Tuesday, March 18, 2008

အမိမြေလောက်တော့ကောင်းမည်မထင်ပါ

အပိုင်း ( ၉ )

ကိုကိုရေ ဟိုမှာကောင်မလေးတစ်ယောက် ထိုင်ငိုနေတယ် ဘာဖြစ်တာလဲမသိဘူး သွားမေးကြည့်ရအောင်နော် .........

အေးလေမေးကြည့်ပေါ့ အကြောင်းရှိတော့လဲ ကူညီပေးလို့ ရတာပေါ့လေ .........

ညီမလေး ဘာဖြစ်လို့ ငိုနေတာလဲ အမဘာကူညီပေးရမလဲ ........

ရပါတယ်အမရယ် ကျွန်မဘ၀နဲ့ ကျွန်မကြောင်းရှိပါစေတော့ အဟင့် .......... အဟင့် ........

ခဏနေတော့ မေးမရတာကြောင့် ပြန်လှည့်ထွက်လာပြီး ပြန်ထိုင်နေရာ အတူရောက်နေသော ကောင်မလေးတစ်ယောက်က လာပြောပြ
လေသည်တော့ ဖြစ်ချင်တော့ ထိုင်းသူဌေးကအိမ်မှာ အလုပ်ခေါ်ခိုင်းကာ ကောင်မလေးကို မြေအောက်ခန်းအတွင်း ခေါ်သွားကာမတရား
ကျင့်လိုက်လေသည် နောက်ပိုင်းမှာတော့ ကောင်မလေးကို အကြတ်ကိုင်ထားပြီး သူ့ယောက်ဖနှင့်တစ်ခါ လွှတ်ပေးပြန်တော့ သူခမျာနှစ်
ခါဘ၀ပျက်ရသည်လေ ပြန်လို့ကလဲမဖြစ် လာတဲ့သူငယ်ချင်းတွေကလဲ သိနေတာကြောင့် သူ၏နေရပ်သို့ပင်လုံးဝ မပြန်ရဲတာကြောင့် ဒီ
နေရာမှာ ဆက်နေရကြောင်း ပြောပြလေသည် လမင်းကကိုဟိန်းကိုပြောပြတော့ ကိုဟိန်းလဲဒေါသ စိတ်တို့ပေါက်ကွဲလေသည် မရှိလို့
လုပ်စားပါတယ် လိုဖြစ်ရလားဆိုပြီး အတွေးတို့ယောက်ယက်ခတ်ကာ ကိုဟိန်းကိုတိုင် ကောင်မလေးကိုမေးတော့ သူပြန်ဖြေ့ပုံက .......

ညီမလေးက ဘယ်ကနေလာပြီး အလုပ်လာလုပ်တာလဲ ..........

သမီးက ပဲခူးကပါကိုကြီး .............

ညီမလေး အကိုအရင်တစ်ယောက်လို သဘောထားပြီး ညီမလေးဖြစ်တာကို ပြောပြပေးပါလား အကို့မှာလဲ ထိထိရောက်ရောက် ကူညီမဲ့
သူတွေရှိပါတယ် ညီမလေးကသာ တစ်ခုခုလုပ်မယ်ဆိုရင် အကိုကူညီပေးပါမယ် ............

အဲဒီသူဌေးက ပြောထားပါတယ် အခုညီမလေးဖြစ်တာကို ဘတ်လေးသောင်း ပေးပါမယ်တဲ့ပြီးတော့ သူ့ယောက်ဖကိုယူရင် ကောင်း
ကောင်းမင်္ဂလာ ဆောင်ပေးမယ်တဲ့လေ ညီမလေးကတော့ ပြန်လို့လဲမဖြစ်တာကြောင့် လက်ခံလိုက်ရပါတယ် ...........

မဖြစ်နိုင်ဘူးနော် ဒီသူဌေးပုံက လုပ်ပေးမဲ့ပုံမပေါ်ဘူး အဲဒီတော့သူတို့ပြောတာကို စောင့်မနေနဲ့ လုပ်သင့်တာလုပ်ပါ .........

နေပါစေတော့ အကိုရယ် ဘာမှလဲမလုပ်ချင်တော့ပါဘူး ............

သူကဘာမှမလုပ်ပါဘူးဆိုတာကြောင့် ကိုဟိန်းလဲဘာမှဆက်မပြောတော့ပါ ကိုဟိန်းအဲဒီစက်ရုံသို့ ရောက်ပြီး ၂၀ ရက်အကြာမှာတော့
စက်ရုံက ခေါင်းဆောင်အမျိုးသမီးရဲ့ ရီးစားကမလေးကနေ ပြန်ရောက်လာလေသည် မလေးကနေမြန်မာကို မပြန်ပဲထိုင်းသို့ဝင်လာကာ
စက်ပြင်အဖြစ် စက်ရုံသို့ဝင်ရောက်လုပ်ကိုင်တော့သည် တစ်နေ့သောညနေမှာတော့ ကိုဟိန်းကအလုပ်သွားရာ ဖုန်းကိုဖွက်ထားခဲ့ရာ မ
လေးပြန်ကတွေ့သွားပြီး ဖုန်းကိုယူပြီး တခြားတစ်ယောက်စီကို ဆက်လေသည် သူဌေးကဖုန်းရှိတာလဲသိရော ဘယ်သူ့ဖုန်းလဲလို့ စကား
ပြန်ကိုမေးတော့ ကိုဟိန်းဖုန်းမှန်းသိသွားလေသည် စကားပြန်ကိုသူဌေးက ဖုန်သိမ်းမည်ဟုပြောခိုင်းလေသည် ဖြစ်ချင်တော့ပြသနာကတ
နေ့ထဲနှစ်ခုတက်တာပေါ့ လမင်းကသူဌေးကို ပြန်ပြောလို့ပြသနာတက်တယ် ပြီးတော့ဖုန်းကြောင့်တစ်ခါဆိုတော့ ဒီနေ့အဖို့တော့ဒီစက်ရုံမှာ
ဆက်နေလို့မရတော့ပါ ဖုန်မသိမ်းခင်မှာ ကိုဟိန်းက အသိမိတ်ဆွေတွေကို ဖုန်းဆက်ထားပြီး အကူအညီတောင်းထားလေသည် ....ဆက်ရန်

No comments: