Friday, March 14, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁၈ )

ကိုညီထွဋ်ရေ ကျွန်တော်တို့အဖွဲ့တွေစုပြီး ကိုးမိုင်ဂေါက်ကွင်းမှာ ဂေါက်သွားရိုက်ရအောင် အဲဒါကိုညီဘယ်တော့လောက်အားမလဲ .....

ရပါတယ် ကိုပိုင်သွားမဲ့နေ့ကို ပြောပါဖြစ်ပါတယ် ဒါနဲ့ဘယ်သူတွေသွားကြမှာလဲ ........

လိုက်မဲ့သူတွေကတော့ ဦးကကြီးပါမယ်ဗျာ ပြီးတော့ကျွန်တော်တို့ညီအကိုနှစ်ယောက်ပေါ့ ကိုညီတို့လဲနှစ်ယောက်စလုံးလာခဲ့လေ ......

အိုကေလာခဲ့ကြဗျာ ကျွန်တော်စပွန်စာလုပ်ပေးမယ် လာမည့်ဆန်းဒေးစကြတာပေါ့နော် ..........

လာမည့်တနင်္ဂနွေနေ့မှာတော့ ဦးကကြီးနှင့်အတူ မနှင်းဆီပါလာပြီး ကိုပိုင်ကတော့ ရွှေဖြိုးကို ခေါ်လာသည် ကိုကိုမောင်ကတော့
တစ်ယောထဲပေါ့ ရောက်လာခဲ့ပါပြီ ကိုညီထွဋ် ၀ိုင်းငယ်နှင့် လွမ်းလိုင်းတို့ရောက်လာပြီး ကိုးမိုင်ဂေါက်ကလပ်တွင် နားနေဆောင်
ထဲသို့ဝင်သွားကြကာ အနားယူနေလိုက်သည် ညီထွဋ်က လိုအပ်သည့်ကယ်ဒီများကို စီစဉ်ပေးလိုက်လေသည် ရွှေဖြိုး မနှင်းဆီနှင့်
လွမ်းလိုင်းတို့ကတော့ ထီးတော်မိုးပေါ့ သူတို့ကအတွင်းရေးမှူး လေးတွေဆိုတော့ သွားလေရာပါတတ်ကြသည်လေ သီးသန့်ဖြစ်နေ
သူကတော့ ကိုကိုမောင်နှင့်ဝိုင်းငယ်ရယ်ပါ ........

ကိုညီရေအချိန်ရှိတုန်းစလိုက်ရအောင်ဗျာ ..........

ကောင်းပါတယ်ကိုပိုင်ရေ ................ ဦးကကြီးရေ လာဗျာ ကွင်းထဲဆင်းကြတာပေါ့

ညီလေးရေ မင်းတို့ရော လာကြလေကွာ .............

လာလေငယ်လေး ဟိုမှာကိုလေးခေါ်နေပြီ ငယ်လေးက ရိုက်မှာလား ..........

အိုဟို ဂေါက်ကွင်းထဲလာပြီး ဂေါက်မရိုက် ခေတ်နောက်ကြသွားမှာပေါ့ သွားမယ်လေ .........

အားလုံးကိုးကျင်း တစ်ကွန်နာရိုက်ပြီးချိန်တွင် နံနက် ၁၁ နာရီထိုးသွားလေသည် ရိုက်ပြီးတော့ပင်ပန်းလို့နားချင်တာကြောင့် စိုက်ပျိုးရေး
မှတ်တိုင်အနီးရှိ စမ်းမားပဲလေ့စ်ဟိုတယ်သို့ သွားကြလေသည်ဟိုတယ်တွင် အနှိပ်ခန်းရေချိုးခန်းများရှိတာကြောင့် လူကြီးလူကောင်းများ
အတွက်နားနေရန် အဆင်အပြေဆုံးနေရာဖြစ်လေသည် ၀ိုင်းငယ်နှင့်ကိုကိုမောင်ကတော့ အိမ်ပြန်မည့်ပြောကာ ပြန်သွားကြလေသည်
ဒါပေမဲအိမ်သို့တန်းပြန်ချင်းမဟုတ်ပါ .............

ငယ်လေး မြိုင်ဟေ၀န်မှာ ခဏသွားထိုင်မယ်နော် ..........

ရပါတယ်သွားလေ ငယ်လဲအေးဆေးတဲ့ တစ်နေရာမှာနားချင်တာ ဂေါက်ကွင်းမှာကနေပူတော့ ငယ်လေးခေါင်းကိုက်တယ် .........

ဒါဆိုဟေ၀န်နန်းမှာ တစ်ခုခုစားပြီး ပန်းခြံထဲဆင်းထိုင်ကြမယ် ဒီနေ့ကအေးဆေးပဲပေါ့နော် ..........

ဟေ၀န်နန်းတွင်းစားသောက်ပြီ အရိပ်ရသောနေရာတွင် သွားထိုင်ကြသည် ပန်းခြံတွင်အေးချမ်းစွာအရိပ်ရတာကြောင့်ဝိုင်းငယ်သက်သာ
သွားပြီး ကိုကိုမောင် ငယ်လဲသက်သာသွားပြီ ပြန်တော့မယ်ဟု ပြောတာကြောင့် ကိုကိုမောင်က မပြန်ရန်တားလိုက်ပြီး .......ဆက်ရန်

No comments: