Thursday, March 20, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၂ )

မိသားစုထမင်းဝိုင်းလေးမှာတော့ စောကမ်းသာယာနေရာတွင် နေရာလွတ်နေတာကြောင့် နော်ဒေါ်ရစ်မျက်ရည်ဝဲခဲ့ရသည် စောမောင်မိုက်
ကတော့ ကလေးတွေစိတ်မကောင်းဖြစ်မှာ စိုးတာကြောင့် ညီမဖြစ်သူကို မျက်စပစ်ကာထမင်းစားရန် ပြောလိုက်လေသည် နော်ဒေါ်ရစ်က
တော့ အပူမီးဝိုင်းတောကြောင့် ထမင်းမစားနိုင်ခဲ့ပါ .........................

................................................ ၁၀ နှစ်ခန့်ကြာသော် ......................................

စောကိုဦးမှာ မိဘများစကားကို နာမထောင်ပါပဲ ပျက်စီးချင်တိုင်း ပျက်စီးနေလေသည် ၁၀ တန်းလဲမအောင် နေချင်သလိုနေတာကြောင့်
နော်ဒေါ်ရစ် စိတ်ဆင်းရဲရလေသည် သားလတ်ညီခဝေကတော့ ပညာရေးကို ဂရုစိုက်တာကြောင့် ကြောင်းပြီးကရွာမှာ ကျောင်းဆရာလုပ်
နေသည် နော်စမိုင်းမေကလဲ ဖခင်ဆုံးသွားကြောင်းကို နောက်သိရလို့ မိခင်ဖြစ်သူကို သိပ်ဂရုမစိုက်ပါပဲ စောကိုဦးလမ်းစဉ်ကိုသာ လိုက်နေ
သည်လေ စောညီခဝေကတော့ ကျောင်းဆရာပီပီ အားလုံးကိုဆရာလုပ်ချင်သည်ပေါ့ ဒါကိုမနှစ်သက်သော စောကိုဦးနှင့် နော်စမိုင်းမေတို့
ဟာ စောညီခဝေနှင့်ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ခဲ့ရသည် ................။

ကိုကြီး အမိုးက ငါတို့ကို သိပ်မချစ်ဖူးဟ .........

ညီခဝေကိုပဲ အမြဲဦးစားပေးနေတယ် ငါကတော့သိပ်သဘောမကျဘူးဟာ ..............

အမိုးကချစ်မှာပေါ့ သူကကျောင်းဆရာလေ ပညာကလဲ ငါတို့ထက်သာနေတာကိုး နင်လဲအဲဒီလို ကြိုးစားပါလား .........

ဟာမဖြစ်ပါဘူး ကိုကြီးရာ ငါတို့တွေအပါးမရှိထဲက ဘာမှကိုအဆင်မပြေတာ ဒီလိုအ၀န်စုတ်နဲ့လဲ ကျောင်းမတက်ချင်ပါဘူး ...........

တော်ပါတော့ဟာ ငါလဲအဲဒါကြောင့် ကျောင်းမတက်ချင်တာပေါ့ အပါးရှိတုန်းကဆို ကျောင်းမှာအပျံစားပဲနေရာတာလေ ..........

နော်ဒေါ်ရစ်ဟာ သားနှင့်သမီးကို ထမင်းစားရန်လာခေါ်ရာ သားနှင့်သမီးစကားကြောင့် မခေါ်ပဲနားထောင်နေရာ စောမောင်မိုက်က နော်ဒေါ်
ရစ်ဘာများကြည့်နေလဲလို့ လာကြည့်ရမှ စိတ်မကောင်းစရာကို ကြားလိုက်ရတော့ ထမင်းဝိုင်းတွင် စောကိုဦးနှင့်နော်စမိုင်းမေတို့ကို ဒီလို
မပြောကြရန် ပြောပေမဲ့စောကိုဦးနှင့်နော်စမိုင်းမေကတော့ လုံးဝကိုနားမထောင်ခဲ့ပါ နော်ဒေါ်ရစ်လဲစိတ်မကောင်းကြီးစွာဖြင့် ကျမ်းမာရေးပါ
ထိခိုက်လာတော့သည် ..........ဆက်ရန်

No comments: