Monday, December 3, 2007

ရင်နာလို့မဆုံးပါဘူး

ကျွန်တော်အသက် ၂၀ လောက်က နေမကောင်းဖြစ်တာ အရန်းပါပဲ ဆေးရုံကြီးကိုသွားပြတော့ဆရာဝန်တစ်ယောက်နဲ့တွေ့တယ် သူကဗျာ လူနာကိုစစ်ဆေးတာ တရားသူကြီးရူံးလောက်မယ်ထင်ပါတယ် ဒီမှာကသေတော့မယ် သူပြောတာလဲ မကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေပြီ သူကကျွန်တော်ကို လူကြီးတွေပါမလာတော့ ဆေးသုံးသူလို့ထာတာတဲ့လေ ဆရာဝန်ဖြစ်ပြီးနားမလည်တာလား ငွေမပါတာကိုကြည့်ပြီး လုပ်မပေးချင်တာလားတော့ မသိပါဘူးဗျာ ဖြစ်ချင်တော့ကျွန်တော်ကိုကောင်းတယ်လို့ပဲ ပြောရတော့မှာပေါ့ ဂျူတီချိန်းသွားပါလေရော အဲဒီတော့မှဆရာဝန်မတစ်ယောက် ရောက်လာပြီးတော့ ဆေးထိုးပေးတယ်ဘာဆေးလဲတော့ မသိပါဘူးကျွန်တော်အရန်းကိုသက်သာသွားတော့တာပါ အဲဒီတော့မှ ဆရာဝန်မကသူမေးစရာတွေကို မေးတယ်လေတော်သေးတာပေါ့ ဆရာဝန်မကယ်လို့ ကျွန်တော်အသက်ရှင်တာ အဲဒီညကတော့ ကောင်းသွားတာပေါ့ဗျာ နောက်တစ်နေ့မနက်အစောကြတော့ ညကလိုပြန်ဖြစ်ပြန်ရော ဆေးရုံကြီးကိုပြန်သွားတော့ ဘာပြောတယ်ထင်လဲ ဒီမှာဆေးကုဘို့ မလွယ်ဘူးတဲ့ မင်းနေတဲ့နေရာမှာ ပြန်ကုပါဆိုလို့ကျွန်တော်မှာ လိုင်သာယာမှာ ပြန်ကုရပါလေရောလားဗျာ လောကမှာငွေပါပဲ ဆိုတာကသိသာထင်ရှားလွန်းလှပါတယ် မရှိရတဲ့အထဲ ကုလိုက်တာ ၂ လလောက်နေမှ ရောဂါလဲ ပြောက်တော့တယ် ဖြစ်တာက အစာအိမ်ရောဂါပါ ဒါကိုဆေးရုံကမကုဘူးဆိုရင် ဘာလို့ဒီဆေးရုံတွေထားနေပါသေးလဲ (ဒါကတော့ တစ်ဘက်သတ်အမြင်ပေါ့) ကောင်းတဲ့သူတွေလဲ ရှိနေတယ်ဆိုတာကိုတော့ကျွန်တော်နားလည် သဘောပေါက်ပါတယ် ဒါပေမဲ့ပြည်သူ့ဆေးရုံပါလို့ ရေးထားပြီး ပြည်သူကိုမကြည့်တာတော့ ရင်နာလို့မဆုံးပါဘူး.............။

No comments: