Sunday, March 16, 2008

အမိမြေလောက်တော့ကောင်းမည်မထင်ပါ

အပိုင်း ( ၅ )

ကိုဟိန်းမင်းဘယ်လိုကုလိုက်တာလဲ ငါ့ကိုလဲပြောစမ်းပါအုံး .............

ဒီလိုမင်းထက်ဇက်ရ မနေ့ညက မောင်ဘဲက ထက်အောင် ညီခဝေ နောက်ပြီး စနေမောင်မောင်တို့နဲ့ အရက်သောက်ပြီးပြန်တယ်လေ
သူ့မိန်းမကကလေးကို အနောက်ဘက်မျက်နှာလှည့်ပြီး ချီလာတာ အနောက်ကနေ လူမုန်းက အရက်သောက်ချင်တော့ အိမ်အထိလိုက်
လာပြီး လူကြီးတွေကိုတောင်းတာလေ ဖြစ်ချင်တော့ မောင်ဘဲကမူးပြီးအိပ်နေတော့ ကလေးကိုကပ်နေတာပဲ ငါကသိနေတော့ သူကိုမ
ကပ်အောင်ပြောပေးလိုက်တာပါ ဒါနဲ့ကောင်းသွားတယ်လေ ..........

ကိုကိုရေ ကိုမောင်ဘဲလာနေတယ် ...........

ညီမလေးရေ လွှတ်လိုက်လေ ..........

ကိုဟိန်းရာ ကျွန်တော်လေ အရန်းကိုကျေးဇူးတင်ပါတယ် ကိုဟိန်းသာဘုရားဆိုရင် ကိုးကွယ်ထားပါတယ် .........

ဟာမောင်ဘဲရာ မင်းကလေ ကုလားပီပီပေါက်ကရပြောတော့မယ် မိုးကြိုးပစ်လိမ့်မယ် .........

ဟင် ကျွန်တော်က ယုံလို့ပြောတာပါ ပြောမရရင်တော့ တောင်းပန်ပါတယ် ကိုမင်းထက်ရယ် ..........

ကိုမောင်ဘဲ ကျွန်တော်ဆီကို ဘာလာလုပ်တာလဲ ကလေးရော နေကောင်းလား ဂရုစိုက်ကြနော် မင်းလဲအရက်သိပ်မသောက်နဲ့နော် .....

ဟုတ်ကဲ့ပါ ကိုဟိန်းကျွန်တော်နောက်ရှော့သောက်ပါ့မယ် ..............

အော်မသောက်ဖူးများပြောမလားလို့ မောင်ဘဲရယ် ခက်ပါ့ကွာ .................

ကိုကိုရေ ထမင်းစားမယ် ပြီးရင်လာတော့နော် စောစောစားပြီးပြန်အိပ်ကြမယ်နော် .........

လမင်းကစိုးရိမ်တာကြောင့် အလုပ်အားရက်မှာ ထမင်းကို ၄ နာရီထိုးတာနဲ့ ကြက်အောင်ချက်ပြီး စားပြီးတာနဲ့တဲပေါ်တက်ကာ အိပ်နေ
တော့သည် ကိုဟိန်းကတော့ ယောက်ကျားလေးမို့လား တဲမှာကလဲ မင်းထက် ညီခဝေ ကိုဟိန်း ယောက်ကျားလေးက သုံးယောက် မိန်း
ကလေးကလဲ ၀ိုင်းငယ် လမင်း မေစနိုး နွယ်နီနှင့်ချစ်ဖူး အားလုံးပေါင်းဆိုရင် ရှစ်ယောက်ရှိတာလေ ညဘက်ဆိုရင် အားလုံးကဘောင်းဘီ
အရှည်ကို နှစ်ထပ်ဝတ်ထားရတယ် ပြောရရင်တော့ မြင်းဆေးသမားကို ကြောက်ရတာပေါ့ ဒီအထဲမြန်မာဆေးသမားကပါသေးတယ် ။

ကိုကိုရယ် ဒီိမှာကြာကြာနေလို့တော့ မဖြစ်ပါဘူး ညီမလေးတို့မြ၀တီကိုပဲ ပြန်ကြမယ်နော် ..........

ပြန်တာပေါ့ ညီမလေးရယ် တောင်ယာတွေ့လဲ ပြီးကာနီးပြီလေ ..........

တူမလေး မေးစနိုးရေ ရေသွားချိုးတော့နော် သမီးပြီးမှ ဦးဟိန်းနဲ့အန်တီလမင်းတို့ သွားချိုးမယ် သမီးဖေဖေက ငရုပ်သီးသွားခူးတယ် မြန်
မြန်ပြန်လာနော်သမီး ..........

ဟုတ်ကဲ့ပါ အန်တီလေး .............

ကိုကိုရယ် ကိုမင်းထက်က သူ့သမီးကို ဂရုမစိုက်သလိုပဲနော် ညျီလေးကြည့်ရတာ တစ်မျိုးပဲ ......

ဒီလိုတော့လဲ ဘယ်ဟုတ်ပါ့မလဲကွာ သူကလဲ ကိုကိုတို့ရှိလို့ ထားခဲ့တာပါ ကဲကဲ ညီမလေးလဲ အ၀တ်လဲတော့ မမှောင်ခင်ရေချိုးရအောင်
ဟိုမှာမေစနိုးလဲ ပြန်လာပြီအတော်ပဲ လာလာသွားကြမယ် ........

ညပိုင်းမှာတော့ မင်းထက်ဇက်တို့သားအဖနှင့် ကိုဟိန်းနှင့်လမင်းတို့ အတူထမင်းစားကြပြီး ပြန်ရမည့်ရက်ကိုသာ ရင်တမမနဲ့စောင့်နေရ
တော့သည်ပေါ့ ဒီလိုနှင့်ဒုကွ့ဆင်းရဲမျိုးစုံကိုခံကာ တစ်လနှင့်နှစ်ဆယ့်ကိုးရက်ကြာပြီး မြ၀တီသို့ ပြန်လည်ရောက်ရှိလာကြသည် ....ဆက်ရန်

No comments: