Friday, March 14, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁၇ )

............................................ ၁ နှစ်ခန့်ကြာသော် .......................

ငယ်လေး ................

ရှင် .............

ကိုအခုနေ ငယ်လေးကိုရည်းစား စကားပြောရင် စိတ်ဆိုးမှာလားဟင် ..............

ဟင်ဘာစိတ်ကူးပေါက်လာပြန်တာလဲ စိတ်ဆိုးတာ မဆိုးတာက ပြောတဲ့သူအပေါ်မှာမူတည်တယ်လေ .............

ကိုဟာငယ်လေးနဲ့နီးစပ်ဖို့ကို နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတယ်နော် ..........

အင်းလေ ကိုကိုမောင်ပြောပြလို့ ငယ်လေးသိပြီးပြီလေ ဘာဆန်းလို့လဲ .............

ဝိုင်းငယ်က ပျက်ရယ်ပြုနေတာကြောင့် ကိုကိုမောင်ပြောရခက်နေသည် ရုံးခန်းတွင်လဲ သူတို့နှစ်ယောက်ပဲရှိတာကြောင့် လွတ်လပ်နေပြီး
နောက်ပိုင်းကို ဘာဆက်ပြောရမှန်းမသိတာကြောင့် ကိုကိုမောင်သူ့အလုပ်စားပွဲသို့ ပြန်သွားလေသည် ၀ိုင်းငယ်ကလဲ ယောက်ကျားလေး
ကမပြောပဲမိန်းကလေးက စပြောရမလားဆိုတဲ့အတွေးနဲ့ တော်တော်ညံ့တာပဲဟု စိတ်ထဲတွင်ကြိတ်ကာရယ်နေမိသည် ကိုကိုမောင်ပြန်
ထိုင်လိုက်ချိန်မှာတော့ စားပွဲပေါ်ကဖုန်းအချက်ပေးနေတာကြောင့် ကောက်ကိုင်လိုက်တော့ ကိုပိုင်လှမ်းခေါ်သည် ၀ိုင်းငယ်ကိုပါ ခေါ်လာ
ရန်မှာလိုက်တာကြောင့် ၀ိုင်းငယ်ရှိရာသို့သွားကာ .............

ငယ်လေး ကိုလေးခေါ်နေတယ် နှစ်ယောက်စလုံးခဏလာပါတဲ့ ............

ဟုတ်ကဲ့သွားမယ်လေ ဘာယူသွားရအုံးမလဲ ..........

ဘာမှတော့မမှာလိုက်ဘူး လာဒီအတိုင်းသွားကြမယ် ............

ကဲလာ ညီလေးနဲ့ညီမလေးထိုင်ကြ အကိုမနက်ဖြန် အစည်းအဝေးအတွက် မင်းတို့နှစ်ယောက်နဲ့ တိုင်ပင်စရာရှိတယ် အခုအလုပ်အား
လုံးကို ကိုလေးတွက်လိုက်တာ ၃၀ ရာခိုက်နူန်းလောက် ငွေအမောက်တက်လာတယ် အဲဒီရှယ်ယာဝင်တွေကို အကြိုးအမြတ်ခွဲပေး
မလို့ပါ အဲဒီငွေစားရင်းကို အကိုလုပ်ထားပေးလိုက်ပြီ ညီလေးနဲ့ညီမလေးက စစ်ပေးကြပါလိုအပ်တာကို အကြံပေးနိုင်ပါတယ် ကဲထမင်း
စားချိန်လဲ ရောက်နေပြီ ကိုလေးနဲ့အတူ လိုက်စားကြပါလား ပြီးတော့မှညီလေးတို့ဆီကို စာရင်းတွေပို့ပေးလိုက်မယ်လေ လာသွားကြစို့...
ညီလေးနဲ့ညီမလေး မင်းတို့ဘာစားကြမလဲ မှာကြနော် ...............

************************** ******************** ********************

ကိုကို ဒီနေ့သဇင်မင်္ဂလာဈေးသွားချင်တယ် အဲဒီကနေပြီးရန်း ရန်ကင်းစင်တာကို ဆက်ဝင်မယ်နော် အဲဒါကိုကိုလိုက်ပို့ပေးပါ ......

ဖြစ်ပါတယ် ဟောဒီက ကိုကိုချစ်ချစ်လေး သွားချင်တဲ့နေရာကိုသာ ပြောပါလိုက်ဖို့အဆင့်ပါနော် ...........

ဒါဆိုရင်လာသွားကြမယ် အော် ......... ပြောရအုံးမယ် ကိုကိုမောင်နဲ့ဝိုင်းငယ်ကို မတွေ့တာကြာပြီ ဖုန်းဆက်ကြည့်ရင်ကောင်းမယ် .....

ဆက်ကြည့်လေ သူတို့အားရင် ရန်ကင်းစင်တာကို လာခဲ့ဘို့ချိန်းလိုက်ပေါ့ ..............

ဟဲလို .......... ၀ိုင်းငယ်ရေ အားလားအခုဘယ်မှာလဲ .............

အော် ........ ကိုပိုင်နဲ့ ကိုကိုမောင်တို့ရှိတယ် ဟိုတယ်မှာပဲ ထမင်းစားနေကြတာလေ အခုနင်တို့ရော ဘယ်မှာလဲ .........

ကိုကိုနဲ့ဈေးဝယ်ထွက်နေတာ အားရင်ရန်ကင်းစင်တာကို လာခဲ့ပါလား စောင့်နေမယ်လေ ...........

သဇင်ရေ ဒီနေ့တော့ ငါမအားတော့ဘူး မနက်ဖြန်အစည်းအဝေးအတွက် လုပ်စရာတွေရှိနေတယ် နောက်မှဆုံကြမယ်နော် .......

အိုကေ ........ ဘိုင် ........ ဘိုင် ..........

ကိုကိုရေ သူတို့မလာအားဘူးတဲ့ အရေးတကြီးလုပ်စရာရှိတယ်တဲ့ .......

ကောင်းပြီလေ ကိုကိုနဲ့သဇင်ပဲ သွားကြတာပေါ့ ဟုတ်ပြီလား ............ဆက်ရန်

No comments: