Friday, March 14, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁၆ )

၇ ရက်ခန့်ကြာသော် .......................

သူဇာတစ်ယောက် အော်ဇီမှ ပြန်လာမည်ဖြစ်တာကြောင့် မိသားစုအားလုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားကြို၏
သူဇာတစ်ယောက် အနောက်တိုင်းဝတ်စုံကိုဝတ်ကာ ဆင်းလာတော့ မိခင်ဖြစ်သူ ဒေါ်နွယ်နီပင်အံသြသွားရသည် ဦးခိုင်လင်းက
တော့မျက်မှန်တပ်ထားတာကြောင့် သမီးကိုမမြင်ဖြစ်နေသည် သမီးဖြစ်သူ သူဇာအနားကိုရောက်လာပြီး ဖေဖေဟုခေါ်ဖက်လိုက်
တာကြောင့် သမီးရဲ့ပြောင်းလွှဲမူ့ကိုကြည်ကာ သမီးကိုလူမှားနေကြောင်း သမီးကသာမခေါ်လျှင်ဖေဖေ မှတ်မိမှာမဟုတ်ကြောင်း
ပြောလိုက်ပြီး ...........

ကိုဟိန်းရေ ပစွ့ည်းတွေအားလုံးတင်ပြီးပြီလား .............

ဟုတ်ကဲ့အန်ကယ် ကျွန်တော်အားလုံးတင်ပြီးသွားပါပြီ ...........

မောင်လေးကိုပိုင်နဲ့မောင်လေးကိုကိုမောင်ကတော့ အရန်းကိုပြောင်းလွှဲ သွားတယ်နော်ဖေဖေ .............

ဟုတ်တာပေါ့ သမီးရယ် အခုတော့ ကိုကိုမောင်လဲ သူ့အကိုအလုပ်မှာ ၀ိုင်းကူနေတယ် အားကိုးနေရပြီသမီးရေ .........

မောင်လေးတို့က မမသူဇာကို သတိရနေတာ မမကတော့ မေ့နေပြီထင်ပါတယ် .........

မမေ့ပါဘူးကွယ် ဟိုမှာက အလုပ်တစ်ဖက်ကျောင်းတဖက်လေ ဖုန်းလိုင်းကလဲ အချိန်မရွေးမကောင်းတော့ ဖုန်းသိပ်မဆက်ဖြစ်တာပါ
ဒီမှာမင်းတို့နှစ်ယောက်အတွက် မမလက်ဆောင်ပါတယ်နော် ဖေဖေနဲ့မေမေအတွက်ရောပေါ့ ..........

အိမ်ပြန်ရောက်ပြီဖြစ်တာကြောင့် ကိုပိုင်နှင့်ကိုကိုမောင်က Company သို့သွားရန်ထွက်သွားတော့သည် ။

ညီလေးမင်းမနေ့က ကာစတန်မှည သော့သွားရွေးတာ ဘယ်နှစ်ချောင်းရခဲ့လဲ ရသလောက်ကားတွေကို အမြန်ထုတ်ရအောင် အခုက
ကားဈေးတွေအရန်းကောင်းနေတယ် ...........

ဟုတ်ကဲ့ပါ ကိုလေး ကျွန်တော်မနေ့ကရွေးတာ BMW ဆယ်စီးအတွက်သော့တွေရခဲ့ပါတယ် ဒီနေ့ထုတ်ပြီး ဗိုလ်တထောင်က ခြံကို
ပို့လိုက်မယ်လေ ကားရိုင်းဘို့က မောင်ဘဲတို့ကို ခေါ်ထားတယ် ကားသွားထုတ်တာကတော့ ရုံးကလူတွေပဲ ခေါ်သွားမယ် .......

အေးကောင်းတယ်ကွ မောင်ဘဲတို့က စိတ်ချရတယ် ပစွ့ည်းတွေက တန်ဘိုးကြီးတော့ တခြားလူတွေကို မကိုင်စေချင်ဘူး ........

ကဲဒါဆိုအကိုက ဟိုတယ်မှကျန်ခဲ့မယ် ညီလေးကားယူသွားတော့ အကိုနောက်မှ အဆင်ပြေတဲ့ကားနဲ့ပြန်မယ် ကိုဟိန်းကငါနဲ့ကျန်ခဲ့ပါ

ဟုတ်ကဲ့ ဘော့စ် ...........

ကိုပိုင်ဟိုတယ်ပေါ်တက်သွားတော့ ၀ိုင်းငယ်နှင့် ဓါတ်လှေခါးတွင်ဆုံကြသည် ။

ဟာ ......... ညီမလေးရောက်နေတာ ကြာပြီလား .........

ဟုတ်ကဲ့ရှင် ကြာနေပါပြီ ဒါနဲ့အကိုတစ်ယောက်ထဲလား ကိုကိုမောင်ရော မပါလာဘူးလား ........

ပါတယ်လေ သူကဒီနေ့ကားသွားထုတ်တယ် ညီမလေးကို မပြောရသေးဘူးလား .........

ပြောတယ်သူလာကြိုမယ်ဆိုလို့ ညီမလေးက ဟိုတယ်မှာစောင့်နေတာပါ ..........

ဟာသူမေ့သွားပြထင်တယ် ............

မမေ့ပါဘူး ကိုလေးရယ် ဒီမှာပါလာခေါ်တာပါ ..........

ကိုကိုမောင်က တစ်ဖက်ဓါတ်လှေကားကနေ တက်လာတာကို အားလုံးမသိလိုက်ပါ ကိုကိုမောင်လဲဝိုင်းငယ်ကိုခေါ်ကာ
ကာစတန်ရုံးသို့ ထွက်သွားလေသည် .........ဆက်ရန်

No comments: