Thursday, March 13, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁၁ )

ငယ်လေးရေ ပြန်လာပြီလား တော်တော်မောလာသလားကွယ် ............

မမောပါဘူး ကိုကိုရယ် ကားမောင်းရတာတော့ ပင်ပန်းတာပေါ့နော် ဒီနေ့အန်ကယ် ဘာချက်ထားသေးလဲ ဗိုက်ဆာလိုက်တာကိုကိုရယ်

ဖြစ်ရမယ် ဒီကလေးက ပြန်ရောက်တာနဲ့ဗိုက်ဆာတာပဲ လာဒီမှာ လိမ်မော်ရေးအေးအေးလေး အရင်သောက်လိုက်နော် .........

အန်ကယ်ဦးအောင်မြင်ရေ ဒီမှာအန်ကယ်တူမ ပြန်ရောက်လာပြီ ဗိုက်ဆာလို့တဲ့လေ .............

သမီးငယ်ရေ စားမယ်ဆိုရင်တော့ စားလို့ရပြီနော် ဒီနေ့အန်ကယ်က ဂျပန်အစားအစာလုပ်ထားပေးတယ် ..........

အိုကေ ဒါဆိုငယ်လေးရေသွားချိုးမယ် ခဏစောင့်ကြနော် ပြီးတော့အန်ကယ်နဲ့ကိုကိုကိုယ်လဲ ပြောစရာရှိတယ် ..........

မောင်ညီထွဋ် မင်းရောရေချိုးတော့လေ တော်ကြာသမီးငယ်က ဗိုက်ဆာတာပြန်စောင့်နေရမယ်

ဟုတ်ကဲ့ပါ ကျွန်တော်အခုပဲသွားချိုးတော့မယ် .........

ဦးအောင်မြင့်ကတော့ တူနှင်တူမအတွက် စားသောက်စရာများစီစဉ်ပေးကာ ထမင်းစားခန်းတွင် ဘီယာသောက်ရင်း စောင့်နေလေသည်
လူပျိုကြီးဘ၀နှင့် တူနှင်တူမကို စောင့်လျှောက်ခဲ့သည်မှာ ၀ိုင်းငယ်တစ်သက်ပင်ဖြစ်သည် ညီထွဋ်က အန်ကယ်ပြင်းနေပါ့မယ် အိမ်ထောင်
ပြုပါလို့ပြောတော့လဲ တူနှင့်တူမကို စိတ်မချတာကြောင့် အိမ်ထောင်မပြုခဲ့ပါ ဒါကြောင့်လဲညီထွဋ်က အန်ကယ်ဦးအောင်မြင့်ကို လိုလေ
သေးမရှိအောင် ထားခဲ့သည် ................

အန်ကယ်ရေ ငယ်လေးဆင်းလာပြီလား ...............

မလာသေးဘူး မောင်ညီထွဋ်ရေ ခေါ်ကြည့်ပါအုံး ..............

ငယ်လေးရေ .......... ငယ်လေး ဗိုက်ဆာတယ်ဆို မြန်မြန်လုပ်လေ .............

ဟုတ်ကဲ့ပါ ကိုကို ငယ်လေးအခုဆင်းလာပါပြီ ............

ကဲကဲ လာထိုင်ကြ အန်ကယ်နောက်မှစားမယ်နော် ..................

လာပါအန်ကယ်ရယ် တစ်ခါတည်းပဲ အတူတူစားရအောင်နော် ...........

အန်ကယ်လက်ရာကတော့ တစ်နေ့တစ်မျိုးမရိုးဘူးနော် ကိုကို .........

ဟုတ်ပါညီမလေးရယ် စားကောင်းတယ်ဟုတ် စားစားများများစားနော် ........

တူမဖြစ်သူက ကောင်းကောင်းချီးမွမ်းခန်းဖွင့်နေတာကြောင့် ဦးအောင်မြင့်သဘောတွေ ကျနေလေသည် နောက်နေ့တွင်လဲ ဘာစားမလဲဟု
ဦးအောင်မြင့်က ပေးနေသည် ညီထွဋ်ကလဲ စားချင်တာကို ဦအောင်မြင့်အားပြောလိုက်ပြီး ၀ိုင်းငယ်ကလဲ ထိုနည်းတူပါပဲ စားသောက်ပြီး
ဖြစ်လို့ ၀ိုင်းငယ်က ညီထွဋ်နဲ့ဦးအောင့်မြင့် နူတ်ဆက်ကာ အိမ်ပေါ်သို့တက်သွားတော့ ၀ိုင်းငယ်တစ်ယောက် မှန်တင်ခုံရှေ့တွင် ထိုင်လိုက်
စဉ် ဖုန်းမြည်သံကြောင့် ဖုန်ကိုကောက်ကိုင်လိုက်ပြီး ............

ဟဲလို ......... ကိုကိုမောင် ဘာပြောချင်လို့လဲ ..........

အော် .......... မနက်ဖြန်မနက်ကြရင် နေမင်းနဲ့သဇင်တို့ စေ့စပ်ပွဲရှိတယ် အဲဒါဝိုင်းငယ်သွားမှာလား ..........

သွားရမှာပေါ့ ကိုကိုမောင်ရဲ့ သဇင်က ၀ိုင်းငယ်ရဲ့သူငယ်ချင်းလေ မေ့သွားပြီလား အခုဖုန်းဆက်တာ ဒီအကြောင်းပဲပေါ့လေ
ဒါဆိုရင် ဖုန်းချလိုက်တော့မယ်နော် .............

ဟဲလို ခဏနေပါအုံးဝိုင်းငယ်ရယ် .........

ဘာပြောချင်သေးလို့လဲ .........

အော် ........... ဘာမှမဟုတ်ပါဘူး ဟိုရောက်မှတွေ့မယ်လို့နော် ............

ကိုကိုမောင်ပြောရင်းက ဖုန်းချသွားသည် ၀ိုင်းငယ်ကတော့သိလိုက်ပြီလေ ကိုကိုမောင်အကြောင်းမရှိ အကြောင်းရှာပြီး ဖုန်းဆက်သည်ပေါ့
နောက်တစ်နေ့မှာတော့ နေမင်းနှင့်သဇင်တို့၏ စေ့စပ်ပွဲသို့ ၀ိုင်းငယ်နှင့်ကိုကိုမောင်တို့ ရောက်ရှိခဲ့ပါပြီ ........ ဆက်ရန်

No comments: