Friday, March 21, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၆ )

စောကိုဦးတစ်ယောက် တောင်ခြေမှာထိုင်နေရင် အတွေးတို့လွင့်မျော်နေချိန် စတိုင်ကြကြ ၀တ်စားထားသူတစ်ဦးအနားသို့ ရောက်လာ
လေသည် လည်ပင်းလက်တို့တွင်လဲ ရွှေတွေသီးနေအောင် ၀တ်ဆင်ထားသော ရဲအောင်ရောက်လာပြီး ...........

စောကိုဦး ဘာတွေစဉ်းစားနေတာလဲကွ မင်းကြည့်ရတာ အဆင်ပြေပုံမရဘူး ငါဘာကူညီပေးရမလဲ .................

ဟာရဲအောင် မင်းရွာကနေ ပြောက်သွားလိုက်တဲ့ ၅ နှစ်အတွင်းမှာ ဒီလောက်တောင် ပြောင်းလွဲသွားတယ်ပေါ့လေ .........

ပြောင်းလွှဲတာပေါ့ကွာ ငါမဲ့ဆော့ကိုရောက်ပြီး ခွင်ကောင်းမနေတာကွ မင်းရောငါ့လိုမနေချင်ဘူးလား .............

နေချင်တာပေါ့ကွာ မင်းဘယ်တော့ပြန်မှာလဲ မင်းပြန်ရင်ငါလဲလိုက်ခဲ့မယ် ဖြစ်မှာလား ........

ဖြစ်ပါတယ်ကွာ ကဲဒါဆိုငါလဲ ရွာထဲသွားလိုက်အုံးမယ် မင်းပါလိုက်ခဲ့လေကွာ လာသွားစို့ .............

ရွာထဲမှာတော့ ရဲအောင်ရဲ့ တိုးတက်ပြောင်းလွဲမူ့ကို အားလုံးကအံသြနေကြသည် လူတိုင်းကလဲရဲအောင်ကို အားကြနေသည်ရဲအောင်က
လဲလူကို တစ်ယောက်ပဲစိတ်ချလက်ချ ခေါ်သွားလို့ရမည် လူများနေပါက သူ့ဆရာကြီးနှင့်စကားတွေ အများကြီးပြောနေရမှာ စိုးရိမ်မိနေ
လေသည် ရွာထဲတွင်ရဲအောင် တနေကုန်လျှောက်လည်ပြီး ညနေစောင်းတော့ စောကိုဦးကိုခေါ်ကာ တောစပ်သို့ထွက်လာပြီး သူ့၏စခန်း
ရှိရာသို့ ပြန်လာလေတော့သည် .................

ဆရာကြီးရဲအောင်ပြန်လာပြီ လူတစ်ယောက်ပါလာတယ် .............

ဟာဒီကောင်ကတော့ လုပ်လာပြန်ပြီ သွားခေါ်လာစမ်း ငါခေါ်နေတယ်ပြောလိုက်ကွာ ................

ငါးသုံးလုံးစီးကလက်ကို သောက်ရင်းအနီးနားရှိ စားပွဲပေါ်ကို ခြေထောက်နှစ်ချောင်းတင်ကာ အခန့်သားထိုင်နေသူ့ရှေ့သို့ ရအောင်ရောက်
လာပြီး ဆရာကြီး ကျွန်တော်ရောက်လာပြီ ပြီးတော့ဆရာကြီးအတွက် အားကိုးရမည့်သူ တစ်ယောက်ပါခေါ်လာကြောင်း ပြောလိုက်တော့

အေးကွာမင်းပြောသလို ဆိုရင်တော့အားကိုးရတာပေါ့ ........... ဖြောင်း ..........ဖြောင်း ......... ဖြောင်း ..........

လက်ခုပ်သုံးချက်တီးလိုက်တာကြောင့် စခန်းမှလက်ရုံးတပည့်များ ရောက်လာကာ စောကိုဦးအား တိုက်ခိုက်တော့သည် စောကိုဦးကလဲ
ငယ်စဉ်ကထဲကမိုက်တံင်းနက်သူ ဖြစ်နေတာကြောင့် တော်ပါတယ်ဆိုတဲ့ လက်ရုံးတပည့်တွေ အတုံးအရုံးလဲကြကုန်သည် နောက်တစ်ခါ
ပြန်ထလာတော့ ဆရာကြီးဆိုသူက ..............

ဟေ့ကောင်တွေ သွားကြတော့ အသုံးမကြတဲ့ကောင်တွေ သွားကြစမ်း ...........

ကောင်းပြီရဲအောင် မင်းသူငယ်ချင်းကိုကြိုက်သွားပြီ ဒါဆိုမင်းသူငယ်ချင်းကို လိုအ်ပတာလေး လုပ်ပေးလိုက်ပါ လာမည့်အပတ်မှာ အရည်
ချင်းစမ်းမယ် မင်းတို့သွားနိုင်ပြီ အော် ........... နေအုံးကွ ငါနာမည်လေးမှတ်သွားအုံး ..........

ဟေ့ကောင်မင်းတို့ဆရာကြီး ဦးညီထွဋ်က ဘာတွေလုပ်တာလဲကွ ................

နောက်တော့မင်းသိမှာပေါ့ကွာ လာလာသွားမယ် ............... ဆက်ရန်

No comments: