Thursday, March 13, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁၀ )

ကိုကိုမောင်ရေ စင်ကာပူကို ပို့ရမဲ့ကုန်သေတ္တာတွေကို သွားစစ်ရအောင် ဟိုမှာအားလုံးအဆင်သင့် ဖြစ်နေကြပြီ ..........

သွားကြမယ်လေ စောစောက အကိုလေးကလဲဖုန်းဆက်တယ် အခုကျွန်တော်လဲ ၀ိုင်းငယ်ကို လာခေါ်မလို့ လာသွားကြမယ် .........

ကိုကိုမောင်နှင့်ဝိုင်းငယ်တို့ပို့ရမည်ပစွ့ည်းများကို သီလ၀ါဆိပ်ကမ်းတွင် သွားရောက်စစ်ဆေးပြီး အပြန်မှာတော့ ရန်ကုန်ဆိပ်ကမ်းမှ ၀င်လာ
သောဂျပန်မှကားများကို သွားရောက်ကြည့်ရူ့ပြီး ထုတ်လို့ရမည့်ကားများကို ချက်ချင်းထုတ်လာကာ စမ်းချောင်းမြောင်းမြလမ်းသို့ ပို့ပေးပြီး

ကိုကိုမောင် အချိန်အတော်စောင်းပြီ ၀ိုင်းငယ်ဗိုက်ဆာတယ် တစ်ခုခုသွားစားရအောင်နော် .........

ကောင်းတယ်လေ သွားကြတာပေါ့ ကျွန်တော်လဲဗိုက်ဆာနေတာ အတော်ပဲပေါ့ လာစွားစို့ ............

ကိုကိုမောင်နှင့်ဝိုင်းငယ်တို့နှစ်ယောက် မြေနီကုန်းမှ တာတူးဒန်ပေါက်ဆိုင်သို့သွားကာ ဒန်ပေါက်သွားစားကြပြီး ............

ဘယ်လိုလဲ မ၀ိုင်းငယ် ကျွန်တော်နဲ့အတူ အလုပ်တွေလုပ်ရတာ အဆင်ပြေပါတယ် မကြိုက်တာအဆင်မပြေတာရှိရင် ပြောပါနော် ......

ဘာမှမရှိပါဘူး ကိုကိုမောင်ရယ် အားလုံးက အဆင်ပြေတယ်လေ ဒါနဲ့မေးရအုံးမယ် အရင်တုန်းက ကိုကိုမောင်နဲ့ဝိုင်းငယ်တို့
ဆုံခဲ့ဘူးတယ်နော် နောက်ပိုင်းဘယ်ကိုရောက်သွားတာလဲ ၀ိုင်းငယ်ကို ပြောပြနော် ..........

ဝိုင်းငယ်က တကယ်ပဲနားထောင်မယ်ပေါ့လေ ဒါဆိုရင်လဲ ပြောပြပေးပါမယ် ပထမနှစ်စတက်တုန်းက ၀ိုင်းငယ်မှတ်မိအုံးမှာပေါ့နော် အမှန်
ပြောရရင် ကျွန်တော်အဲဒီအချိန်က ၀ိုင်းငယ်ကို စိတ်ဝင်စားခဲ့သူပါ ဒါပေမဲ့ဝိုင်းငယ်က ကျွန်တော်ထက်အများကြီး ချမ်းသာတယ်လေ ကျွန်
တော်က နယ်ကနေလာပြီး ကျောင်းတက်ရတယ် ပြီးတော့ဖေဖေနဲ့မေမေကလဲ နယ်လှဲ့ပြီးရောင်းဝယ်လေးလုပ်တော့ ကျွန်တော်က၀ိုင်းငယ်
ကို စိတ်ဝင်စားနေပေမဲ့ မပြောရဲတာကြောင့် ကျွန်တော်မ၀ိုင်းငယ်ကို ရှောင်နေခဲ့တာပါ နောက်ပိုင်းကျောင်းပြီးတော့ ကျွန်တော်လဲမေမေကို
ပြောပြီး နိုင်ငံခြားသင်္ဘောလိုက်ခဲ့တာပဲ ပြောရရင်တော့ ကျွန်တော်ချစ်သူကို အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့ ကျွန်တော်မထားနိုင်
တာကြောင့် အခုလိုစွန့်စားခဲ့တယ် ဆိုပါတော့ဗျာ ဒါနဲ့မ၀ိုင်းငယ်ကရော ပြင်သစ်ကို ဘယ်အချိန်တုန်းက စထွက်သွားတာလဲ .........

ဝိုင်းငယ်စထွက်သွားဖြစ်တာက ပြောရရင်တော့ အရှည်ကြီးပဲ အခုတော့ အချိန်မရတော့ဘူး ကဲသွားကြမယ် နောက်နေ့မှ ပြောပြမယ်နော် ....ဆက်ရန်

No comments: