Friday, March 14, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၁၉ )

ငယ်လေးဒီနေ့တော့ ကျွန်တော်ရဲအိမ်မက်တွေကို မက်ခွင့်ပြုပါတော့နော် ဒီနေ့မှငယ်လက်မခံတော့ဘူးဆိုရင် ကျွန်တော်နိုင်ငံခြားကို
အပြီးထွက်သွားတော့မယ် နောက်တစ်ခါ မြန်မာပြည်ကို ဘယ်တော့မှပြန်မလာတော့ပါဘူး ဒီတစ်ခါတော့ ကျွန်တော်ရဲ့ရွယ်ချက်
ရည်မှန်းချက်ဆိုတာ ဘာမှမရှိတော့ပါဘူး ကျွန်တော်အရန်းချစ်တဲ့ ချစ်သူကိုအကောင်းဆုံးအမြင့်ဆုံးထားချင်ပါတယ်ဆိုတဲ့ ကျွန်တော်
ရဲ့စိတ်ကို ပင်လယ်ထဲမှာပဲ မျှောလိုက်ပါတော့မယ်ဗျာ ............ တကယ်ပါ ကျွန်တော်ငယ့်ကို ချစ်နေခဲ့တာကြပါပြီ .........

အဲဒီလိုတော့ မလုပ်ပါနဲ့ ကိုကိုမောင်ရယ် ငယ်ကိုစဉ်းစားခွင့်လေးတော့ ပေးပါအုံးနော် ငယ်ကိုကိုနဲ့တိုင်ပင်လိုက်ပါ့မယ်နော် ငယ်ကြောင့်
ဆိုတဲ့ အဖြစ်မျိုးကို မဖြစ်စေရပါဘူး စိတ်အေးအေးထားပါနော် အော်ပြောအုံးမယ် ဒီနေရာက ကိုကိုမောင်အိမ်နဲ့နီးတယ်မို့လား လိုက်
လယ်ရင်ခေါ်မှာလား ..........

ခေါ်ပါတယ် ဒါဆိုသွားကြမယ်နော် ငယ်လေးကတိတော့ တည်ပါစေနော် ကျွန်တော်စိတ်ချမ်းသာချင်တယ်ဗျာ ..........

ကိုကိုမောင်အိမ်ပြန်ရောက်တော့ ကိုပိုင်ပြန်မရောက်သေးပါ အိမ်မှာက ဦးခိုင်လင်း ဒေါ်နွယ်နီနှင့် သူဇာပဲရှိနေသည် ၀ိုင်းငယ်လဲအိမ်ထဲဝင်
ထိုင်ကာ ကိုကိုမောင်ယူလာသော ကိုကာကိုလာဘူးကိုသောက်နေလိုက်သည် ။

ဖေဖေနဲ့မေမေ လာပါထိုင်ပါအုံး ဒီမှာသားပြောပြောနေတဲ့ ၀ိုင်းငယ်ဆိုတာလေ ချောလား .... ဒါနဲ့မမသူဇာရော .........

ရှိတယ်လေ အပေါ်မှာ ရေချိုးနေတယ် ..........

သမီးလေးက မောင်ညီထွဋ်ရဲ့ ညီမဆိုတာလား ...........

ဟုတ်ကဲ့ပါအန်ကယ် ...........

အေးကွယ်သမီးအကြောင်းကိုတော့ သားလေးက နေ့တိုင်းပြောပြောနေတာ အခုတော့သူပြောနေတာ မျက်မြင်ဆိုတော့
အန်ကယ်တို့ယုံရတော့မှာပေါ့ သူနဲ့အတူအိမ်ကို မိန်းကလေးပါတာ ဒါပထမဦးဆုံးပါပဲကွယ် ၀မ်းသာတယ်ဟေ့ .........

ဦးခိုင်လင်းက သူပြောချင်တာကိုသာ ဇွတ်ပြောနေတာ ၀ိုင်းငယ်မျက်နှာပျက်နေတာကို သူသတိမထားမိပေ ကြာတော့ဒေါ်နွယ်နီက
ဝင်ပြီးဟန့်တားလိုက်ရတော့သည် ။

ကဲပါကိုလင်းရယ် ရှေ့မကြည့်နောက်မကြည့်ပြောနေ ဟိုမှာသမီးလေ မျက်နှာတွေနီနေပြီတော့ ခက်တော့တာပါပဲလေ .........

နွယ်ရယ်ကိုကလဲ ၀မ်းသာလို့ပါကွ ..........

သမီးက အခုအသက်ဘယ်လောက်ရှိပြီလဲ ........

၂၇ နှစ်ပါ အန်တီ ..........

သမီးကိုကိုကရော .........

သမီးကိုကိုက မနက်ဖြန်ဆိုရင် ၃၃ နှစ်ပြည့်ပါပြီ ..........

အိုဟိုသမီးတို့မောင်နှမတွေက ခြောက်နှစ်တောင်ကွာကြတယ်ပေါ့လေ ..........

ဟုတ်ပါတယ်အန် အရင်တုန်းကတော့ ကိုကိုပြောဘူးတယ် သမီးအထက်မှာ တစ်ယောက်ရှိသေးတယ်တဲ့ သူလဲဆုံးသွားတာလေ ....

အော် ......... ဖြစ်ရလေသမီးလေးရယ် အန်တီလဲ စိတ်မကောင်းပါဘူးကွယ် ..........

မမသူဇာ မောင်လေးပြောပြောနေတဲ့ ၀ိုင်းငယ်ပါလာတယ် မမလိုက်ကြည့်နော် .............

ဝိုင်းငယ်ဒါက ကျွန်တော်အမ မသူဇာပါ ...............

ဟုတ်ကဲ့ပါ မမ တွေ့ရတာ ၀မ်းသာပါတယ်ရှင် ...........

အေးကွယ်မောင်လေးကပြောနေတာ အခုတော့ မမညီမက မောင်လေးပြောတာထက်ကို ပိုလှနေတယ် ........

အို .......... မမကလဲ မဟုတ်တာ မမကို မမှီပါဘူးရှင် ........

ကဲညီမလေး ရောက်တုန်းရောက်ခိုက် အိမ်မှာထမင်းစားသွားနော် အားလုံးအဆင်သင့်ဖြစ်နေပြီ ...........

ဒေါ်လေးနယ်သူရေ ထမင်းဝိုင်းပြင်ပြီးရင် ပြောပါနော် ကဲထိုင်အုံးနော် မမဒေါ်လေးကို သွားကူလိုက်အုံးမယ် .........

ကဲသားနဲ့သမီး စကားပြောကြအုံးကွာ အန်ကယ်လမ်းခဏထွက်လျှောက်လိုက်အုံးမယ် နွယ်ရေမင်းလဲလိုက်ခဲ့ကွာ .......

ဦးခိုင်လင်းနဲ့ဒေါ်နွယ်နီက အလိုက်သိသိရှောင်ပေးလိုက်ကြသည် ကိုကိုမောင်နှင့်နွယ်နီတို့ စကားပြောနေရင်း ဒေါ်နယ်သူက ထမင်း
စားရန်အသင့်ဖြစ်တာကြောင့် ကိုကိုမောင်နှင့်ဝိုင်းငယ်တို့ ထမင်းစားဆောင်ရှိရာသို့ ထွက်သွားတော့သည် ..........ဆက်ရန်

No comments: