Friday, March 14, 2008

အကောင်းဆုံးအမြင့်ဆုံးထားချင်ပေမဲ့

အပိုင်း ( ၂၀ )

အန်ကယ် ငယ်လေးပြန်ရောက်ပြီလား .........

မရောက်သေးဘူးမောင်ညီထွဋ် စောစောကတော့ ဖုန်းဆက်တယ် ကိုကိုမောင်မိဘတွေက ထမင်းဖိတ်ကျွေးလို့တဲ့လေ .........

အော် ........ ဒါဆိုလဲပြီးတာပါပဲ အန်ကယ်ရော စားပြီးပြီလား .........

မစားသေးပါဘူး မောင်ညီထွဋ်ကို စောင့်နေတာလေ .............

ဒါနဲ့အန်ကယ်ဘီယာ ဘယ်နှစ်ဘူးကျန်သေးလဲ ...........

ရှိသေးပါတယ် ဘာဖြစ်လို့လဲ .............

အော်ဘာမှမဟုတ်ပါဘူး ကုန်ရင်ကျွန်တော်မှာပေးမလို့ပါ ............

ရပါတယ်ကွယ် စိတ်မပူပါနဲ့ မင်းကသောက်တာမှမဟုတ်တာကွယ် မလုပ်ပေးနဲ့နော် ........

အန်ကယ်ကို ကျွန်တော်ပြောအုံးမယ် ကိုကိုမောင်နဲ့ ငယ်လေးကို အန်ကယ်သဘောတူလား ...........

ဟေ ......... ဘာဖြစ်လို့တုန်းကွ သူတို့က ကြိုက်နေကြလို့လား ............

ဒီနေ့ကိုပိုင်ကပြောတယ် သူ့ညီနဲ့ငယ်လေးကို စေ့စပ်ချင်တယ်တဲ့လေ ကျွန်တော်ကတော့ ပြောခဲ့တယ် ငယ်လေးသဘောကို မေးပါရစေလို့

မောင်ညီထွဋ်ကရော ဘယ်လိုသဘောရလဲ ပြောပါအုံး .........

ဟင်းးးးးးးးးး ငယ်လေးက ကြိုက်နေတယ်ဆိုရင်တော့ ပြောစရာမရှိပါဘူး အန်ကယ်ရယ် ဒါပေမဲ့ခက်တာက ညီမလေးမရှိတော့ရင်
ဒီအိမ်ကြီးက ဟာသွားမယ်နော် ဖေဖေနဲ့မေမေ မရှိတော့တဲ့နောက်ပိုင်းမှာ ငယ်လေးကျွန်တော်ကို စိတ်ဆိုးပြီး ပြင်သစ်မှာသွားနေလို့
ခွဲခဲ့ရတယ် အခုတစ်ခါ ယောက်ကျားယူရင်တော့ ကျွန်တော်တို့ မောင်နှမနှစ်ယောက် ဝေးရအုံးမှာပေါ့နော် .........

ဒီလိုတော့လဲ ဘယ်ဟုတ်ပါ့မလဲကွာ သူလဲအရွယ်ရောက်ပြီလေ .............

ဟုတ်တော့ဟုတ်ပါတယ်လေ ငယ်လေးလာရင်သာ အန်ကယ်ပဲမေးလိုက်ပါတော့ ကျွန်တော်သွားအိပ်တော့မယ်နော် .......

မောင်ညီထွဋ် မင်းထမင်းမစားတော့ဘူးလား သမီးငယ်ကို စောင်အုံးလေ .........

ဦးအောင်မြင့်က ပြောနေပေမဲ့ ညီထွဋ်ကတော့မကြားတော့ပါ အိမ်ရှေ့က ကားဟွန်းသံကြောင့် ကိုဦးတံခါးဖွင့်ပေးပြီး .........။

ကိုကိုပြန်ရောက်ပြီလား ..........

ဟုတ်ကဲ့ရောက်နေပါပြီ မမလေး .........

ဟောအန်ကယ် မအိပ်သေးဘူးလား ကိုကိုရော အိပ်ပြီလား ..........

သမီးငယ်ရေ မောင်ညီထွဋ်ကတော့ အိပ်သွားပြီ ဒါနဲ့သမီးက ဘယ်သူ့ကားနဲ့ ပြန်လာတာလဲ ...........

ကိုကိုမောင်ကားနဲ့ပါ အန်ကယ် ဘာဖြစ်လို့လဲ ...........

မဖြစ်ပါဘူးကွယ် ကဲသမီးငယ်လဲ ပင်ပန်းလာရောပေါ့ သွားနားတော့နော် ........

နောက်တစ်နေ့နံန့က် ကော်ဖီဝိုင်းမှာတော့ အန်ကယ်ဦးအောင်မြင့်က ၀ိုင်းငယ်အားကိုကိုမောင်နှင့်အကြောင်းကို မေးလေသည် ၀ိုင်းငယ်
ကတော့ ကိုကိုသဘောကို သိချင်တယ်ဆိုတာကြောင့် .............

ငယ်လေးက သူ့ကိုကြိုက်နေလို့လား ကြိုက်နေတယ်ဆိုရင်တော့ ကိုကိုဘာမှပြောစရာမရှိပါဘူးကွယ် ...........

အမှန်အတိုင်းပြောရရင်တော့ ငယ်ကကြိုက်နေပါတယ် ဒီနေ့လဲ သူကကမ်းလှန်းလာတယ်လေ ငယ်ကတော့
ကိုကိုသဘောကအဓိကပါလို့ သူ့ကိုပြောလိုက်တယ် ........

ဟုတ်ပါပြီ ငယ်လေးကြိုက်တယ်ဆိုရင် ကိုကိုသဘောတူလိုက်ပြီ အဲဒီတော့ မင်္ဂလာကိစွ့ကို အန်ကယ်ဦးအောင်မြင့်ပဲ စီစဉ်နော် ........

အားလုံးတိုင်ပင်လိုက်ကြပြီး လာမည့်စနေတွင်စေ့စပ်ကြောင်းလှမ်းပြီး တနင်္ဂနွေနေ့တွင် မင်္ဂလာဆောင်လိုက်ကြတော့သည်
ညပိုင်းမှာတော့ ................

ဘယ်လိုလဲငယ် မောင်ရဲ့ရည်ရွည်ချက်တွေ ပြည့်ဝသွားပြီပေါ့နော် မောင်ငယ်ကို အကောင်းဆုံးအမြင့်ဆုံးထားနိုင်ခဲ့ပါပြီ

မှန်ပါတယ်မောင် မောင့်ရဲ့ကြိုးစားမူ့ကို ငယ်လေးစားယုံကြည်မိပါတယ် တစ်ချိန်တုန်းကသာ မောင်နဲ့နီးခဲ့ရင် မောင်ထင်သလို
ဖြစ်လာတော့မှာမဟုတ်ပါဘူး အခုတော့ မောင်ရယ် ငယ်အရန်းကို ၀မ်းသာပါတယ် .............ဒီမျှနဲ့ရပ်နားလိုက်ပါတယ် ....

No comments: