Monday, December 3, 2007

အဆင့်အတန်း မတူရာမှာ ကိုယ်နှင့်နိုင်းရင် ရိုင်းသည်

အဆင့်အတန်း မတူရာမှာ ကိုယ်နှင့်နိုင်းရင် ရိုင်းသည် တစ်ချို့ကဒီလိုပြောကြတယ်ကိုယ်တိုင်မတွေ့ရင် မယုံနိုင်ဘူးတဲ့ အဲဒါဟာ ကိုယ်ကမသိတာကို သူများမသိဘူးလို့ထင်မှတ်ပြီးပြောတာပဲ ကိုယ်နှင့်နိုင်းမရိုင်းဘူးဆိုတာ အဆင့်အတန်းတူတဲ့သူ အချင်းချင်းမှမှန်တယ် အဆင့်အတန်းမတူတဲ့သူနဲ့ တန်းတူပြုပြီးနိုင်းယှဉ်ရင်တော့ သိပ်လွဲတာပဲဥပမာ ထုတ်ပြမယ် ဂဏန်းသင်္ချာကို မသင်ကြားဘူး မလေ့လာဘူးတဲ့သူက ဂဏန်းသင်္ချာဘက်မှာပါရဂူလောက် တော်နေတဲ့လူကို ငါလိုပါပဲ ဂဏန်းတွက်ရာမှာ ငါထက်ပိုပြီးမတတ်မသိပါဘူးလို့ တန်းတူပြုပြီး နိုင်းယှဉ်ရင် အများကြီးလွဲမှားသွားမည် မဟုတ်ပါလား ။ဒီလိုပါပဲ လောကအကြောင်းကို တကယ်သိပြီး ဟောထားတာကို ကိုယ်တိုင်ကမသိတာနဲ့ဟောတဲ့ပုဂွိုလ်ကို မိမိနဲ့တန်းတူပြုပြီး မယုံကြည်ပဲနေရင် အများကြီးလွဲမှားသွားပါတယ်ဒါကြောင့်မြတ်စွါဘုရား ဟောထားတဲ့အတိုင်း နတ်တွေ ဗြဟ္ဓာတွေရှိတယ်ဆိုတာ ကိုယ်တွေ့အားဖြင့်မသိပေမဲ့ မြတ်စွာဘုရားက တွေ့မြင်ပြီးဟောထားတာပါလို့ ယုံကြည်ကြမှတ်သားရပါတယ် အဲဒီနတ် ဗြဟ္ဓာတွေ ထက်မြင့်မြတ်တဲ့တရားတွေကို ဟောထားတာလဲရှိပါသေးတယ် တကယ်သိချင်ရင်အဲဒီဟောထားတဲ့ ဟာတွေကို ကိုယ်တိုင်သိအောင်လေ့လာဘို့လိုပါတယ် လေ့လာရင်သိလဲသိနိုင်ပါတယ် မြတ်စွားဘုရားတရားတော်က ကိုယ်တိုင်တွေ့မြင်နိုင်တဲ့ တရားတော်လဲဖြစ်ပါတယ် ဒါကြောင့် သန္ဒိဠိကော- ကျင့်ကြံအားထုတ်ကကိုယ်တိုင်တွေ့မြင်နိုင်သော တရားတော်မြတ်ပဲလို့ ဒီလိုချီးကျူးပြီးဟောထားပါတယ်.......။

No comments: