Saturday, March 22, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၇ )

သမီးမိုးမစဲရေ ရဲအောင်ကိုလွှတ်လိုက်ပါအုံး ..............

ဟုတ်ကဲ့ပါ ဖေဖေသမီးခေါ်ပေးလိုက်ပါ့မယ် ............. ကိုရဲအောင် ဖေဖေခေါ်နေတယ် .........

ရဲအောင်မင်းကောင်က စိတ်ချရပါတယ်နော် စိတ်ချရပါတယ်အန်ကယ်ရယ် ဒီကောင်က အပေအတေပါ ငွေလိုနေတဲ့ကောင်လေ ........

အေးဒါဆိုရင် ဒီကောင်တွေကိုခေါ်လိုက် ....... မောင်ကဗျာ မောင်ဘိုတောက် စနေမောင်မောင် အောင်အောင်လေး အညာသားလေး
ကောင်းထက်အောင် ........ ပြီးရင်မနက်ဖြန်မနက် ၈ နာရီမှာ သင်းပြင်းတို့အဖွဲ့နဲ့ ချိန်းထားတယ် အဲဒီမှာကိုဟိန်းဆိုတာပါတယ် သတိ
တော့ထားရယ် ဒီကောင်က သေနတ်ပစ်အရန်းတော်တယ်ကွ ကျည်တစ်ထောင့်ကို လူတစ်ယောက်ပဲနော် ပြီးတော့ဒီကောင်က သက်
ပြင်းလူရုံကွ အဲဒီတော့ စောက်ုဦးကို ပညာစမ်းတဲံအနေနဲ့ ကိုဟိန်းနဲ့စတွေ့ပေးလိုက်မယ် .........

ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော်သဘောပေါက်ပါတယ် .............

ပစွ့ည်းအပြည်ဆင်ထား ပြီးရင်ရာဘ (မြင်းဆေး) က အလုံးရေ ၃ သိန်းကိုသေချာထုတ်ထား ဟုတ်ပြီလား ..........

ဟုတ်ကဲ့ပါဆရာကြီး မနက် ၇ နာရီအဆင့်သင့်ဖြစ်စေရပါမယ် ကျွန်တော်ကိုသွားခွင့်ပြုပါ ..........

အေးကောင်းပြီ မင်းဟိုကောင်ကို အတို ၂ လက်ပေးပြီး သေချာကျင့်ခိုင်းထားအုံး .........

အဆင်သင့်ဖြစ်နေပါပြီ မိုးမစဲကလက်စွမ်းပြနေတယ်ဆရာကြီးရေ ဟား ဟား ဟား ........

ဟေ့ကောင် ဘာရယ်တာလဲကွ ..........

မဟုတ်ပါဘူး ဆရာကြီးရယ် ဆရာကြီးရဲ့အောင်မြင်မူ့အတွက် ကြိုပြီးဝမ်းသာနေတာပါ ..........

ဟားဟား မင်းကတော့ကွာ သိတတ်ပါပေတယ် ဟားဟား ......... ဟားဟား .........

နောက်တစ်နေနံနက်မှာတော့ လူစုပြီးဦးသက်ပြင်းတို့လာရာလမ်းကို စောင့်နေလိုက်တော့သည် သိပ်မကြာလိုက်ပါ တောလမ်းအတိုင်း
ဦးသက်ပြင်းတို့အဖွဲ့ ရောက်လာလေသည် ဗိုလ်ကြီးခိုင်လင်းနှင့်အဖွဲ့ကလဲ သတင်းရရချင်းပင် တောစပ်တွင်နေရာယူထားလေသည် ဦးညီ
ထွဋ်က ပခုံးပေါ်တွင်နားနေသော သိမ်းငှက်ကိုလွှတ်ပေးလိုက်ပြီး လမ်းကျောကြည့်ခိုင်းလိုက်သည် ခဏအကြာတွင်တော့ သိမ်းငှက်ကအ
ချက်ပေးအော်သံကြောင့် ဦးညီထွဋ်သိလိုက်ပြီး အိပ်ထဲမှဟန်းဖုန်းကိုယူကာ ဂဏန်းအချို့ကို နှိပ်လိုက်ပြီး .............

ဟေ့ကောင်သက်ပြင်း ဒီနေ့တော့ ဆောတီးပဲကွာ အလုပ်ဖြစ်မယ်မထင်ဘူး စစ်တပ်ကစခန်းချထားတယ် .........

ဟာညီထွဋ်ရာ မင်းစစ်တပ်က ငါတို့အဖွဲ့ကို မမြင်ပါဘူး အခုငါရောက်နေတာက စစ်တပ်မသိသေးတဲ့ လမ်းကြောင်းပါကွ ဟား ဟား .....

ဒါဆိုမင်းက ဖြစ်အောင်လုပ်မယ်ဆိုပါတော့ကွာ ...........

အေးပေါ့ မင်းကိုငါပြောမယ် ဒီနေရာကို မင်းတို့အဖွဲ့ရွှေ့လိုက်ဟေ့ ငါလူနှစ်ယောက် လာကြိုနေတယ် ........

နည်းဗျူဟာနှင့်မြေပုံလမ်းကျောကို သိပ်မကျွင်းကျင်သေးသော ဗိုလ်ကြီးခိုင်လင်းတို့အဖွဲ့မှာ ဦးသက်ပြင်းရဲ့ လှည်ကွက်ထဲသို့ရောက်သွား
ရလေတော့သည် ဦးသက်ပြင်းနှင့် ဦးညီထွဋ်တို့ ပစွ့ည်းနှင်ငွေကိုလဲလှယ်ကာ ပြန်လာကြတော့သည် ဦးညီထွဋ်ကတော့ ရလာတဲ့ငွေဟာ
ထိုင်းတွင်အခြေချနေထိုင်ရန် လုံလောက်နေတာကြောင့် အပျော်ကြီးပျော်နေကြသည် သမီးဖြစ်သူမိုးမစဲကလဲ စောကိုဦးကို ဘန်ကောက်
ထဲခေါ်သွားရန် ဦးညီထွဋ်အား ပူဆာနေတော့ ဦးညီထွဋ်က ............ဆက်ရန်

No comments: