Sunday, March 16, 2008

အမိမြေလောက်တော့ကောင်းမည်မထင်ပါ

အပိုင်း ( ၃ )

ကိုဟိန်းဘယ်တုန်းက ရောက်လာတာလဲ ............

ညီလေးအကို ဒီနေ့ပဲရောက်လာတာလေ ...........

အခုဘယ်အိမ်မှာ နေကြတာလဲ အဆင်ရောပြေကြလား ..........

မပြေပါဘူးညီလေးရယ် အဲဒါဆီမှာနေလို့ရမည့် အိမ်ခန်းတစ်ခန်းလောက်ငှါးချင်တယ် ..........

ညီဖြစ်သူကိုဦးကအိမ်ငှါးပေးပြီး ကိုဟိန်းနှင့်လမင်းကို အစစအရာရာကူညီလေသည် နောက်ပိုင်းတော့ကိုဟိန်းလဲ ရရာအလုပ်ကိုလုပ်ရင်း
မြ၀တီတွင် ၂ ကျော်နေထိုင်ရင်း အလုပ်ကလဲ မယ်မယ်ရရမရှိတာကြောင့် အခန်းချင်းကပ်လျှက်ဖြစ်သော မင်းထက်ဇက်က ထိုင်းနိုင်ငံ
ထဲတွင်တောင်ယာ သွားလုပ်မည်ဆိုတာနဲ့ ကိုဟိန်းနှင့်လမင်းလဲလိုက်မည်ပေါ့ မြန်မာပြည်တွင်နေစဉ်က တောင်ယာဆိုတာ ဘာမှန်းမ
သိခဲ့တဲ့ ကိုဟိန်းနှင့်လမင်းတို့အဖို့တော့ တကယ်ကိုရင်လေးစရာပါ လမင်းကိုတော့ ကိုဦးကဆိုင်ကယ်နှင့်လိုက်ပို့သည် ကိုဟိန်းနှင့်မင်း
ထက်ဇက်ကတော့ လမ်းလျှောက်ပေါ့ မင်းထက်ဇက်ကလဲ သမီးသူဇာကိုပါ တောင်ယာလုပ်ရန် ခေါ်လာလေသည် သုံးယောက်သားလမ်း
လျှောက်လိုက်တာ ထိုင်းမြန်မာနယ်စပ် မင်းလက်ပံသို့ရောက်ခဲ့ပါပြီ ညီဖြစ်သူကိုဦးကတော့ လမင်းနှင့်အတူ မင်းလက်ပံမှာစောင့်နေတာ
ပေါ့ အားလုံးလူစုံတော့ ထိုင်းဘက်ကမ်းကို ကူးသွားကြတော့သည် သူများနိုင်ငံထဲကို ရောက်သွားတော့ သတိထားနေရသည် ထိုင်းရဲကို
ကြောက်ရသည်လေ လမ်းပေါ်မှာတော့ ကြာကြာမနေရဲပါ ဒါနဲ့ဖြတ်လမ်းကနေ တောထဲကိုဆင်းပြီး လယ်ကွင်းတွေကိုဖြတ်ကာ ထိုင်းနယ်
စပ်မြို့လေးဖြစ်တဲ့ မယ်ကုရွာသို့ ရောက်ခဲ့ပါပြီ လေးယောက်သား မနက် ၆ နာရီကလျှောက်လိုက်ရတဲ့လမ်း ညနေငါးနာရီမှရောက်တယ် ။

ကိုကိုရေ ရောက်တော့ရောက်ပါပြီ ဘာဆက်လုပ်ကြမလဲ ...............

ဒါတော့မယ်သိပါ့မလဲ ညီမလေးရယ် စပါးရိတ်ရမယ် ထင်တာပါပဲ ကဲပါအခုတော့ နားလိုက်တော့နော် ..........

ကံကောင်းချင်တော့ မယ်ကုရွာတွင် လမင်းတို့ရပ်ကွက်နားက ၀ိုင်းငယ်က အိမ်ထောင်ကြပြီး အဲဒီရွာမှာရောက်နေတာ ၃ နှစ်ရှိပြီလေ ညီခ
နှင့်ဝိုင်းငယ်က တောင်ယာအဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့ သူတို့နှစ်ယောက်ကတော့ ထိုင်းစကားလဲတတ်နေတာကြောင့် ရောက်လာသမျှမြန်မာ
ဟာသူတို့လက်အောက်မှာသာ နေကြရသည် သူတို့ကပဲ အလုပ်ရှာပေးတယ်လေ ရောက်တဲ့ညမှာ ပြသနာစတော့တာပဲ အတွေ့အကြုံ
ကလဲမရှိ လယ်ကွင်းဆိုတာကလဲ တစ်ခါမှမနေဘူးခဲ့တဲ့ ကိုဟိန်းနှင့်လမင်းအတွက်တော့ ငရဲပဲပေါ့ ညပိုင်းမှာတော့ ကိုဟိန်းနှင့်လမင်းတို့
အိပ်ယာက ပြောင်းဖူးတွေလှောင်ထားတဲ့ ပုတ်ထဲမှာပေါ့ တက်နင်းရင်ပြောင်းဖူးတွေက မညီညာလေတော့ ချော်လဲတာလဲရှိ အိပ်ရတော့
လဲ ကျောကနာ ကောင်းကောင်းလဲမအိပ်ရပါ အဲဒီရွာကိုစရောက်သူတွေက ပြောတယ်လေ ဒီမှာကမြင်းဆေးသမားတွေ ရှိတယ်တဲ့ထိုင်း
တွေပဲပေါ့ ညဘက်မှဆေးရူဖို့မရှိရင် တောင်ယာထဲက လူတွေဆီမှာ ရှိတဲ့ပိုက်ဆံလုတဲ့အပြင် သူတို့မထင်ရင် မိန်းကလေးတွေကိုပါ ရန်ရှာ
တာပေါ့ အဲဒီလိုခံခဲ့ရဘူးသူတွေလဲ ရှိသေးတယ်လေ .........

ကိုကိုရယ်အိပ်ရမှာ ကျောက်လိုက်တာ ညီမလေးတော့ မအိပ်ရဲဘူး ...........

ကဲပါညီမလေးရယ် ကိုကိုလဲကျောက်တာပဲ သေတော့လဲအတူတူပေါ့ကွာ ..............

နောက်နေ့တွေမှာတော့ မြန်မာတွေအများကြီးပါပဲ တွေ့လိုက်ရတော့ ကိုဟိန်းနှင်လမင်းဝမ်းသာရသည် ထိုင်းလယ်ပိုင်ရှင်က စေ့စပ်ပုံများ
စပါးနှံကိုတစ်နှံအောက်အကြမခံဘူးလေ ပြီးတော့သူကထိုင်တာလဲ မကြိုက်ပြန်ဘူး မနက်ရှစ်နာရီကနေ နေ့လည်၁၂နာရီအထိ လုံးဝကို
ထိုင်ခွင့်မရှိပါ ကိုဟိန်းနှင့်လမင်းတို့ကတော့ စပါးရိတ်မတတ်တာကြောင့် အရင်ရောက်နေသော မြန်မာများက ကူရိတ်ပေးတာကြောင့်တ
နေ့တာပြီးသွားခဲ့သည်ပေါ့ ညနေစောင်းတော့ ထိုင်းလယ်ပိုင်ရှင်က လူတစ်ယောက်ကို ဘတ်ငွေ ၇၀ ဆယ်စီပေးတယ်လေ ပြန်ကြတာပေါ့
ပြီးတော့ မိန်းကလေးတွေက တဲကိုပြန် ယောက်ကျားလေးတွေက စုပြီးတော့ရွာထဲမှာ ဈေးဝယ်ရတာပေါ့ .........ဆက်ရန်

No comments: