Sunday, March 16, 2008

အမိမြေလောက်တော့ကောင်းမည်မထင်ပါ

အပိုင်း ( ၁ )

ကိုကိုညီမလေးကို ထိုင်းမြန်မာနယ်စပ်မှာ အလုပ်လုပ်ကြတဲ့ သူတွေအကြောင်း ပြောပြပေးပါလား ဗဟုသုတရတာပေါ့နော် .......

အေးလေညီမလေးနားထောင် ချင်တယ်ဆိုရင်တော့ ကိုကိုပြောပြပေးပါမယ် ပြီးရင်ညီမလေးက အသိမိတ်ဆွေတွေကို ပြောပြနော် ....

ဟုတ်ကဲ့ပါ ကိုကိုရဲ့ ပြောပြပေးပါမယ် ဒါမှသူတို့လဲစဉ်းစားတတ်မှာပေါ့ ...........

ကောင်းပြီလေ ကိုကိုပြောပြပေးမယ် ကိုဟိန်းဆိုတဲ့ ကောင်းလေးတစ်ယာက် အကြောင်းကနေ စပြောရတော့မှာပေါ့ ...........

ဖြစ်ပုံက ဒီလိုညီမလေးရဲ့ ...................

သင်္ကြန်အကြတ်နေ့မှာ လမင်းက ကိုဟိန်းကိုဖုန်းဆက်လိုက်တယ် ကိုဟိန်းကလဲ လမင်းဖုန်းဆက်တာကြောင့် လာခဲ့တာပေါ့ ရောက်လာ
တယ်ဆိုရင်ပဲ လမင်းကကိုဟိန်းကို အိမ်ကမိဘတွေက ဗိုလ်ကြီးတစ်ယောက်နဲ့ လမင်းကိုပေးစားတော့မယ် ဆိုတာကြောင့် ကိုဟိန်းလဲ
ဘာလုပ်ရမှန်းမသ်ဖြစ်နေသည် ဒါနဲ့လမင်းက လှော်ကားဥယာဉ်သို့ ခဏသွားထိုင်ရန် ကိုဟိန်းကိုပြောလိုက်လေသည် ကိုဟိန်းကလဲချစ်
သူစိတ်ချမ်းသာစေရန် လှော်ကားဥယာဉ်သို့ သွားတာပေါ့ ဖြစ်ချင်တော့ သင်္ကြန်းတွင်းမို့ လိုင်းကားတွေကလဲ အသွားနည်းတယ်လေ ..
ဒီလိုနဲ့သူတို့နှစ်ယောက် လှော်ကားဥယာဉ်သို့ တစ်နာရီကြာ လမ်းလျှောက်ရတာပေါ့ အဲဒီကနေဥယာဉ်ကိုရောက်ပြန်တော့ ပိတ်ထားလို့
စိတ်ညစ်ပြီး မင်္ဂလာဒုံ - ဆူးလေကားစီးကာ ရှစ်မိုင်လမ်းဆုံမှာ ဆင်းလိုက်ပြီး စွယ်တော်ဘုရားကို သွားဖူးကြတာပေါ့ နေ့လည်စာကိုလဲ
အဲဒီဘုရားနားက ဆိုင်မှာပဲစားကြတယ်လေ စားပြီးတော့ ဘုရားဘေးက ငါးကန်နားမှာ နှစ်ယောက်သား တိုင်ပင်ကြတာပေါ့ ကိုဟိန်းက
အခုလောလောဆယ်မှာ လမင်းနဲ့ယူရန် အဖြစ်သေးတာကြောင့် အတော်လေးစဉ်းစားနေရသည်လေ နောက်တော့လမင်းက ပြန်ရင်လဲ
သူမချစ်တဲ့ ဗိုလ်ကြီးကို လပ်ထပ်ရမည်စိုးတာကြောင့် ကိုဟိန်းတကယ်လို့ မယူရင်သူလဲအိမ်မပြန်တော့ပဲ ထွက်သွားတော့မည်ပေါ့ အဲဒါနဲ့
ကိုဟိန်းလဲ လမင်းကိုစိတ်မချတာကြောင့် သူ့၏သူငယ်ချင်းအိမ်သို့ ခေါ်သွားလေသည် သူငယ်ချင်းကလဲ တိုက်တစ်လုံးအပိုရှိနေတာဆို
တော့ ဒီမှာပဲနေကြရန် ပေးထားလိုက်သည် ဒါပေမဲ့ခက်တာက သူတို့ရန်ကုန်တွင် ကြာကြာနေမရပါ အိမ်ကလိုက်လာလျှင်အားလုံးခက်
တော့မည်ဖြစ်တာကြောင့် လမင်းရဲ့အမျိုးတွေရှိရာ ပျဉ်းမနားရေနီသို့ ခရီးထွက်ကြတော့သည် ရေနီမြို့သို့ရောက်တယ်ဆိုရင်ပဲ လမင်းက
သူ၏အဖွားအိမ်သို့ ကိုဟိန်းကို ခေါ်သွားလေသည် ကိုဟိန်းကလဲ သွားတာသွားရတာ ခပ်လန့်လန့်ပေါ့ ဒါပေမဲ့အိမ်ရောက်တော့ အားလုံး
အဆင်ပြောသွားကြသည်လေ လမင်းအဖွားက ကိုဟိန်းကိုမြင်တော့ အရန်းချစ်တာပေါ့ ကိုဟိန်းကလဲအလိုက် သိတတ်တယ်လေ သူတို့
နှစ်ယောက် ရေနီမြို့တွင် တစ်လကြာနေထိုင်ပြီး ရန်ကုန်သို့ပြန်လာကြတော့သည် ကားအခက်အခဲကြောင့် ရန်ကုန်သို့ဝင်ရန်နောက်ကြ
နေပြီး ပဲခူးတွင်ပင် ညနေငါးနာရီထိုးခဲ့ပါပြီ အဲဒီတော့လမင်းက အိမ်ကိုဖုန်းဆက်တာပေါ့ အဖိုးဦးအောင်မြင့်က လာကိုင်တယ်လေ ........

အဖိုးသမီးပါ အခုပဲခူးကားဝင်းကနေ ဆက်နေတာပါ ဖေဖေနဲ့မေမေ နေကောင်းလား ...........

အေးကောင်းတော့ကောင်းပါတယ် ဒါပေမဲ့သမီးအဖေက စိတ်ဆိုးနေတယ် ဒါနဲ့ကောင်လေးကရော ..........

ရှိပါတယ် အဖိုးဘာဖြစ်လို့လဲ ..........

သူ့ကိုဖုန်းပေးလိုက် အဖိုးပြောစရာရှိတယ် ...........

ကိုကို ဒီမှာအဖိုးက ဖုန်းပြောချင်လို့တဲ့ .............

ဟဲလို ......... ကျွန်တော်ကိုဟိန်းပါ ...........ဆက်ရန်

No comments: