Friday, March 14, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁၄ )

ကိုကိုမောင်နှင့် ၀ိုင်းငယ်တို့ သီလ၀ါဆိပ်ကမ်းမှ ပြန်လာတာနောက်ကြနေပြီ လူမှာလဲလူကပြတ်တာကြောင့် ၀ိုင်းငယ်တစ်ယောက်
စိုးရိမ်နေမိသည် ဒါပေမဲ့ကိုကိုမောင်ရှိနေတာကြောင့် စိုးရိမ်စိတ်တို့ကို ဖြေဖြောက်ထားလိုက်သည် ကိုကိုမောင်ကလဲ ၀ိုင်းငယ်အနား
မှာရှိနေတာကြောင့်အရာရာကို ရင်ဆိုင်နိုင်သည်ပေါ့ ထိုအချိန်တွင် ကိုကိုမောင်၏ ကားစက်ချို့ယွင်းမူ့ကြောင့် လမ်းဘေးတွင်ကားက
ထိုးရပ်သွားတော့သည် ၀ိုင်းငယ်က စိုးရိမ်စိတ်တို့ဖြင့် .........

ဟင် ......... ကိုကိုမောင် ဘယ်လိုဖြစ်တာလဲ ............

ကျွန်တော်လဲမသိဘူး ကြည့်လိုက်အုံးမယ်နော် ............

ကိုကိုမောင်ကားကိုဆင်းကြည့်တော့ အောက်မှာထောင်ထားသော သံချောင်းများကြောင့် ကားဘီးပေါက်သွားခြင်းဖြစ်သည် သွေးရိုး
သားရိုးမဟုတ်တာကြောင့် ကိုကိုမောင်သတိထားနေသည် ဒါပေမဲ့ကိုကိုမောင်နောက်ကြသွားပါပြီ ထိုနယ်တ၀ိုက်တွင် ကျက်စားနေ
သောလူမိုက် သက်ပြင်းနှင့်အဖွဲ့က .............

ဟေ့ကောင် ......... မင်းတို့အသက်မသေချင်ရင် ငါတို့တောင်းတာကို ကောင်းကောင်းပေးပါ အေးမပေးဘူးဆိုရင်တော့ ဟေ့ကောင်
ပါပါး ကောင်မလေးကို ခေါ်ခဲ့စမ်း မင်းထက်နဲ့ထက်အောင်က ဟိုကောင်ကို သွားခေါ်လာခဲ့ .........

လူမိုက်သက်ပြင်းဆိုသည့်အတိုင်း ဆေးပြင်းလိပ်ကိုခဲကာ လက်ထဲမှာလဲ ၀င်းလက်နေသော ဓါားမြှောင်တစ်လက်ကို ကိုင်ထားတာ
ကြောင့် ကိုကိုမောင်ဘာမှမတတ်နိုင်တာကြောင့် ........

ဟေ့ကောင်တွေ မင်းတို့ဘာလိုချင်လဲ အခုချက်ချင်းဝိုင်းငယ်ကို လွှတ်ပေးလိုက်ပါ .............

ကိုကိုမောင်သတိထားနော် သူတို့လက်ထဲမှာက ဓားကြီးနဲ့ ..........

ဝိုင်းငယ်တစ်ယောက် ငိုသံပါနှင့် ကိုကိုမောင်အားသတိပေးပြီး သက်ပြင်အား လိုချင်တာပြောပါရန် အသနားခံလေသည် သက်ပြင်း
ကလဲငွေသာလိုနေတာကြောင့် ငွေငါးသိန်းပေးရင် ပြန်လွှတ်မယ်ဟုပြောတာကြောင့် ၀ိုင်းငယ်လဲကြောက်အားလန့်အားနဲ့ သက်ပြင်း
လိုချင်သော ငွေကို ထုတ်ပေးလိုက်သည် သက်ပြင်းနှင့်အဖွဲ့ကလဲ လိုချင်သောငွေရတာကြောင့် ချက်ချင်းပင်အနီးနားရှိ ကွင်းထဲသို့
ပြေးဆင်းသွားတော့သည် ၀ိုင်းငယ်လဲအရန်း ကြောက်နေတာကြောင့် အသားတွေပင်တုန်နေလေသည် ကိုကိုမောင်ကတော့ ၀ိုင်း
ငယ်ကိုအားပေးစကားပြောကာ နှစ်သိပ့်ရသည်ပေါ့ ထိုအချိန်တွင် ခမ်လှန်းလှန်းမှ လူများဓါတ်မီးများဖြင့် လာနေတာကြောင့် ကိုကို
မောင်က ၀ိုင်းငယ်အားကားထဲဝင်နေရန် ဘာအကြောင်းရှိရှိထွက်မလာနဲ့ပေါ့ ကိုကိုမောင်တို့က သူရဲကောင်းဇာတ်ခင်းတော့မည်လေ
ဒါပေမဲ့ကိုကိုမောင်ထင်ထားသလို မဟုတ်တော့ပါ ထိုအနားအနားမှ ရွာလူကြီး ဦးကမ်းသာယာပင် ဖြစ်လေတော့သည် ..........

ဒီကမောင်ရင်လေး ဦးတို့ဘာကူညီပေးရမလဲ စောစောကဒီနားမှာ ဓါတ်မီးတ၀င်းဝင်းနဲ့ ဘာဖြစ်ကြတာလဲ ............

ကိုကိုမောင်လဲဘာမှ ပြသနာမဖြစ်ချင်တာကြောင့် ဘာမှမဟုတ်ကြောင်း ကားပျက်လို့ ဘားဘီးကြည့်ကြောင်းပြောပြလိုက်တော့
ဦးကမ်းသာယာက ပါလာသောရွာသားများကို ကားဘီးဝိုင်းပြီးလဲခိုင်းကာ ကိုကိုမောင်နှင့်ဝိုင်းငယ်ကိုလဲ မပြန်ကြရန် ဒီညတော့
ဒီမှာပဲနားကြရန်ပြောကာ ရွာထဲသို့ခေါ်သွားလေသည် ရွာထဲရောက်တော့ အချိန်ကလဲညည့်နက်နေတာကြောင့် ၀ိုင်းငယ်တစ်
ယောက် အခက်တွေ့လေပြီ ဗိုက်ဆာနေတာကြောင့် ၀ိုင်းငယ်စကားပင်မပြောချင်တော့ပါ ကိုကိုမောင်က ၀ိုင်းငယ်နားလာပြီး....

ဝိုင်းငယ်ဘာဖြစ်လို့လဲ မကြောက်နဲ့တော့နော် လူကြီးတွေလဲရှိနေပြီပဲ .........

ကြောက်တော့မကြောက်ပါဘူး ငယ်လေးဗိုက်ဆာလို့ .......

ဟင် ဘယ်လိုပြောလိုက်တယ် ပြန်ပြောပါအုံး ............

ငယ်လေးဗိုက်ဆာလို့ပါဆို ..........

ငယ်လေးလို့သူနဲ့စကားပြောရင် တစ်ခါမှမသုံးဘူးတာကြောင့် ကိုကိုမောင် ထပ်မေးလိုက်ခြင်းဖြစ်ပါသည် ကိုကိုမောင်ကငယ်လေးကို
ခဏစောင့်ပါရန် ဦးကမ်းသာယာအား သူစီစဉ်ခိုင်းထားကြောင်းပြောကာ ၀ိုင်းငယ်နားတွင်ထိုင်နေလိုက်သည် ........ဆက်ရန်

No comments: