Monday, March 17, 2008

အမိမြေလောက်တော့ကောင်းမည်မထင်ပါ

အပိုင်း ( ၆ )

မြ၀တီသို့ ပြန်လည်ရောက်ရှိလာပြီး ကိုဟိန်းနှင့်လမင်းတို့ ပါလာသောပိုက်ဆံနှင့် အိမ်ခန်းငှါးကာ အခန်းချင်းကပ်လျှက်မှ ကိုကိုမောင်နဲ့
ရင်နှီးပြန်သည် ကိုကိုမောင်က နဒီနဲ့အိမ်ထောင်ကြကာ နဒီမေမေက ငွေမက်တာကြောင့် ကိုကိုမောင်ကို အမြင်မကြည်ပါ အခုတော့
ကိုဟိန်းနှင့်ကိုကိုမောင်တို့ပေါင်းမိကာ မြ၀တီမြို့ကြံခင်းလမ်းရှိ ဆရာမဒေါ်နယ်သူ သိုးမွှေးစက်ဆွဲသင်တန်းတွင် အတတ်သင်၄၀၀၀ကျပ်
ဖြင့်စက်ဆွဲသင်ကာ ထိုင်းဘက်ကမ်းသို့ နောက်တစ်ခါ ပြန်ကူးရန် စီစဉ်ကြလေသည် ဒါနဲ့ဆရာမဒေါ်နယ်သူ သူ့အိမ်တွင်လာလာနေသော
ကယ်ဒီ မာမာအား ကိုဟိန်း လမင်း ကိုကိုမောင်တို့ သုံးယောက်ကို အပ်လိုက်လေသည် ကယ်ဒီမာမာကလဲ သူခေါ်လာသော မိန်းကလေး
ငါးယောက်နှင့်အတူ ကိုဟိန်းတို့သုံးယောက်ကို ခေါ်သွားလေသည် ထိုင်းဘက်ကမ်းသို့ စက်လှေဖြင့်ကူးသွားရလေသည် ထိုင်းဘက်ကမ်း
ရောက်တော့ ၂ နာရီကြာမျှထိုင်စောင့်ရသည်ပြီး မာမာလဲစိတ်မရှည်နိုင်တာကြောင့် ဖုန်းဆက်လိုက်တော့ သူဌေးမ စက်ရုံကကားတဲ့ လာ
ကြိုတာနဲ့ အားလုံးတော့ အလုပ်ရကြပြီပေါ့ ဒါပေမဲ့ထင်တဲ့အတိုင်း ဖြစ်မလာပါ မိန်းကလေးတွေကိုသာ ထိုင်းသူဌေးကလက်ခံပြီး ကိုဟိန်း
နှင် ကိုကိုမောင်ကိုတော့ လက်မခံပါ ဒါနဲ့အားလုံးက မလုပ်ဘူးပေါ့ အလုပ်သွားထပ်ရှာတာ စက်ရုံငါးရုံကြတယ် ဘယ်ရုံကမှ လက်မခံတာ
ကြောင့် ပါလာတဲ့သူတွေက သွေးပျက်ကြသည်လေ ကျန်မိန်းကလေး ၇ ယောက်က ပထမစက်ရုံတွင် အလုပ်ဝင်သွားတော့ ကိုဟိန်း
လမင်းနှင့် ကိုကိုမောင်တို့ကတော့ မာမာ၏လှည့်ကွက်ကို အလူးအလဲခံလိုက်ရတော့သည် ..............

ကိုဟိန်း လမင်းနှင့် ကိုကိုမောင် ဒီအိမ်မှာခဏနေခဲ့ အမအလုပ်သွားရှာပေးမယ် ...........

ဟုတ်ကဲ့ပါအမ ကျွန်တော်တို့ဒီကနေပဲ စောင့်နေပါမယ် ............

ညနေစောင်းတော့ မာမာကပြန်မလာတော့တာကြောင့် ကိုဟိန်းက ဘယ်လိုပ်ကြမလဲတိုင်ပင်တော့ ကျန်တဲ့နှစ်ယောက်လဲ ဘာလုပ်ရမှန်း
မသိတော့ပါ ဒါနဲ့ပဲခြံထဲမှာ အတူနေကြတဲ့ မြန်မာတွေကို မေးလိုက်တော့ မာမာထားခဲ့တဲ့အိမ်က ထိုင်းရဲချုပ်အိမ်တဲ့ တညအိပ်ရင် တစ်
ယောက်ကို ၁၀ ဘတ်ပေးရတယ်လေသည် ဒါနဲ့သုံးယောက်သာ ညအိပ်ချိန်မှာတော့ မမျှော်လင့်တဲ့ပြသနာနဲ့ ရင်ဆိုင်ရတော့သည် ......။

ညီမလေး ကိုကိုမောင် ထစမ်းထစမ်း ညိမ်ညိမ်ထိုင်နေနော် ............

ကိုဟိန်းဘာဖြစ်တာလဲ ..........

ဟာမင်းကလဲ အသံမကြားဘူးလား ခြံရှင်သားသောင်းကျန်းနေတယ် လက်ထဲမှာလဲ လွှစက်ကြီးနဲ့တွေ့လား ........

ကိုကိုဒီကိုလာနေတယ် လယ်လိုလုပ်ကြမလဲ ..............

ညိမ်ညိမ်လေးသာ နေစမ်းပါနောက်တော့ ကြည့်ကြတာပေါ့ .............

ဟေ့ ခိုင်နွန်း ထိနိ စိပ့်ဘတ်ဟိုက်လုရမ်း ( ဒီနားမှာ ဘယ်သူအိပ်နေတာလဲ ဆယ်ဘတ်ပေးပြီးပြီလား )

ကိုဟိန်းတို့သုံးယောက်က ကျောက်နေကြသည် စကားလဲနားမလည်ဘူးလေ တော်သေးတာပေါ့ ခြံထဲက မွေးစားသာ မြန်မာတစ်ယောက်
ရောက်လာပြီး ပေးပြီးသွားပြီပြောတော့ သက်သာရာရသွားသည် ဒါပေမဲ့ကောင်းကောင်းတော့ အိမ်မရဲတော့ပါ ညနေကထမင်းလဲမစားရ
တာကြောင့် အိပ်မပျော်တာ သူလာလုပ်တော့ ပိုကြောက်ရတာပေါ့ နောက်တစ်နေ့ နံနက်စာကို ထိုင်းမုန်းဟင်းခါးတစ်ပွဲဝယ်ယူပြီး သုံး
ယောက်စားကြသည် စားနေတုန်းမှာပဲ ထိုင်းရဲတွေ လာနေတယ်ဆိုတာကြောင့် ကိုဟိန်းကလမင်းကိုလက်ဆွဲကာ ကိုကိုမောင်က ပါလာ
တဲ့ခရီးဆောင်အိပ်ကိုဆွဲကာ အနီးနာရှိ ချောင်းထဲသို့ ခုန်ဲခထွက်ပြေးရပြန်သည် ..............ဆက်ရန်

No comments: