Sunday, March 16, 2008

အမိမြေလောက်တော့ကောင်းမည်မထင်ပါ

အပိုင်း ( ၄ )

ပိုက်ဆံရတာတော့ ကောင်းပါတယ်တနေ့ကို တစ်ယောက် ၇၀ ဟာ ၅၀ လောက်ဆုမိတယ်လေ ပိုလျှံတယ်လို့ ပြောရတော့မှာပေါ့ တနေ့
ကို ၁၀၀ ဆုကာကိုဟိန်းနှင့်လမင်းတို့ ဘ၀ကိုစခဲ့ကြရသည် ကိုဟိန်းကတော့နေတာ လိမ်မာလို့ထိုင်းသူဌေးတွေက သဘောကြလေသည်
တခါတလေများဆို ကိုဟိန်းက အချိန်ပိုဆင်းရလို့ အပိုငွေလေးတွေ ရလာတတ်သေးတယ်လေ စပါးရိတ် ပဲရိတ် ပြောင်းကြိတ်ကြရတာက
လည်း တစ်နေ့တစ်နေ့ အမောပေါ့ ဒီကြားထဲမှာနေကပူတာကြောင့် လမင်းကခဏခဏ နေမကောင်းဖြစ်သေးသည်လေ ထိုင်းသူဌေးများ
က မိန်းခလေးဆိုလျှင်အရေးပေးတတ်ပြီ ယောက်ကျားလေးတွေကိုလဲ အရက်မသောက်သူများကို အလေးပေးတတ်ကြသည် ........

ကိုကို ညီမလေး မလုပ်နိုင်တော့ဘူး ကိုကိုရယ် ခေါင်းတွေအရန်းမူးတာပဲ ............

မ၀ိုင်းငယ် ကိုညီခဝေ ဒီမှာလမင်းမူးလဲလို့ လာကြပါအုံး .........

ကိုဟိန်းသူမူးလဲတာက အရေးမကြီးဘူး တို့ကလာပြီးအုံနေလို့မရဘူး အကုန်လုံးအလုပ်ပြုတ်လိမ့်မယ် ၀ိုင်းငယ်ကိုပြောလိုက်ပါ .....

ညီခဝေကလည်း သူ့တာဝန်မဟူရဲတာကြောင့် ၀ိုင်းငယ်ကိုပြောလိုက်လေသည် ကံကောင်းချင်တော့ ထိုင်းသူဌေးက လမင်းတွင်ကိုယ်
ဝန်ရှိသည်ဟုထင်မှတ်ကာ အနားပေးလိုက်လေသည် နောက်ရက်တွေမှာတော့ လမင်းဟာအလုပ်မဆင်းနိုင်ပါ တဲမှာလည်းတစ်ယောက်
ထဲနေရင် မဖြစ်တာကြောင့်နေမကောင်းပေမဲ့ သူများတွေ အလုပ်လုပ်တဲ့နေရာမှသာ သွားရောက်နေထိုင်ရသည်လေ သူများနိုင်ငံမှာနေရ
တာက လူတစ်ယောက်ကို သတ်လိုက်တာ ကြက်ကလေးငှက်ကလေးလိုပါပဲ ဒီလိုနဲ့တစ်နေ့မှာတော့ တခြားတောင်ယာတဲမှအသံကြား
လိုက်ရတော့ ၀ိုင်းငယ်ကပြောလိုက်သည် လူမုန်းလေးတော့ သွားရှာပြီတဲ့ နံနက်လင်းတော့ ၈ နာရီလောက်မှာပဲ လူမုန်းလေးကို ထိုင်းရဲ
များက လာကောက်သွားသည် ...........

မ၀ိုင်းငယ် ကိုလူမုန်းလေးကို ဘာလို့သတ်သွားတာလဲ ..........

သူကလယ်ပိုင်ရှင်ရဲ့ ကြက်တွေကို ခိုးပြီးချက်စားတယ်လေ လယ်ပိုင်ရှင်ကပြောတာပေါ့ မင်းမြန်မာပြည်ကို ပြန်တော့တဲ့လေ မပြန်ရင်
ငါတို့က မင်းကိုသတ်မယ်လို့ အမိတ်ထုတ်လိုက်တာပေါ့ ဖြစ်ချင်တော့ ညီမလေးရယ် သူကမပြန်ပဲ ကြီးကြီးသေငယ်ငယ်ဖြစ်တယလို့
ခဏခဏပြောသေးတယ် ညီမလေးတို့လာတဲ့နေ့ကတောင် သူပြောသေးတယ်လေ ......

အော် ......... ဟုတ်တယ် လမင်းမှတ်မိသေးတယ် အဲဒီနေ့က ကိုကိုကိုယ်သူကပြောသေးတယ် ချောတယ်တဲ့ ပြီးတော့မြန်မာအရာရှိနဲ့
တူတယ်လို့ပြောပြီး ကိုကိုပတ်ထားတဲ့ နာရီကိုသူတောင်းသေးတယ်လေ ဟူးးးးးးးးး စိတ်မကောင်းလိုက်တာနော် ........

ကိုဟိန်းရေ ညနေကြရင်တော့ သတိနဲ့နေရမယ်ဟေ့ ...........

ဟာမင်းထက်ဇက်ကလဲကွာ ဘာတွေလာပြောနေတာလဲ ကြောက်ပါတယ်ဆိုနေမှကွာ .............

ကိုညီခဝေရေ စက်နိုးတော့လေ ..............

ငါလဲစက်နိုးနေတာပဲ မရဘူးဝိုင်းငယ်ရ လူမုန်းလေးများ သူ့သူဌေးကို မကျေနပ်လို့ လုပ်မရတာထင်တယ် ..........

ဒါဆိုရင် ကိုဟိန်းကိုအပ်လိုက်ပေါ့ ကိုဟိန်းကဆရာဖြစ်ဆေးထိုးထားတယ်လို့ လမင်းပြောဘူးတယ် စမ်းခိုင်းကြည့်ပေါ့ .......

လမင်းရေ ကိုဟိန်းကိုခဏလွှတ်လိုက်ပါအုံး ............

ကိုကို မ၀ိုင်းငယ်ခေါ်နေတယ် စက်နိုးမရလို့တဲ့လေ ..........

ကိုဟိန်းကလဲသူတတ်ထားတဲ့ပညာနဲ့ လုပ်ပေးလိုက်တော့ စက်နိုးလို့ရသွားသည်လေ စပါးကြိတ်ကြတာပေါ့ နေ့လည် ၁၂ နာရီထမင်းစား
တော့ မောင်ဘဲရောက်လာကာ ကိုဟိန်းကို အကူအညီတောင်းလေသည် သူ့သားလေး တစ်နှစ်ပဲရှိသေးတယ် မျက်လုံးကြီးလည်ပြီးငိုနေ
တာကြောင့် မောင်ဘဲလဲရွာထဲမှ တတ်သမျှဆရာတွေကို လိုက်ပြပါတယ် မောင်ဘဲကလဲလူမျိုးခြား ကုလားဖြစ်နေတာကြောင့် သိပ်မရုံ
ဘူးပေါ့ ဒါနဲ့မင်းထက်ဇက်က မောင်ဘဲနှင့်ကလေးကိုခေါ်လာကာ ကိုဟိန်းကိုကုခိုင်းပြန်တော့ ပြောသွားပြန်သည် ......... ဆက်ရန်

No comments: