Tuesday, March 18, 2008

အမိမြေလောက်တော့ကောင်းမည်မထင်ပါ

အပိုင်း ( ၇ )

ဟေ့ကောင်လေးတွေ ပြန်လာတော့ရပြီ သူတို့တွေပြန်သွားကြပြီဆိုတော့မှ ကိုဟိန်းတို့သုံးယောက် ပြန်တက်လာရသည် ရေတွေကအေး
စက်နေတာကြောင့် လမင်းချမ်းလို့ပင် ခိုက်ခိုက်တုန် (တုံ)နေသည် ကိုကိုမောင်ကတော့ ကိုဟိန်းကိုပြောရှာတယ်လေ ပြန်ရအောင်တဲ့ ဒါ
ပေမဲ့ပြန်ဘို့က မလွယ်ပြန်ဘူး လမ်းကိုလဲမသိ ပြန်ရင်လဲလိုင်းကားစီးရင် ထိုင်းရဲကဖမ်းအုံးမည် ဒါနဲ့ပဲဆက်နေရတော့တာပေါ့ ဈေးကလဲမ
ဝယ်ရဲတာကြောင့် စက်ရုံထဲက မြန်မာအချို့ ထမင်းခိုးပေးကြတယ် တစ်ယောက်စာထမင်းကို သုံးယောက်မျှစားကြတာပေါ့ ဒီလိုနေခဲ့တာ
သုံးရက်မြောက်နေ့မှာတော့ ရဲအောင်ဆိုသော လူငယ်တစ်ယောက်က အလုပ်နားကာ ကိုဟိန်းတို့ သုံးယောက်ကို ပြန်ပို့မယ်ပေါ့ ရဲအောင်
ကလည်း ဆရာမဒေါ်နယ်သူနဲ့ တပည့်အ၇င်းတစ်ယောက်ဆိုတော့ ကိုဟိန်းတို့သုံးယောက်အတွက် ကံကောင်းရသည် ........

ကိုရဲအောင်ရယ် ကျေးဇူးတင်လိုက်တာရှင် ...........

ရပါတယ်လမင်းရယ် မြန်မာအချင်းချင်းပဲ ကူညီရမှာပေါ့ .........

ကျမကတော့ မြ၀တီမှာ မာမာကိုတွေ့လို့ကတော့ အသေကိုသတ်ချင်နေတာ တွေ့ပါစေ ..........

ကဲပါညီမလေးရယ် ပြောမနေပါနဲ့နော် ပြီးပါစေတော့ကွယ် ...........

ဘာလို့ပြီးရမှာလဲကိုကိုရဲ့ အခုကြည့်စမ်းငွေလဲ ၇၀၀၀၀ ကျော်ကုန်သွားပြီး ကိုကအားလုံးကို လမ်းစရိတ် စားစရိတ်စိုက်ရတာလေ .....

ကဲပါ အသာနေစမ်းပါ ကိုကိုစီစဉ်ပေးပါမယ် မာမာလာရင်သာ ကိုကိုကိုယ် ပြောစမ်းပါ ........

မြ၀တီကိုရောက်ပြီး ၇ ရက်လောက်နေတော့ မာမာရောက်လာသည် အဆင့်သင့်ပြင်ထားသော ကိုဟိန်းက မြ၀တီစခန်းမှ ရဲတပ်ကြပ်ပါပါး
ကိုခေါ်လာကာ မာမာကိုဖမ်းလိုက်တော့သည် အမှန်တော့မာမာကို ကယ်ဒီမူ့နဲ့ ဖမ်းလို့ရပါသည် ကိုဟိန်းက သမားတာကြောင့် လမင်းရှေ့
မှာအဖမ်းပြကာ ကားဂိတ်ရောက်ကာနီးပါ ရဲတပ်ကြပ်ပါပါးကိုပြောကာ ပြန်လွှတ်ပေးလိုက်ပြီး နောက်တစ်ခါလုပ်မစားတော့ရန် မှာလိုက်
လေတော့သည် လမင်းကလဲ ကျန်နေတဲ့ ငွေတစ်သိန်းကျော်နဲ့ ကိုဟိန်းအသက် ၂၈ နှစ်ပြည့်မွေးနေ့အတွက် ဆရာမဒေါ်နယ်သူဆီမှ သိုး
မွှေးစက်နှစ်လုံးကိုဝယ်ကာ ကိုဟိန်းနှင့်ဆရာမဒေါ်နယ်သူကို ဦးစီးကာလုပ်ကိုင်စေပြီး ဆရာမ ဒေါ်နယ်သူနှင့်အတူ မြ၀တီတွင် အိမ်ငှါးနေရပြန်သည် .........ဆက်ရန်

No comments: