Thursday, March 20, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၁ )

ဦးစောကမ်းသာယာ ခရီးထွက်ရမည်ဆိုသော သတင်းကြားလိုက်ရတယ်ဆိုရင်ပဲ နော်ဒေါ်ရစ်တစ်ယောက် ဒီတစ်ခါတော့ မသွားရန်တား
နေလေသည် ဦးစောကမ်းသာယာမှာက မသွားလို့မဖြစ်ပါ ဖားအံသစ်တောညွှန်မှူးမှ ဆင့်ခေါ်တာကြောင့် ဦးစောကမ်းသာယာက နော်
ဒေါ်ရစ် နှင့် ယောက်ဖဖြစ်သူ စောမောင်မိုက်တို့အားမှာပြီး သားကြီးဖြစ်သူ စောကိုဦး ၊ စောညီခဝေနှင့် နော်စမိုင်းမေတို့ကိုလဲ အမိုးဒေါ်ရစ်
အားဂရုစိုက်ကြရန်မှာကြားကာ လာကြိုသော စောထက်အောင်ကားနှင့်လိုက်သွားလေသည် နော်ဒေါ်ရစ်မှာ ဦးစောကမ်းသာယာ ပြော
သွားသောရက်ကို ပြန်မရောက်တာကြောင့် စိတ်ပူလေသည် တစ်နေ့သော ညနေစောင်းတွင်တွင်တော့ ဦးစောကမ်းသာယာ တောင်ကျော
အတက်တွင် ဆွဲမိုင်းကြောင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း နော်ဒေါ်ရစ်အား ဖားအံသစ်တော့မှ လာပြောလေသည် နော်ဒေါ်ရစ်လဲ သိသိ
ချင်းစိတ်မကောင်းကြီးစွာ ငိုကြွေးလေသည် စောမောင်မိုက်ကလဲ ညီမဖြစ်သူငိုနေတော့ အကြိုးအကြောင်းမေးလေသည် နော်ဒေါ်ရစ်က
ကလေးတွေကို အသိမပေးရန်တားပေမဲ့ စောမောင်မိုက်က အခုမပြောလဲနောက်ပြောရမှာ ဖြစ်တာကြောင့်ကလေးတွေကို အသိပေးခိုင်း
လိုက်လေတော့သည် ...........။

သားကြီးစောကိုဦး သားတို့ပါးပါးမရှိတော့ဘူးကွဲ့ ................

ဟင် ......... အမိုးဘယ်လိုဖြစ်တာလဲ သားကိုပြောစမ်းပါအုံး ........ အမိုး.......အမိုး ........ သားမေးနေတယ်လေ.......

သားတို့အဖေ ဆွဲမိုင်းထိသွားတယ်လို့ ပြောတာပါပဲကွယ် အမိုးလဲမတွေ့ရဘူး .............

ဒီကောင်တွေ တောတွင်းအဖွဲ့တွေပဲ ဖြစ်ရမယ် နေအုံးပေါ့ကွာ မင်းတို့ကို အပါးကိုစားလက်စားချေရမယ် ........

နော်ဒေါ်ရစ်က စောညီခဝေနှင့် နော်စမိုင်းမေကိုတော့ မပြောပဲထားလိုက်လေသည် စောကိုဦးကတော့ ငယ်စဉ်ကတည်းက လူမိုက်တစ်
ယောက်လိုနေတာကြောင့် စောကိုဦးကိုဖခင်အတွက် ကလဲ့စားချေရန် အမြဲတိုက်တွန်းအားပေးလေသည် နော်ဒေါ်ရစ်ကလဲ ဦးစောကမ်း
သာယာသေဆုံးခြင်းဟာ ဘယ်သူကြောင့်ဆိုတာ အတတ်သိထားသည်လေ .............။

စောကမ်းသာယာ စောသက်ပြင်းနှင့် နော်ဒေါ်ရစ်တို့သည် ငယ်စဉ်ကလေးဘ၀ထဲက အရန်းချစ်ကြသော သူငယ်ချင်းများဖြစ်ပြီး ကျောင်း
ပြီးသွားတော့ စောသက်ပြင်းက နော်ဒေါ်ရစ်ကို ချစ်ရေးဆိုခဲ့ရာ နော်ဒေါ်ရစ်မှာ စောသက်ပြင်းကို မချစ်တာကြောင့် ချစ်ဦးသူစောကမ်းသာ
ယာကို လက်ထပ်လိုက်ခြင်းဖြစ်သည် စောသက်ပြင်းကလဲ နော်ဒေါ်ရစ်ကို စိတ်နာကာတောတွင်း သူပုန်ဖြစ်သွားပြီး ဗိုလ်သက်ပြင်းဟုနာ
မည်ကြီးလာလေသည် စောကမ်းသာယာကတော့ ဒီအကြောင်းတွေကို လုံးဝသိမထားခဲ့ပါ ရိုးသားသူပီပီ သစ်တောတွင်သာ အလုပ်လုပ်
ခဲလေသည် .......။

အမိုး ........ အမိုး .........ဘာတွေစဉ်းစားနေတာလဲ ............

စောညီခဝေ၏ ခေါ်သံကြောင့် နော်ဒေါ်ရစ် အတွေးစတို့ ပြတ်တောက်သွားလေတော့သည် .........ဆက်ရန်

No comments: