အပိုင်း ( ၈ )
သိုးမွေးစက်ကတော့ အကြိုးပေးပါသည် ကိုဟိန်းကစက်ဆွဲသင်တာ စိတ်ရှည်တာကြောင့် ၇ ရက်ကို ၄၀၀၀၀ ကျော်ဝင်ငွေ ရှိလာသည်
နောက်ပိုင်းမှာ ဖြစ်ချင်တော့လမင်းက မိဘများစီကို ငွေပို့ချင်တာကြောင့် ငွေပို့ပို့နေလေသည် ကိုဟိန်းကလဲသူ့မိသားစုကို ငွေ့ပို့ပေးချင်
တာကြောင့် ကိုဟိန်းနှင်လမင်းတို့ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ရပြန်သည် နောက်ပိုင်းမှာတော့ ကိုဟိန်းကဘာမှမပြောတော့ပဲ လမင်း
သဘောသာလွှတ်ပေးလိုက်တော့သည် သိပ်မကြာလိုက်ပါ လမင်းရဲ့ဖခင် ဦးညီထွဋ် ဆီးချိုရောဂါကြောင့် ခြေထောက်တစ်ဘက်ဖြတ်
လိုက်ရလေသည် လမင်းကတော့ အိမ်ကိုပြန်သွားသည် ကိုဟိန်းကတော့မြ၀တီတွင် ကျန်နေခဲ့လေသည် အလုပ်ကလဲ နေတိုင်းတော့ရှိ
ပါတယ်ဒါပေမဲ့ သူဌေးက ငွေမရှင်းတာကြောင့် ကိုဟိန်းမြ၀တီမှာ ထမင်း ၇ ရက်ငတ်ခဲ့ရသည် .........
အော် ......... ငါ့နှယ်ကွာ ဖြစ်ချင်တော့ အိမ်ဘေးကပုဇွန်စာရွက်ကို ခူးပြီးတော့ ရေနဲ့ပြုတ်စားရတယ်လို့ ........တောက် ......
နောက်ပိုင်းမှာတော့ ကိုဖြိုးဆိုသော ဘိလိယက်ခုံ ပိုင်ရှင်နှ့င့်ကိုဟိန်း ရင်းနှီးသွားပြီး ကိုဖြိုးက ဆိုင်တွင်လာထိုင်ပေးပါရန်ပြောတာကြောင့်
ကိုဟိန်းဆိုင်တွင်သွားထိုင်ပေးရသည် ကိုဖြိုးက သူ့မိန်းမနေမကောင်းတာကြောင့် ကော့ကရိတ်သို့ ပြန်သွားလေပြီး ဆိုင်ကိုတော့ ကိုဟိန်း
နဲ့သာထားခဲ့လေသည် ကိုဟိန်းကလဲအစစအရာရာသူ့လက်သူ့ခြေ ဖြစ်လာလေသည် နောက်ပိုင်းတော့ ကိုဖြိုးယောက်ခမရောက်လာပြီး
ဆိုင်မှာတာဝန်ယူပေးရန် နေ့စားခတစ်နေ့ကို ၁၀၀၀ ပေးလေသည် ၁၀ ရက်လောက်ကြတော့ လမင်းပြန်ရောက်လာလေပြီ ဦးညီထွဋ်က
တော့ ခြေထောက်တစ်ဖက်မရှိတော့ပါ အဲဒီနောက်ပိုင်းတော့ လမင်းက ထိုင်းဘက်ကမ်းသို့ကူးပြီး စက်ချုပ်ရုံသို့သွားကာ အလုပ်လုပ်လေ
တော့သည် လမင်းက ၇ ရက်ကိုတစ်ခါပြန်လာပြီး သူ့၏စားရနေရာကို ကိုဟိန်းအားပြန်လည်ပြောပြလေသည် ......
ကိုကိုရယ် စားရတာလဲဆိုးလိုက်တာ စက်ရုံသူဌေးက ကြွေးခိုင်းတာ ကောင်းကောင်းပါပဲ ဒါပေမဲ့ချက်ကြွေးတဲ့ ထိုင်းမက ကြက်ရိုးကိုဖရုံ
သီးနဲ့ရောကျွေးတယ်လေ ပြီးတော့တစ်နေ့ကို ၅၀ ဘတ်လဲဖြတ်တယ် လုပ်ရတာစိတ်ကုန်တယ် အလုပ်အသစ်ထပ်ရှာမယ်နော် ........
သဘောပဲလေ ရှာချင်ရှာပေါ့ အဆင်ပြေတဲ့နေရာမှာ လုပ်ပေါ့ဒါမှ မင်းအိမ်ကိုငွေပို့နိုင်မှာလေ ................
ကိုဟိန်းကတော့ လမင်းကိုသိပ်မကြည့်တော့ပါ နောက်ပိုင်းမှာတော့ ကိုဟိန်းက ဘိလိယက်ခုံတွင် နေထိုင်ပြီး လမင်းကတော့ ထိုင်းဘက်
ကမ်းမှာနေကာ အလုပ်ရှာတော့ ကပ်ပီဘန်းရွာတွင် အလုပ်ရလေတော့သည် ထိုင်းသူဌေးက အကျင့်မကောင်းတာကြောင့် လမင်းလဲကို
ဟိန်းကို လာခေါ်သွားလေသည် ကိုဟိန်းကမလိုက်ချင်ပေမဲ့ လမင်းကအတင်းခေါ်တာကြောင့် လိုက်သွားလေသည် သူဌေးအိမ်ရောက်
တော့ ကိုဟိန်းကိုကြည့်ကာ သူဌေးကကိုဟိန်းလိုနူနယ်ပုံနဲ့ သူ့အိမ်မှာမဖြစ်ကြောင်း စကားပြန်နဲ့ပြောလေသည် ကိုဟိန်းလဲ လမင်းကိုစိတ်
မချတာကြောင့် လုပ်နိုင်ော့င်း အာမခံလိုက်လေသည် ကိုဟိန်းအလုပ်စ၀င်တယ်ဆိုရင်ပဲ ပြသနာစတက်တာက ထိုင်းသူဌေးက ဗမာတွေ
ဟာဆန်နီကြမ်းပဲ စားပါတယ်ဆိုပြီး သူတို့နိုင်ငံရဲ့ အညံ့ဆုံးဆန်ကိုသာ ပေးကျွေးလေသည် အလုပ်သမား ၂၀ ကျော်ကိုဆန်ကလဲနန် နီက
လဲနီ ကြမ်းကလဲကြမ်းဆိုတော့ အားလုံးက မစားနိုင်ပေမဲ့ သီးခံနေရသည် ........
ကိုကိုစားနိုင်ရဲ့လား ............
ဟင်း .......... မစားနိုင်တော့လဲ ဘယ်လိုလုပ်မလဲ ရောက်လာပြီးမှတော့ စားရမှာပေါ့ ......
ဒီနေ့တော့ သီးခံလိုက်ပါ ကိုကိုရယ် နောက်နေ့ကြရင် လမင်းဈေးဝယ်ပေးပါ့မယ် ..........
ရပါတယ်ကွာနေပါစေတော့ သူများနိုင်ငံပဲ ရွေးနေလို့ မရဘူးလေ ဒါပေမဲ့ရေရှည်တော့ ဖြစ်မယ်မထင်ဘူးနော် ဒီလကုန်ရင်ထွက်ကြမယ်
အေးလေ ကိုကိုသဘောပါပဲ .........
မထွက်လို့လဲ မဖြစ်ဖူးလေ ရွေးရတဲ့ပိတ်စတွေက ခွေးသေးပန်းထားတာတွေ အဲဒါတွေကိုထမ်းရတော့
လူကိုယ်မှအနာတွေပေါက်လာတယ် မဖြစ်ပါဘူးကွာ ငါမြန်မာပြည်မှာ မင်းကိုရှာကျွေးတာ ဒီထက်သာတယ်နော် .........
ဟုတ်ပါတယ်ကိုကိုရယ် လမင်းမှားတာပါ တောင်းပန်ပါတယ် ............ဆက်ရန်
Tuesday, March 18, 2008
အမိမြေလောက်တော့ကောင်းမည်မထင်ပါ
စာရေးသူ - ညီထွဋ် အချိန် - 10:20 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment