Thursday, March 13, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁၃ )

ဝိုင်းငယ်ကားပေါ်ရောက်လာတယ်ဆိုရင်ပဲ ကိုကိုမောင်က ၀ိုင်းငယ် ပြင်သစ်ရောက်သွားပုံကို မေးလေသည် ၀ိုင်းငယ်ကလဲ
အေးဆေးတော့ပြောပြမယ်ပေါ့ ညင်းထားရင်းက စကားလမ်းကြောင်းလွှဲလိုက်ပြီး ကိုကိုမောင်အား သူသိချင်တာကို ပြန်မေး
နေပြန်သည် .............

ကိုကိုတို့အမပြန်လာတော့မယ်ဆို မနေ့ကကိုပိုင်ပြောနေသံကြားတယ် မသဇင်က အခုဘယ်မှာလဲ ............

မမက အော်ဇီမှာလေ အခု ၃ နှစ်ပြည့်လို့ ခွင့်ရတာနဲ့ ပြန်လာမှာပေါ့နော် ဒီတစ်ခါပြန်ရောက်ရင်တော့ ပြန်မလွှတ်တော့ပါဘူး .......

ဘာလဲမသဇင်ကို စိတ်မချလို့လား .........

အဲဒီလိုလဲပါတာပေါ့ အိမ်မှာက ဖေဖေနဲ့မေမေလဲ နယ်ကိုမထွက်တော့ဘူးလေ အဲဒါကြောင့် မမကိုလဲအိမ်မှာပဲရှိစေချင်တာပါ ........
အခုဆိုရင် ကိုကလဲအလုပ်ရနေပြီပဲ ကိုပိုင်ကတော့ မမပြန်လာရင် ရွှေဆိုင်ဖွင့်ပေးမယ်လို့ ပြောတာပဲ ကိုပိုင်က အိမ်ထောင်ပြုတော့
မှာလေ သူကမနဒီနဲ့ စေ့စပ်ထားတာ ကြာပြီလေ အခုတော့ မမပြန်လာရင် သူကမနဒီနဲ့ယူတော့မယ်တဲ့လေ သူပြီးတော့ ကို့အလှည့်ပေါ့

သူပြီးတော့ကို့အလှည့်ဆိုတော့ ကိုကိုမောင်ကတွေ့နေပြီပေါ့ ...........

တွေ့နေတာတော့ ကြာပါပြီ ၀ိုင်းငယ်ရယ် ဒါပေမဲ့ သူ့ကိုမြင်ရင် ဘယ်ကနေစပြောရမှန်းကို မသိဘူးဖြစ်နေတယ် ........

ဒါဆိုရင်တော့ ယောက်ကျားဖြစ်ပြီး ညံ့တာပေါ့ ဘယ်မိန်းကလေးက ကျွန်မကိုရည်းစကားပြောပါလို့ ရှင့်ကိုပြောမှာလဲ ကြိုးစားပေါ့ .....

ကြိုးတော့ကြိုးစားနေပါတယ် ပြောလိုက်လို့ သူစိတ်ဆိုးမှာလဲ အရန်းကြောက်တယ်လေ .........

အောင်မလေးတော် စစ်မရောက်ခင်မျှားကုန်နေပါလား ရယ်ရတယ်ဟေ့ ........ ဒါဆိုရင်တော့ ဒီလိုပဲ မပြောပဲနေပေါ့ .......

ကဲဒါတွေထားပါအုံး ကျွန်တော်ကနောက်မှ ပြောရမှာလေ ကျွန်တော်မေးတာ ပြောပါအုံး ........

အော် .......... ဒါလား ဒီလိုပါ ပြင်သစ်ကို သွားရတာ ကိုကို့ကြောင့်ပေါ့ ၀ိုင်းငယ်က ကျောင်းမှာပြည်ကနေ ကျောင်းလာတက်တဲ့
ကိုညီခဝေဆိုတာ ရှိတယ်လေ ကိုညီခဝေက ဆင်းရဲတယ် အဲဒါကိုကိုက သိသွားတော့ ၀ိုင်းငယ်ကိုဆူတာပေါ့နော် ၀ိုင်းငယ်လဲကိုညီ
ခဝေကို ကြိုက်နေတာပေါ့ တစ်ခါမှလဲ ရည်းစားမထားဘူးတော့ ကိုညီခဝေကို စွဲလမ်းမိပါတယ် နောက်ပိုင်းမှာ ကိုကိုကနေ့တိုင်းလိုက်
ပို့ပြီး အပြန်မှာလဲ လာစောင့်နေတတ်တယ် တစ်နေ့မှာတော့ ကိုကိုလာတာကို ၀ိုင်းငယ်ကမသိလိုက်ဖူးလေ ကိုညီခဝေနဲ့ထိုင်ပြီးစကား
ပြောနေတာပေါ့ ကိုကိုကမြင်သွားပြီး ကိုညီခဝေကို နောက်တစ်ခါ ငါ့ညီမနဲ့ မပတ်သက်နဲ့လို့ ပြောလိုက်တယ် ၀ိုင်းငယ်ကိုလဲသူနဲ့ပတ်
သက်ရင် ကျောင်းထုတ်ပစ်မယ်ပေါ့ နောက်ပိုင်းတော့ ၀ိုင်းငယ်ရဲ့ပညာရေးကို ထိခိုက်မှာစိုးတာကြောင့် ကိုညီခဝေက ကျောင်းထွက်
သွားတယ်လေ ၀ိုင်းငယ်ကိုတောင် နူတ်မဆက်သွားဘူး ၀ိုင်းငယ်ကတော့ စိတ်မကောင်းဖြစ်တာပေါ့နော် ဒါနဲ့ကျောင်းပြီးတော့ ၀ိုင်းငယ်
လဲဒီမှာမနေခြင်တာနဲ့ ပြင်သစ်ကိုထွက်သွားလိုက်တာပါ အခုအချိန်အထိတော့ ကိုညီခဝေနဲ့ ပြန်မဆုံတော့ပါဘူး ..............

ကျွန်တော်အခုလိုမေးလိုက်လို့ စိတ်မကောင်းဖြစ်သွားပြီလား အမှန်အတိုင်းပြောရရင် အဲဒီအကြောင်းတွေကို ကျွန်တော်အားလုံးသိပါ
တယ် ညီခဝေက ကျွန်တော်သူငယ်ချင်းလေ ပြီးတော့မှဆက်ပြောပြမယ်နော် သီလ၀ါလဲ ရောက်နေပြီခဏစောင့်နောက်ခန်းမှာ ထီးပါ
တယ် ပြီးတော့မှဆင်းနော် နေကအရန်းပူတယ်လေ .........

ကိုကိုမောင်ရဲ့ဂရုစိုက်မူ့ကို ၀ိုင်းငယ်နားလည်လိုက်ပြီပေါ့ စိတ်ထဲကလဲ ကြိတ်ပြီးပြောလိုက်သေး ကိုပိုကြီးတဲ့ ..........ဆက်ရန်

No comments: