဟယ်လို .......... နေမင်းရေ ငါဒီနေ့ ဘယ်သူနဲ့တွေ့ခဲ့တယ်လို့ မင်းထင်လဲ ...........

မင်းပြောမှသိတော့မှာပေါ့ ကိုကိုမောင်ရယ် ဒီလောက်မိုရလာရင်တော့ ၀ိုင်းငယ်နဲ့ဆုံခဲ့ပြီထင်တယ် ...........

မှတ်တာပေါ့ သူငယ်ချင်းရယ် သူဒီနေ့ ငါတို့ Companyမှာ ရှယ်ယာလာဝင်တယ်ကွ ဒီနေ့ငါ့အကိုကလဲ သူနဲ့မိတ်ဆက်ပေးတယ်လေ ......

မင်းလိုပဲငါလဲပြောရအုံးမယ် သဇင်နဲ့အဆင်ပြေသွားပြီ မနေ့က ဂျူတီအားတာနဲ့ သဇင်ကိုချိန်းပြီ မင်္ဂလာရုံမှာ ရုပ်ရှင်သွားကြည့်ဖြစ်တယ်
သဇင်က အရန်းချစ်စရာကောင်းတယ်ကွာ အလိုက်လဲသိလိုက်တာ ပြောမနေပါနဲ့တော့ကွာ ...........

ကောင်းတယ်ကွာ ဒုရဲအုပ်နဲ့အင်ဂျင်နီယာ လိုက်တယ်ဟေ့ ဟား ဟား .........

လိုက်တာကအရေးမကြီးပါဘူးကွာ ငါလာမည့်အပတ်မှာ တောင်ကြီးကို ပြောင်းရမယ် ငါတို့နှစ်ယောက်ခွဲရမဲ့အရေး တွေးပူနေရတယ်.....

မင်းကလဲကွာ တောင်ကြီးရောက်လို့ အထိုင်ကြတော့လဲ သဇင်ကို လက်ထပ်ခွင့်တောင်းပေါ့ အဆင်ပြေမှာပါကွာ ........

တီ.......တီ..........တီ......... အိမ်ရှေ့ကားဟွန်းသံကြောင့် နေမင်းရေ နောက်မှပြန်ဆက်တော့မယ်ကွာ ဖေဖေနဲ့မေမေ ပြန်လာပြီ ......

ဦးခိုင်လင်းနှင့်ဒေါ်နွယ်နီတို့ ပြင်ဦးလွင်မှ ပြန်လည်ရောက်ရှိခဲ့ပါပြီ ပါလာသောပစွ့ည်းမျာကို ခြံအလုပ်သမားများကို သိမ်းခိုင်းပြီး သားဖြစ်သူ
ကိုခေါ်ကာအိမ်ထဲဝင်သွားတော့သည် ဦးခိုင်လင်းနှင့်ဒေါ်နွယ်နီမှာ မမောနိုင်မပန်းနိုင်ပါ သားဖြစ်သူကိုမြင်လိုက်တယ်ဆိုရင်ပဲ ......

သားရေ ဒီနားကိုလာပါအုံးကွယ် မင်းလဲနော် မေမေတို့ကို ခွဲသွားလိုက်တာ ၁၀ နှစ်နီးပါးပဲနော် အခုတော့မင်းပြန်လာတာကို ဒေါ်မီးမီးဖုန်း
ဆက်လို့ မေမေတို့သိရတယ် မင်းကိုယ်တိုင်ဘာလို့ မေမေတို့ကို မဆက်တာလဲ ပြောစမ်းပါအုံး .......

ကဲပါနွယ်ရယ်သားကို စိတ်ညစ်အောင်မလုပ်ပါနဲ့ .........

မဟုတ်ရပါဘူး ကိုလင်းရယ် နွယ်ကသားကိုလွမ်းလွန်းလို့ပါ သားအသံကိုကြားရတော့ အားရှိတာပေါ့ရှင် .........

ဖေဖေနဲ့မေမေထင်သလို မဟုတ်ပါဘူး သားကပြန်ရောက်ထဲက ဆက်မလို့ပါ တော်ကြာဖေဖေနဲ့မေမေ အလောသုံးဆယ် ပြန်လာမှာ
စိုးလို့ပါ သားကစေတနာနဲ့ပါနော် ........

ကိုကိုမောင်ဟာမိခင်နှင့်ဖခင်ကြားမှာ ၀င်ထိုင်ကာ ကလေးတစ်ယောက်လို စကားပြောနေတော့ မိခင်ဖြစ်သူဒေါ်နွယ်နီမှာ ပီတိဖြစ်ရသလို
ဖခင်ဖြစ်သူ ဦးခိုင်လင်းမှာလဲ ၀မ်းသာရပြီပေါ့ ခဏနေတော့ ဒေါ်မီးမီးက အအေးလာချပေးတာကြောင့် ဒေါ်နွယ်နီဟာခေါင်းကိုက်နေတာ
ကြောင့် ဒေါ်မီးမီးကို ကော်ဖီဖျော်ပေးရန် ပြောလိုက်ပြီး ဧည့်ခန်းတွင် နားနေလိုက်တော့သည် ဖခင်ဖြစ်သူဦးခိုင်လင်းကတော့ အအေးမော့
သောက်ရင်းက သားဖြစ်သူရဲ့ရှေ့ဆက်မဲလုပ်ငန်းတွေကို မေးနေလေသည် .......... ။

ဖေဖေရေကိုလေးပြန်လာပြီ အတော်ပဲဖေဖေမေးတာတွေ ကိုလေးရှင်းပြလိမ့်မယ် ............

ဘာဖြစ်လို့တုန်းသားရဲ့ ...........

သားကအကိုလေးရဲလုပ်ငန်းတွေကို နောက်ပိုင်းလုပ်ပေးရတော့မယ်လေ သားကိုလေးကို ကတိပေးလိုက်ပြီ .........

ကောင်းတယ်ကွာ မင်းတို့တွေအခုလိုချစ်ခင်နေတာ ဖေဖေကတော့ ၀မ်းသာတယ် ...........

ဟော .........ဖေဖေနဲ့မေမေ ပြန်ရောက်ပြီပေါ့ .........ဒေါ်မီးမီးရေ ကျွန်တော်ကို ရေအေးအေးလေး ပေးပါအုံးနော် ......

ဘယ်နဲ့လဲဖေဖေနဲ့မေမေ မောလာပြီမို့လား နောက်ပိုင်းမှာဖေဖေနဲ့မေမေ နယ်မှရှိတဲ့စီးပွါးရေးတွေကို ရပ်လိုက်ပါတောနော် သားတို့နှစ်
ယောက်ရှိနေပြီပဲ မကြာခင်မှာ မမကြီးလဲပြန်လာတော့မယ်လေ နားလိုက်တော့နော် ...........

ဖေဖေသားလဲရေသွားချိုးတော့မယ်နော် ဖေဖေတို့လဲအေးဆေးနားကြတော့နေည် ညီလေးမင်းကရော
အလုပ်အတွက် အဆင့်သင့်ဖြစ် ဖြစ်ပြီလား ဖြစ်ရင်ပြောနော် ..........ဆက်ရန်

No comments: