Monday, December 3, 2007

ဗြဟ္ဓာ့အမြင်

ရှေ့နားကပြောခဲတဲ့ စကားရပ်ထဲမှာ နတ်တွေကလူတွေထက် အသက်ရှည်တယ်လို့ပြောခဲ့တယ် ဒါပေမဲ့ဗြဟ္ဓာတွေ၏ မျက်စိအောက်မှာတော့ မကြာခင်မှာပဲ သေသေသွားကြတဲ့အနေနဲ့ တွေ့မြင်နေရတယ် အဲဒီလိုလူတွေနတ်တွေမကြာ ခဏသေသေသွားကြတာကို မြင်ရတော့ဗြဟ္ဓာကြီးများက သနားကြတယ် ဒီသတ္တ၀ါတွေက ကာမအာရုံကိုသာယာ တပ်မက်တဲ့ရာဂရှိနေလို့ အသက်တိုတဲ့လူ့ဘ၀ နတ်ဘ၀ဖြစ်နေကြတယ် ဖြစ်ပြီးပြန်တော့လဲ မကြာခဏသေသွားကြ ရတယ် ကာမရာဂကင်းလို့ ငါတို့လိုပဲကမ္ဘာနဲ့ချီပြီး အသက်ရှည်ကြရမယ် အဲဒီတော့သတ္တ၀ါတွေဟာ ခဏခဏမသေ ကြတော့ဘဲ အသေရသက်သာသွားမယ်လို့ အဲဒီဗြဟ္ဓာက ထင်မြင်ပါတယ် ဒါကြောင့် သတ္တိယာ - လှံမကြီးဖြင့် သြမ ဠော ၀ိယ - ရင်ဝ၌အထိုးအစိုက်ခံရသော သူကဲ့သို့လည်းကောင်း မတ္တကေ - ဦးခေါင်းထက်၌ ဒယုမာနော ဣဝ -မီး လောင်ခံရသော သူကဲ့သို့လည်းကောင်း ကာမရာဇပ္ပဟာနယ - အသက်တိုသောဘ၀၌ ဖြစ်စေတတ်သည့် ကာမရာဂ ကိုသမထဈာန်ဖြင့် ပယ်ရန်အလို့ငှါ ဘိကွု့ - ရဟန်းသည် ၀ါ သံသရာဘေးကို ရူ့မြင်သောပုဂွိုလ်သည် သတော - အ မှတ်ရလျှက် ပရိဗ္ဗဇေ - သုတ်သုတ်လျှင်စွာအားထုတ်ရာ၏လို့ မြတ်စွာဘုရားထံတင်ပြပါတယ် ။ အတိုချုပ်ဆိုလိုတာကတော့ ဈာန်ရအောင်မြန်မြန်အားထုတ်ရမယ် ဈာန်ရရင်ကာမရာဂကင်းသွားမယ် အဲဒီတော့ကု သိုလ်အဟုန်ကြောင့် ဗြဟ္ဓာလောကရောက်ပြီး အသက်ရှင်ရမယ် ဒါဟာအကောင်းဆုံပဲလို့ ဆိုလိုပါတယ် လူတွေရဲ့အမြင်နဲ့ ကြည့်လိုက်ရင်လဲ အသက်တိုတဲ့သတ္တ၀ါလေးတွေကို အများကြီးတွေ့ရတယ် တချို့ပိုးမွှားလေးတွေက ရက်ပိုင်းအနည်းငယ်လောက်သာ အသက်ရှင်နေဟန်တူပါတယ် တစ်ချို့ပိုးကောင်လေးတွေက အရန်းသေးငယ်တာပဲ အသက်လဲအရန်းတိုမှာပါပဲ အဲဒီလိုပိုးမွှားလေးတွေက အကောင်လေးတွေဖြစ်လာလိုက် မကြာခင်ရက်အနည်းငယ်အ တွင်းမှာသေသွားလိုက် တဖန်ပြန်ဖြစ်လာလိုက် သေသွားလိုက်နဲ့ အင်မတန်သနားစရာကောင်းပါတယ် အဲဒီလိုပါပဲဗြဟ္မာ အမြင်နဲ့ကြည့်လိုက်တော့ သူတို့မျက်စိအောက်မှာ လူတွေနတ်တွေဟာလဲ ဖြစ်လာလိုက်သေသွားလိုက်နဲ့ မကြာခဏမြင် ရတာကိုသနားတဲ့အတွက် သူကဒီလိုထင်မြင်တယ် "ငါတို့လိုဈာန်ရရင် ကာမရာဂကင်းသွားမယ် ကာမရာဂကင်းသွားရင် ငါတို့လိုပင်ဗြဟ္မာဘုံရောက်လာပြီး အသက်ရှည်ရှည်နေရမယ် အဲဒါဟာအကောင်းဆုံးပဲ" လို့ဒီလိုထင်မြင်တဲ့အတွက် အဲဒါကိုသူကမြတ်စွားဘုရားထံ တင်ပြတာပါပဲ သူ့စိတ်ထဲမှာတော့ အဲဒါကိုမြတ်စွာဘုရားက လက်ခံလိမ့်မယ်ထင်လို့ တင်ပြတာပါပဲ........။

No comments: