Tuesday, December 4, 2007

အွန်လိုင်းပေါ်က ဇာတ်လမ်းတစ်ပုဒ်

တနေ့သောအခါမှာ ကျွန်တော်ပလန်းနက်ကို စတင်ဝင်ရောက်ခဲ့ပါတယ် ဖြစ်ချင်တော့ ကွန်ပြူဆိုတာကလဲ ဒီရောက်မှမြင်ဘူးကိုင်ဘူးတာမို့လား ဟိုရောက်ဒီရောက်နဲ့ စာရေးတာတောင်မှ တလုံးချင်းစီပြီးရေးရတဲ့ ဘ၀လေ ဒါနဲ့ပလန်းမှာစတင်မိတ်ဆွေဖွဲ့တယ်ဆိုပါတော့ဗျာ မိတ်ဆွေကလဲဖွဲ့မတတ်ပြန်ဘူး အဲဒါနဲ့စိတ်ထဲရှိတာလေး အရိုးသားထားပြီးရေးကြတာပေါ့ဗျာ ဒါကိုသဘာရင့်ဝါရင့်တွေက ရယ်စရာလုပ်ကြတယ်လေ ကိုကလဲအစဆိုတော့ အရန်းရှက်သွားတယ် ဒါပေမဲ့ကိုကမှားသူမို့လား အားလုံးကိုမဟုတ်ကြောင်းတောင်းပန်တာပေါ့ ကာယကံရှင်ကိုလဲ အထပ်ထပ်အခါခါ တောင်းပန်ပါတယ် ဒါပေမဲ့ခက်တာက နားလည်မူ့မရှိတာကို ရင်နာမိပါတယ် ကိုယ်ကဘယ်လောက်ပင် တောင်းပန်ပေမဲ့လဲ နားလည်ပေးပါတယ် ခွင့်လွှတ်ပါတယ်ဆိုတဲ့စာသားလေးတွေတောင် ပြန်ရေးပေးဖေါ်မရခဲ့ပါဘူး စိတ်တော့မကောင်းပါဘူး မြန်မာလူမျိုးဖြစ်ပါလျှက်နဲ့ အချင်းချင်းမသိတဲ့ကိစွ့လေးကို အပုံကြီးချဲ့ပြီး မုန်းတီးသွားကြမယ်ဆိုရင် စည်းလုံးမူ့သည် အင်အားပါဆိုတဲ့ စာဟာအလကားဖြစ်သွားတာပေါ့အခုအွန်လိုင်းမှာ တွေ့ဆုံနေကြသူတွေဟာ ခင်မင်ကြတယ်ဆိုတာ အရင်တုန်းကသိပြီးသာသူတွေလဲရှိမယ် အခုမှသိတဲ့သူတွေလဲရှိကြမှာပါ ဒါတောင်မှ အွန်လိုင်းမှာသိတဲ့သူက ပိုများပါလိမ့်မယ် ဒါဟာလဲဟိုအရင်းတုန်းက ကောင်းမူ့ကုသိုလ်တွေကို အတူလုပ်ခဲ့ကြလို့ ဆုံဆည်းတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် အဲဒီတော့ မျက်နှာမတွေ့ရပဲ စာရေးတာကိုဖတ်ပြီး လူ့စိတ်ကိုလဲဝေဖန်ပိုင်းခြားလို့မရနိုင်ပါဘူး နောက်ဆုံအနေနဲ့ ပြောချင်တာကတော့ လူကိုလူလိုမြင်တတ်ကြပါ အားငယ်သူကို အားပေးပါမသိသေးတဲ့သူကို သိအောင်တတ်အောင် သွန်သင်ဆုံးမပေးကြပါ ဒါမှလူသားအချင်းချင်း စာနာထောက်ထားရာ ရောက်ပါလိမ့်မယ်လို့ ကျွန်တော်ခံယူထားပါတယ် ဒါကတော့ အွန်လိုင်းပေါ်မှာ ဖြစ်ခဲ့တဲ့ ကျွန်တော်ရဲ့ခံစားချက်ပေါဗျာ............။
စိတ်ဓါတ်ကောင်းမှ နိုင်ငံနဲ့လူမျိုး တိုးတက်မှာ သေချာပါတယ်

No comments: