Friday, March 14, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁၅ )

ညီထွဋ်တစ်ယောက် ညီမဖြစ်သူ ပြန်မလာသေးတာကြောင့် ကိုပိုင်အိမ်သို့ ဖုန်းဆက်လိုက်တော့ အိမ်မှာလဲကိုကိုမောင်ပြန်မလာသေး
ဟုဆိုတာကြောင့် ညီထွဋ်ဒေါသထွက်ရသည် မနက်ကတဲက ညီမဖြစ်သူထွက်သွားတာ ယာဉ်မောင်းကိုဦးပါသွားတော့ စိတ်ချနေတာ
အခုတော့ ကိုဦးကို ၀ိုင်းငယ်ကပြန်လွှတ်ပြီး ကိုကိုမောင်နှင့် နှစ်ယောက်ထဲသွားတာကြောင့် စိတ်မချဖြစ်ရသည် ညီမဆီကိုဖုန်းဆက်ပြန်
တော့လဲ လိုင်းကမမိဖြစ်နေသည် ညီထွဋ်က သီလ၀ါဆိပ်ကမ်းကို လှမ်းဆက်ပြန်တော့ ညနေ ၄ နာရီထိုးကပြန်သွားပြီဖြစ်ကြောင်းသိရ
ပြန်တော့ လမ်းတွင်ဘာများဖြစ်နေမလဲလို့ တွေးနေရင်းက ရွာလူကြီး ဦးကမ်းသာယာ၏ အကူအညီနဲ့ ကိုကိုမောင်ဖုန်းဆက်ခွင့်ရသွားပြီး
ကိုညီထွဋ်စိတ်မပူရန် ကားပျက်နေသောကြောင့် အနီးနားမှရွာလူကြီးအိမ်တွင်ရှိကြောင်း ကိုကိုမောင်နှင့်ဝိုင်းငယ်က ညီထွဋ်အားပြောပြ
လိုက်လေတော့ ညီထွဋ်အနည်းငယ် စိတ်အေးရသည် နောက်တစ်နေ့နံနက် ၁၀ နာရီလောက်ကြတော့ ၀ိုင်းငယ်နှင့်ကိုကိုမောင် ပြန်
ရောက်လာလေတော့သည် ၀ိုင်းငယ်ကလဲအကိုဖြစ်သူ စိုးရိမ်မှာတစ်ကြောင်း နောင်တွင်အလုပ်မခိုင်းတော့မှာ စိုးရိမ်မိတာကြောင့် ည
တုန်းက ဖြစ်ခဲ့တာကို ကိုကိုမောင်အားပြန်မပြောရန်း ပိတ်ထားလိုက်လေသည် ၀ိုင်းငယ်အိမ်ပြန်ရောက်တော့ ...........

ငယ်လေး ဘယ်လုဖြစ်ရတာလဲကွာ နောက်ကိုအဲဒီဘက်မသွားနဲ့ ရုံးကလူတွေပဲလွှတ်စမ်းပါ ............

ဦးအောင်မြင့်ကလဲ စိုးရိမ်တာကြောင့် ဟုတ်တယ်သမီးငယ်ရယ် အန်ကယ်ကတော့ သမီးကို မသွားစေချင်ဘူးကွာ ............

ကဲကဲအိမ်ထဲဝင်ကြအုံး ကိုကိုမောင်ရော ဘာစားခဲ့ကြလဲ လာလာဒီမှာနံနက်စာ စားလိုက်ကြနော် .......

ညီလေးကိုကိုမောင် အခုလိုအကို့ညီမလေးကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်ကွာ ........

ဟုတ်ကဲ့ရပါတယ် ကိုညီရယ် ကျွန်တော်တို့က လုပ်ငန်းတူတွေပဲ ကိစွ့မရှိပါဘူး အကိုရာ ...........

ညီလေးမင်းလဲ ပြန်ရောက်လာတာကို မင်းအိမ်ကမသိသေးဘူးမို့လား ဖုန်းဆက်ပြီး ပြောလိုက်အုံး .........

ကိုကိုမောင်ဖုန်းဆက်တော့ ဒေါ်နွယ်နီဖုန်းလာကိုင်ပြီး သားဖြစ်သူကို ပြီးလျှင်အမြန်ပြန်လာရန် ပြောလိုက်လေသည် ကိုကိုမောင်
ကတော့မိခင်ကို စိတ်မပူရန်သူလဲ ဘာမှမဖြစ်ကြောင်းပြောကာ ဖုန်းချလိုက်တော့သည်အားလုံးနံနက်စာစားကာ ကိုကိုမောင်က
တော့စားပြီးပြီဖြစ်တာကြောင့် ပြန်ရန်အားလုံးကို နူတ်ဆက်လိုက်သည် ၀ိုင်းငယ်ကတော့ ကိုကိုမောင်ကို အကြင်နာအကြည့်လေး
နဲ့ကြည့်ကာ ကျေးဇူးတင်ပါတယ် ဆိုတဲ့သဘောပေါ့ ကိုကိုမောင်ပြန်သွားပြီဖြစ်လို့ ၀ိုင်းငယ်လဲ ဦးလေးနှင့်အကိုကိုယ် ပင်ပန်းလာလို့
ညတုန်းကပင် ကောင်းကောင်းမအိပ်ရကြောင်းပြောပြီး သွားနာတော့မည်ဟုဆိုကာ အိမ်ပေါ်သို့တက်သွားတော့သည် .....ဆက်ရန်

No comments: