Thursday, March 13, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁၂ )

ဝိုင်းငယ်လာ နေမင်းနဲ့သဇင်ကို သွားနူတ်ဆက်ရအောင်နော် ...........

ကိုကိုမောင်ရယ် ရောက်နေတာကို ဘာလို့မ၀င်ပဲ အပြင်မှာစောင့်နေရတာလဲ ............

ဘာမှမဖြစ်ပါဘူး ၀ိုင်းငယ်ရယ် စောင့်နေတာကို မကြိုက်လို့လား ............

အဲဒီလိုလဲ မဟုတ်ပါဘူး တော်ကြာသဇင်တို့က တစ်မျိုးထင်သွားမှာ စိုးလို့ပါ ..........

အဲဒီလိုထင်တော့လဲ ကောင်းတာပဲပေါ့ ၀ိုင်းငယ်ရယ် နားဖေါက်ပြီးသားဖြစ်သွားတာပေါ့ ..........

အောင်မာ လူကိုညာတာပါတေးနဲ့ ရီးစားစကား ပြောနေတာပေါ့ သွားလူလည်ကြီး စကားလာမပြောနဲ့ .........

ဝိုင်းငယ်ကရှက်ပြုံးလေး ပြုံးကာလှည့်ထွက်သွားတော့ ကိုကိုမောင်ရင်ထဲမှာ ကြည်နူးမိသည် ၀ိုင်းငယ်နောက်မှ လိုက်သွားလေပြီး နေမင်း
နှင့်သဇင်တို့အား သွားရောက်နူတ်ဆက်ကြသည် ........

ကိုကိုမောင် မင်းက၀ိုင်းငယ်နဲ့အတူလာတယ်ပေါ့ ပိုင်တယ်ကွာ လုပ်ငန်းကလဲတူနေတော့ မင်းတို့ကအမြန်းဆုံးနီးပြီပေါ့ ..........

မိဝိုင်းငယ် ပြောစမ်းပါအုံး ရှင်ကကိုရွှေမောင်နဲ့အတူလာတယ်ပေါ့လေ ရှင်ပြောတုန်းက ကြည့်မရဘူး အခုတော့ကြည့်လို့ ရသွားပြီလား ...

သဇင်ကလဲကွာ ဘာတွေလိုက်ပြောနေတာလဲ ကြည့်မရပါဘူးနော် သူကလိုက်ကပ်နေလို့ အားနာလို့ပါ ..........

အေးလေထားပါတော့ ငါမယုံပါဘူး (အဲလေ ) ယုံပါတယ် ..... ဟိ ဟိ

ကိုနေမင်းရေ ကိုကိုမောင်ကိုပါ ခေါ်လာလေ ဒီမှာရေခဲမုန့် အတူုစားရအောင် ၀ိုင်းငယ်လာဒီမှာထိုင် ခဏစောင့်နော် .......

သဇင်ကတော့ သူရဲ့စေ့စပ်ပွဲလေးမို့ အရန်းကိုပီတိဖြစ်နေပြီး နေမင်းဆိုတာကတော့ ပြောစရာပင်လိုတော့မည် မထင်ပါ နေမင်းနှင့်သဇင်က
ကိုကိုမောင်အားဘယ်တော့လဲဟု မျက်စပစ်ကာမေးနေတော့ ကိုကိုမောင်ကလဲ ၀ိုင်းငယ်သိသွားမှာစိုးတာကြောင့် မျက်စပစ်ကာသိပ်မ
ကြာတော့ပါဘူးပေါ့ ၀ိုင်းငယ်ကတော့ ဘာပြောရမှန်းမသိဖြစ်ကာ ..........

မိရွှေဇင် မျက်စတွေမျက်နတွေနဲ့ ဘာတွေဖြစ်နေကြတာလဲ နင်တို့နော် ..........

ဘာမှမဟုတ်ပါဘူး ၀ိုင်းရယ် ကိုနေမင်းက ကိုကိုမောင်ကို ရေခဲမုန့်စားလို့ကောင်းလားမေးနေတာပါ ...........

ကဲကဲစားကြစားကြ ဒီနေကျွန်တော် မောင်နေမင်းရဲ့ စေ့စပ်ပွဲလေး အောင်မြင်သွားပြီ မင်္ဂလာဆောင်တော့ တစ်ခါထပ်စားကြပေါ့ကွာ .....

ကောင်းပါပြီဗျာ စားလို့ကလဲ ကောင်းပါ့ဒါပေမဲ့ကြာကြာနေလို့မရတာတော့ ခွင့်လွှတ်ပါနော် ငါတို့လဲသီလ၀ါကို
ပစွ့ည်းတွေ သွားစစ်ပေးရအုံးမယ် ကဲသွားမယ်နော် ရော့ဒီမှာမင်းတို့အတွက် ကိုညီထွဋ်ကလက်ဆောင်ပေးလိုက်တယ် ......

သဇင်ရေ ငါကတော့ မင်္ဂလာဆောင်မှပေးတော့မယ်နော် ........

ရပါတယ်ဟယ် ပြောစရာမလိုပါဘူး မပေးလဲလူလာရင်တော်ပါပြီနော် ဒါနဲ့နင်တို့က ကားတစ်ယောက်စီးဆိုတော့
သီလ၀ါသွားရင် တစ်ကွဲစီသွားရမှာပေါ့ ..............

အစကတော့ ဟုတ်တယ်လေ ငါကသီလ၀ါကို ကားမောင်းရမှာပြင်းလို့ ကိုဦးကိုခေါ်လာတာ အခုတော့ ပြန်လွှတ်လိုက်ပြီ
ကိုကိုမောင်ကားနဲ့ပဲသွားတော့မယ်လေ ..........

ကောင်းတာပေါ့ဟယ် ..........

ဘာကောင်းတာလဲ မရှင်းရှင်းမပြောနဲ့နော် .......

အော် မိရွှေဝိုင်းရယ် ငါကဆီကုန်သက်သာလို့ ကောင်းတယ်လို့ ပြောတာပါ ........ဟိဟိ

ကဲတော်ပြီတော်ပြီ ကိုကိုမောင်သွားကြမယ် တော်ကြာနေက်ကြရင် သီလ၀ါငါးခြောက်ဖြစ်နေမယ် ........

နေမင်းနဲ့သဇင်သွားတော့မယ်နော် ငါပြန်ရောက်လို့အချိန်ရရင် လာခဲ့အုံးမယ်ကွာ ........ဆက်ရန်

No comments: