Thursday, March 20, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၅ )

ဖားအံတပ်မဟာ ဌါနချုပ်အစည်းအဝေးရုံးခန်း ...........

ခိုင်လင်း ပါပါး ကိုဖြိုး ဝေယံ မိုးဇေ မင်းမင်း ဟိန်းထက် သူရိန်ကို နေမင်းခ ရန်လင်း မင်းသူ မင်းထက်ဇက် နေမျိုးဦး ဖြိုးငယ် .........

အခုမင်းတို့ ၁၄ ယောက်ကိုခေါ်ရတာကတော့ မနေ့က ဖိုးတောင်သူရွာမှာ ဓားမြတိုက်သွားတယ် အဲဒါကိုဒို့စစ်ကြောင်းက လိုက်ရှင်းပေး
ရလိမ်မယ် အထက်ကအိတ်ကတော့ ဗိုလ်သက်ပြင်းကို အရှင်ဖမ်းပေဘို့ပါပဲ တတ်နိုင်ရင်အားလုံးကို အရှင်လိုချင်တယ် စသည်အားဖြင့်
ပေါ့ ဗိုလ်မှူးဂျစ်တူးမှ မှာကြားကာ လိုအပ်သည်များကို နောက်ထပ်မှာကြားရင် ဗိုလ်ကြီးခိုင်လင်းနှင့် ဒုဗိုလ်ပါပါးကိုတော့ ဒီလိုရှိပါ ......

အခုမြေပုံအရဆိုရင် ရန်သူက ဒီကနေသွားတယ် အဲဒီတော့ ဗိုလ်ကြီးခိုင်လင်းကဦးဆောင်ပြီး ဒုဗိုလ်ပါပါးနှင့်လက်တွဲပေးပါ ကျန်တဲ့သင်
တန်းဆင်းဗိုလ်များကလဲ ဗိုလ်ခိုင်လင်းဦးဆောင်မှူ့ကို လက်တွေ့သင်တန်းအနေနဲ့ လုပ်ရှားပေးရမယ် အဲဒီတော့ အခုထွက်ရမဲ့ စစ်ကြောင်း
က လူနည်းတာကြောင့် ပင်ပန်းမယ် ဆင်းရဲမယ် အစာရေစာပြတ်တောက်တာ ဖြစ်ကောင်းဖြစ်မယ် ဒီဒဏ်တွေကိုခံနိုင်ရမယ် အဲဒီတော့
မြေပုံကို အသေးစိတ်ကြည့်ရမယ် အခုဆိုရင် ရန်သူက ဒီနေရာမှာရှိတယ် ဒီနေတောင်ကျောကိုဖြတ်ရင် မြ၀တီကိုရောက်မယ် အဲဒီကနေ
ဗိုလ်သက်ပြင်းအဖွဲ့ဟာ မဲ့ဆော့ကိုဝင်ပြီး ထိုင်းကနေ မြန်မာဘက်နဲ့ ရာဘအရောင်းအ၀ယ် နောက်လူကုန်ကူးတာတွေကို စတင်လူပ်ရှား
နေတယ်လို့ သတင်းရထားတယ် ကဲဗိုလ်ကြီးခိုင်လင်း ဘာမရှင်းတာရှိသေးလဲ မရှင်းရင်မေးနိုင်ပါတယ် ..............

ဗိုလ်မှူးဂျစ်တူးခင်ဗျာ ကျွန်တော်တို့သွားမည့် ခရီးစဉ်ကကြမ်းတမ်းတာကြောင့် မြ၀တီရောက်ရင် မြို့ခံတွေကို ပေါ်တာဆွဲလို့ရပါသလား ..

အဲဒါတော့ အထက်ကခွင့်မပြုဘူး ပြီးတော့နားလည်မူ့နဲ့လဲ လုပ်လို့မရဘူး အဲဒီတော့ အခု ၁၄ ယောက်ကလုံလောက်ဆောင် ပြင်ဆင်ပါ
လက်နှက်အင်အားအပြည့်ဖြစ်ပါစေ ရိပ်ခါကိုတော့ မြ၀တီအထိပို့ပေးလိုက်ပါမယ် အခုလက်ရှိမင်းလက်ပံရွာက လူကြီးကိုလဲ လိုအပ်တာ
စီစဉ်ခိုင်းထားပါတယ် မြ၀တီရောက်ရင် မင်းလက်ပံမှာ စခန်းခြပါ ရှင်းပြီလား ..............

ရှင်းပါတယ် ဗိုလ်မှူး ..............

ရှင်းရင် ဆက်လုပ် ...............

ပါပါးနဲ့ ကျန်တဲ့ညီလေးတွေက မြေပုံကိုနားလည်အောင်ကြည့်ပါ မရှင်းရင်မေးပါ အကိုကတော့ နှင်းဖြူကိုသွားနူတ်ဆက်လိုက်အုံးမယ် ....

ခက်ပါ့ကွာ သူကဗိုလ်ကြီးဆိုတော့ လုပ်ထားပေါ့ ငါလဲခေါ်သံလေးစီကို သွားချင်တာပေါ့ .........

ခက်တာပဲ အကိုပါပါးရယ် အဲဒီလိုဆိုရင် ကျွန်တော်တို့လဲ သွားချင်တာပေါ့ .............

ဟေ့ကောင်တွေလာ မြေပုံကြည့်မယ် လျှာမရှည်ကြနဲ့တော့ ............

ဒုဗိုလ်ပါပါး ဟောက်လိုက်တာကြောင့် သင်တန်းဆင်ဗိုလ်များ ကုတ်ကုတ်နဲ့အနားသို့ ရောက်လာလေသည် ........ဆက်ရန်

No comments: