အပိုင်း ( ၁၀ )
ည ၁၁ နာရီလောက်မှာတော့ ကိုဟိန်းတို့ ၁၃ ယောက်အဖွဲ့ မြန်မာပြည်သားသုံးဦးက ကားနှင်လာပြီး ကယ်ထုတ်သွားခဲ့လေသည် ပစွ့ည်း
တွေကတော့ ရတာရောမရတာတွေပါ ကျန်နေလေသည် ကယ်ဆယ်ရေးအဖွဲ့က ထိုင်းနိုင်ငံရှိမြန်မာဘုန်းကြီးကျောင်းတွင် သွားထားပြီး
ပြန်သွားကြလေသည် အဲဒီညမှာတော့ အားလုံးသုံးရန် ဘတ်ငွေ ၁၀၀၀ ပေးသွားသေည် နောက်တစ်နေ့နံနက်တွင်ရောက်လာကြပြီး ဆန်
အိပ်နှစ်အိမ်လာပေးသွားလေသည် အကိုဟိန်းနှင့်နေခြည်ကိုလဲ ဘုန်းကြီးကခေါ်ကာ ဒီမှာပဲအလုပ်မရမခြင်းနေရမည်ဟု ပြောလေသည်
အားလုံးဘုန်းကြီးကျောင်းတွင် ကျောင်းဝေယာဝတ်စများလုပ်ပေးကြပြီး နေလာခဲ့ရာ ၁၀ ရက်လောက်ကြတော့ အလုပ်တစ်ခုရလေသည်
မဲဆော့က ထိုင်းရဲအိမ်တွင် စက်ချုပ်ရုံတည်ထောင်ထားပြီး အဲဒီရုံတွင်အလုပ်လုပ်ရသည် ဖြစ်ချင်တော့ ကိုဟိန်းကစက်မချုပ်တတ်တာ
ကြောင့် စက်ရုံကိုရောက်တော့ ပန်းရံလုပ်ရသည် တစ်နေ့ကိုသူဌေးမက ၅၀ ပေးလေသည် ကျန် ၁၂ ယောက်ကတော့ စက်ချုပ်ရတာပေါ့
ညပိုင်းတွင်တော့ သူဌေးမက ကိုဟိန်းကို စက်ချုပ်သင်ခွင့် ပြုလေသည် ကိုဟိန်း ၇ ရက်ကြာသင်လိုက်တော့ စက်ချုပ်တတ်သွားသည် ။
ပန်းရံအလုပ်များမရှိတော့တာကြောင့် ကိုဟိန်းကို သူဌေးမကလာခေါ်ပြီး အိမ်ဖေါ်မလေးက ကိုဟိန်းအမခေါ်နေတယ် ဆိုတာကြောင့်......
ကိုဟိန်းဒီမှာထိုင် ..............
ကိုဟိန်းကို အမက စက်ရုံမှာအလုပ်ခန့်မယ် တလကို ၁၅၀၀ ပေးမယ်လုပ်မလား ပစွ့ည်းတွေကို စစ်ပေးရမယ်နော် .....
ဟုတ်ကဲ့လုပ်နိုင်ပါတယ် .............
ဒါဆိုရင် ဒီညနေကစ၀င်ပါ အလုပ်တက်ရင်အမဆီကိုလာခဲ့နော် ..........
ဟုတ်ကဲ့ပါ အမ ..........
ထိုင်းသူဌေးမက မြန်မာပြည်သားတွေနှင့် နေတာများတာကြောင့် မြန်မာလိုအားလုံးပြော တတ်နေတော့အခက်အခဲမရှိပါ ကိုဟိန်းအလုပ်
စ၀င်တယ်ဆိုရင်ပဲ မြန်မာပြည်သားတွေက မနာလိုဖြစ်လာလေသည် ကိုဟိန်းအလုပ်စ၀င်ထဲက တိုက်ခိုက်ကြတာ ကိုဟိန်းတာဝန်ယူထား
တဲ့အထည်တွေကို ခိုးထုတ်ပြီး ရောင်းစားသူ အထည်ချုပ်စက်တွေကို ဖျက်သူများ စက်ခန်းအတွင်းရှိ စက်ရုံသုံးပစွ့ည်းများကို ခိုးယူကြပြီး
အမျိုးမျိုး ပြသနာရှာကြတော့သည် စက်ရုံတွင်လဲ လုပ်ငန်းများမတိုးတက်ပါပဲ ဆုတ်ယုတ်လာလေတော့သည် တစ်နေ့မှာတော့ ......
ကိုဟိန်းအမဘန်ကောက်ကို သွားရမယ် မင်းစက်ရုံကို ဂရုစိုက်ပေးပါ လိုအပ်ရင်အမဆီကို ဖုန်းဆက်နော် ..........
ဟုတ်ကဲ့ပါအမစိတ်ချပါ ကျွန်တော်လုပ်ထားပေးပါ့မယ် ...........
သူဌေးမခရီးထွက်ပါပြီဆိုကတည်းက မြန်မာပြည်သားတွေ ဖာတိပြတော့သည် နေ့စားဆိုတော့ အလုပ်ကိုကောင်းစွာ မလုပ်တော့ပါ ကို
ဟိန်းကလဲလူသစ်ဆိုတော့ ပြောလို့သိပ်မရပါ နောက်ပိုင်းမှာတော့ စက်ချုပ်ကျွမ်းကျင်တဲ့ လူတစ်ယောက်ကို ခေါ်လိုက်ကာ ထိမ်းသိမ်း
ခိုင်းလိုက်ပြီး ကိုဟိန်းကတော့ သူစောင့်လျှောက်ရမည်ကိုသာ အဓိကထားဆောင်ရွက်လေသည် ၂ လကျော်လောက် မြန်မာတွေဒုကွ့
ပေးလိုက်တာ သူဌေးမနှစ်ယောက် ဘတ် ၅၀၀၀၀ ကျော်ဆုံးရုံးသွားခဲ့လေသည် နောက်ဆုံးမှာတော့ သူဌေးမနှစ်ယောက်က စက် ၃၆ လုံး
ကိုတ၀က်စီခွဲကာ စက်ရုံပါဖျက်လိုက်ရလေသည် စက်ရုံဖျက်ပြီးနောက်မှာတော့ သူဌေးမက ကိုဟိန်းက မြ၀တီသို့ခဏသွားနေရန်ပြောပြီး
၁၀ ကြာရင်သူလာကြိုမည်ဟု ပြောလိုက်လေသည် အဲဒီနောက်ပိုင်းတော့ ကိုဟိန်းလဲ လမင်းနဲ့အဆင်သိပ်မပြောတာကြောင့် ၁၀ ရက်နေ
ပြီးသူဌေးမအိမ်သို့ ပြန်လာတော့ သူဌေးမက ကိုဟိန်းတစ်ယောက်ထဲကို ဘန်ကောက်သို့ ခေါ်လာကာ ကျန် ၃၅ ယောကိကျုတော့ အား
လုံးအလုပ်မှ ထုတ်ပြစ်လိုက်တော့သည် ကိုဟိန်းလဲ ဘန်ကောက်တွင် အေးချမ်းစွာ သုံးနှစ်နေထိုင်ပြီး မြန်မာပြည်သို့ ပြန်ရောက်လာပြီး
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရ နေရစားရတာ မလွယ်ကူကြောင်းကို ညီမဖြစ်သူအား ပြန်လည်ပြောပြလိုက်လေတော့သည် ..........ဒီမျှသာ
Tuesday, March 18, 2008
အမိမြေလောက်တော့ကောင်းမည်မထင်ပါ
စာရေးသူ - ညီထွဋ် အချိန် - 12:51 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment