Thursday, March 20, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အခန်း ( ၄ )

ကိုနယ်သားနှင့် ဒေါ်နယ်သူမှာ ရွာထဲတွင်အချမ်းသာဆုံးဖြစ်တာကြောင့် ကိုနယ်သားအိမ်ကို ကျားသစ်နက်မသုံးယောက်က ၀င်ရောက်ပြီး

အဖိုးကြီးနဲ့အဖွါးကြီး မသေချင်ရင် ညိမ်ညိမ်နေစမ်း ပစွ့ည်းတွေ ဘယ်နားထားလဲ ပြောစမ်း ........ မြန်မြန်ပြောနော်

မလုပ်ကြပါနဲ့ရှင် အဒေါ်တို့မှာက ဘာမှရှိတာမဟုတ်ဘူးကွယ် ရှိစုမဲ့စုမှ ၃၀၀ ကျော်နဲ့ရွှေလေး ၈၀ သားလောက်ပါပဲကွယ် ........

ဟာ ဒီအဖွါးကြီးနဲ့တာ အကုန်ပြောရလား သေတော့မှာပဲ ..........

ရှင်ကလဲတော့ ကျုပ်လဲကြောက်ကြောက်လန့်လန့်နဲ့ ပြောမိတာပါ .................

ဟိတ်စကားများမနေနဲ့ ဘယ်မှာထားလဲ ပြောစမ်း ..........

လူတို့ရန်မရှာပါနဲ့ကွယ် ဟိုကုတင်အောက်မှာ အကုန်ရှိပါတယ်ကွယ် ...........

ပူတူးအဖိုးကြီးနဲ့အဖွါးကြီးကို ကြိုးတုတ်ထားလိုက် ပြီးတော့ပါးစပ်ပါပိတ်ထား ကြားလား .......

ချစ်ဖူးကရှိတာတွေအကုန်ထည့် ပြီးရင်အောက်မှာစောင့်နေ ...........

ဟေ့ကောင်တွေ ရှိတဲ့ပစွ့ည်းတွေ အကုန်သိမ်းစမ်း ................

ရွားသားတွေအားလုံးက ရှိတာတွေပေးပြီးပါပြီဗိုလ်သက်ပြင်း ခက်တာက ဒီအဖွါးကြီးက ဘာမှမရှိဘူးညင်းနေတယ် .........

ဘယ်သူလဲကွ ငါ့ဆီကိုခေါ်ခဲ့စမ်း သက်ပြင်းရာဇ၀င်ကို ဒုတ်နဲ့ထိုးချင်တာလား ဒါမှမဟုတ်သက်ပြင်းအကြောင်း မသိသေးတာလား .....

အဖွါးကြီးသွားစမ်း ဗိုလ်သက်ပြင်းကို ကောင်းကောင်းဆက်ဆံလိုက်နော် မဆက်ဆံရင်တော့ အသက်ပါပြောက်လိမ့်မယ် ဟား ....ဟား

ဟေ့ ခေါင်းပေါင်းဖွင့်လိုက်စမ်း ........... ပြောနေတာကြားလား တောက် ........ ငါတယ် လုပ်လိုက်ရရင်တော့ .............

ဟိုအဖွါးကြီး ဆရာကြီးပြောနေတာ မကြားဘူးထင်တယ် ဆရာကြီးရှင်းဖြစ်လိုက်ရမလား ..........

ဟေ့ကောင်ငဟိန်း မင်းကိုငါပြောထားတယ်လေ ရိုးရိုးသားသားဓားမြတိုက်စမ်းပါ လူမသတ်ပါနဲ့ ဖယ်စမ်းငါကိုယ်တိုင်ကြည့်မယ် ......

ညအမှောင်ကြောင့် အသဲမကွဲဖြစ်နေပြီး ဦးသက်ပြင်းခေါင်းပေါင်းစကို ဆွဲဖွင်လိုက်ချိန်မှာတော့ ဟင် ....... နော်ဒေါ်ရစ် .......

ဟုတ်တယ်ငါပဲ နင်ကတယ်လဲမိုက်တွင်းနက်နေတာကိုး .......

အဲဒါမင်းကြောင့်ပေါ့ နော်ရစ်ရယ် မင်းနဲ့ဝေးသွားထဲက ငါဘ၀ကိုရေစုန်မျောခဲ့တာပဲ ........

ဘာဆိုင်လဲ နင်းကောင်းကောင်းလုပ်စားလဲရတာပါပဲ သက်ပြင်းရယ် ............

ပြောမနေပါနဲ့ နော်ရစ်ရယ် ငါလဲအချိန်မရဘူး ရောနင်ဒါတွေယူထားလိုက် ငါတို့အဖွဲ့ရွာထဲကနေ သွားတော့မယ် ........

မယူဘူး နင်တို့လိုမသာမာတဲ့ငွေတွေကို ငါမလိုချင်ဘူး ပြန်ယူသွား .......

ဗိုလ်သက်ပြင်းက နော်ဒေါ်ရစ်ကို လှည့်မကြည့်တော့ပါ အဖွဲ့အားလုံးကိုခေါ်ကာ ရမျှကိုယူပြီး ရွာထဲမှပြန်ထွက်သွားတော့သည် နော်ဒေါ်ရစ်
ကတော့ လူအများသိသွားမှာစိုးတာနဲ့ ဗိုလ်သက်ပြင်းပေးခဲ့သော ရွှေနှင့်ငွေသားများကို ကောက်ထားလိုက်လေသည် ........ဆက်ရန်

No comments: