Sunday, March 16, 2008

အမိမြေလောက်တော့ကောင်းမည်မထင်ပါ

အပိုင်း ( ၂ )

ကိုဟိန်းဖုန်းကိုင်လိုက်တော့ အဖိုးဖြစ်သူ ဦးအောင့်မြင့်က ဦးညီထွဋ်အတော်ပင် စိတ်ဆိုးနေကြောင်း ပြီးတော့အိမ်သို့ပြန်မလာသေးရန်
ပြောနေတာကြောင့် ညီထွဋ်လဲ အဖိုးပြောသမျှကိုနားထောင်ကာ ဖုန်းချလိုက်ပြီး .............

ညီမလေးကိုခိုင်လင်းတို့က မြတီဘယ်မှာနေတာလဲ အဲဒီကိုဆက်သွားကြမယ်နော် ..........

အမကြီးမ၀ိုင်ကတော့ ပြောတာပဲ မြ၀တီအမှတ်လေးရပ်ကွက်မှာနေတာတဲ့ .............

ကဲမထူးတော့ပါဘူး ဒို့ဆက်သွားကြမယ် ...........

အဖိုးကဘာပြောလို့လဲကိုကိုရဲ့ အဖေအကြောင်းပဲလား ..........

အင်း ........ ဟုတ်တယ် ကဲပါပြောမနေပါနဲ့ ငိုလဲငိုမနေနဲ့တော့ ကိုကိုမှာ ပိုက်ဆံ ၉၆၀၀ ကျန်သေးတယ် သွားလို့တော့ရတယ် ......

ဒါနဲ့ကိုဟိန်းနှင့်လမင်းတို့ ပဲခူးကားဝင်းမှာ လက်မှတ်သွားဖြတ်လေသည် ရန်ကုန် - ဖားအံကားက ည ၇ နာရီတွင်ရောက်လာပြီး ခရီးဆက်
ထွက်ကြတော့သည် ကံဆိုးတာလား ကံပဲပြန်ကောင်းခြင်းလားမသိပါ ကားမောင်းသမားက လမ်းတွင်အိပ်ငိုက်ကာ လမ်းဘေးသို့ကားက
သုံးကြိမ်တိတိ ထိုးကြလေသည် ကံကောင်းထောက်မစွာဖြင့် ကိုဟိန်းရဲ့ အကူအညီကြောင့် ခရီးသည်အားလုံး ဒုကွ့မရောက်လိုက်ပါ ဒါနဲ့
ကားသမားလဲလမ်းပေါ်တွင် ကားကိုရပ်ကာ နှစ်နာရီကြာမျှအိမ်ပျော်သွားသည် ကားပေါ်လူတွေ အိပ်ပျော်သူရှိသလို မအိပ်တဲ့သူတွေလဲ
ရှိကြသည် အဲဒီအထဲမှာတော့ ကိုဟိန်းနှင့်လမင်းက ပိုလို့ပင်မအိပ်နိုင်ဘူးပေါ့ ...............

ကိုကိုကတော်တယ်နော် လမင်းဖြင့်အရန်းကို အံသြသွားတာပဲ ကိုကိုက ကားမောင်းဘူးလို့လား ........

မောင်းဘူးတာပေါ့ လမင်းရဲ့ ကိုကိုရန်ကုန်မှာနေတုန်းကဆိုရင် အလုပ်မရှိတော့ ညဘက်ကြရင် ဦးလေသက်ပြင်းနဲ့ ကားစပါယ်ယာလိုက်
ရတယ်လေ ဦးလေးသက်ပြင်းက လူရှင်းရင်ပေးမောင်းတာပေါ့ အဲဒီကနေစပြီး ကားကြီးတွေစမောင်းတတ်တာပေါ့နော် .......

ဒါလဲအတွေ့အကြုံတစ်မျိုးပဲနော် ကောင်းပါတယ်ကိုကိုရယ် လမင်းကတော့ ၀မ်းသာပါတယ် .......

ကဲညီမလေး အိမ်ချင်အိပ်တော့နော် ကိုကိုစောင့်ပေးမယ် ညီမလေးနိုးလာတော့မှ ကိုကိုအိပ်မယ်နော် .......

ရပါတယ် ကိုကိုရယ် မအိပ်တော့ပါဘူး ကိုကိုနဲ့စကားပြောကြတာပေါ့နော် ......

ကိုဟိန်းနှင့်လမင်းတို့စကားပြောနေရင်း ကားသမားက သူ့အိပ်ရေးဝပြီးဖြစ်ကြောင်း ပြောသဖြင့်ဆက်လက်ထွက်လာတော့ ဖားအံသို့နံနက်
၇ နာရီတွင်ရောက်လာကာ မြ၀တီသို့တက်မည့်ကားများက အဆင့်သင့်ရှိနေတာကြောင့် ကားပေါ်တွင်တက်ထိုင်နေလိုက်သည် ဖြစ်ချင်
တော့ ပါလာသည့်ငွေက မလောက်မှန်း ကားထွက်မှသိလိုက်ရသည် ဒါနဲ့ကိုဟိန်းက ကားသမားကို ပြောပြလိုက်တော့ ပါလာသည့်ငွေ
အကုန်လုံးကို ယူထားလိုက်တော့ ကိုဟိန်းအိပ်ကပ်ထဲတွင် ငွေနှစ်ဆယ့်ငါးကျပ်သာ ကျန်တော့သည် နှစ်ယောက်သား ထမင်းချိန်ရောက်
ပြန်တော့လဲ စားစရာကမရှိ ကားပေါ်မှာပါလာတဲ့ လူတွေကတော့ စားသောက်နေကြတာ အားရစရာပါပဲ ဘ၀ကိုရဲရင့်စွာ ရင်ဆိုင်ရင်းက
မြ၀တီကားဝင်းသို့ ရောက်ခဲ့ပါပြီး စစ်ဆေးရေးအဖွဲ့တွေကတော့ အားလုံးကိုစစ်ဆေးပြီး သွားမည့်နေရာများကို မေးကာလွှတ်လိုက်တော့
သည် ကိုဟိန်းနှင့်လမင်းလဲ မြ၀တီမြို့ထဲမှာ ဆင်းတော့မည်လုပ်တော့ နွယ်နီဆိုသော အမျိုးသမီးတစ်ဦးက အခုမှခိုးလာသည့်ထင်ကာ
ငွေ ၁၀၀၀ကိုပေးသွားလေသည် သူနေတဲ့နေရာပါပြောကာ ဆင်းသွားတော့သည်ပေါ့ မြ၀တီမြို့ကိုစရောက်တယ်ဆိုရင်ပဲ ကိုဟိန်းနဲ့လမင်း
ဘယ်သွားရမှန်းမသိတာကြောင့် လိပ်စာကိုပြလိုက်တော့ ပဲခူးကဆိုက်ကားသမားက စပြီးတော့လိမ်ပါလေရော နီးနီးလေးသွားရမည့်နေ
ရာကို ဆိုက်ကားသမားက တစ်ခြားလမ်းမှနင်းကာ ဒီနေရာကိုပဲ ပြန်ရောက်လာ၏ တောင်းပြန်တော့လဲ နှစ်ဆဖြစ်နေသည် ...........

ဘယ်လောက်လဲ အကို .........

၂၀၀ ပါ နင်းရတာကဝေးတယ်လေ ...........

ဟေ့ ကောင်ငါသိတာက မြ၀တီမှာ ဆိုက်ကားစီးရင် တစ်ယောက် ၅၀ ပါကွ မင်းကြမှ ၂၀၀ ပေါ့လေ ..........

အိမ်ရှေ့မှအသံကြောင့် ကိုခိုင်လင်းက ဆင်းလာပြီး ဆိုက်ကားသမားကို သူ့အမျိုးတွေလို့ ပြောလိုက်မှဆိုက်ကားသမားလဲ ပြန်ထွက်သွား
လေတော့သည်ကိုခိုင်လင်းကို လမင်းကပြောပြလိုက်တော့ ကိုခိုင်လင်းက အိမ်ပေါ်တွင်ခဏထိုင်ရန် ခေါ်နေတာကြောင့်ကိုဟိန်းနှင့်လမင်း
အိမ်ပေါ်တွင်ထိုင်လိုက်ရုံရှိသေးဗျာ ကိုခိုင်လင်းမိန်းမက ဘာစကားတစ်ခွန်းမှ မပြောပါပဲ ထမီကိုပေါင်လောက်အထိ ဆွဲတင်ကာအိမ်ပေါ်မှ
ဆင်းသွားပြီး အိမ်အောက်ရောက်တော့မှ လေသံမာမာနဲ့ ကိုခိုင်လင်းကို လှမ်းခေါ်လေပြီး အိမ်မှမထားရန် ပြောလေသည် ဒါကိုအကင်းပါး
သောကိုဟိန်းကြားသွားလေသည် ကိုဟိန်းကလဲ မြ၀တီတွင် သူ့ညီကိုဦးဆိုတာ ရှိလေသည် ဒါနဲ့ကိုဟိန်းက လမင်းကိုခေါ်ကာ အိမ်ပေါ်မှ
ဆင်းသွားလေသည် ကံကောင်းပါသည် ကိုဦးကမြ၀တီတွင်ရောက်နေသည်မှာ ၂ နှစ်နီးပါးရှိလေသည် သွားရှာလိုက်တော့ ကိုဦးကိုဆိုင်
ကယ်ဂိတ်တွင် တွေ့လိုက်ပါသည် .........ဆက်ရန်

No comments: