Saturday, March 22, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၈ )

သမီးရယ် ရဲအောင်ကိုပဲ ခေါ်သွားစမ်းပါကွယ် ..........

ဟာဖေဖေကလဲ စောကိုဦးကအခုမှ ရောက်တာဆိုတော့ အမြင်ကျယ်သွားအောင်ပါနော် ......

ကဲကဲဒါဆိုရင်လဲ သမီးသဘောပါပဲကွယ် ဘယ်နှစ်ရက်ကြာမှာလဲ မြန်မြန်တော့ပြန်လာနော် ..........

ဟုတ်ကဲ့ပါဖေဖေရယ် သမီး ၅ ရက်နေရင်ပြန်လာခဲ့မယ် .........

၂ ခန့်ကြာသောအခါ နော်ဒေါ်ရစ်တို့ မိသားစုမှာ ရွှေကုဣိရွာလေးသို့ ပြောင်းရွှေ့အခြေချခဲ့လေသည် ထိုရွာလေးမှာ ထိုင်းနဲ့အလွန်ပင်နီးစပ်
နေသောကြောင့် မြန်မာနိုင်ငံမှ လူအများက ထိုင်းနိုင်ငံသို့ကူးကာ အလုပ်ဝင်ရောက်လိုပ်ကိုင်ပြီး လူရည်လည်သူများကတော့ လူပို့ပေးကြ
ပြီး လူရည်သိပ်မလည်ဝယ်သူများကတော့ ထိုင်းနိုင်ငံမှာငွေရများသည် ဆိုတာကြောင့် ငွေလိုက်၍ဘ၀ပျက်သူများလဲ ရှိလေသည် ထိုအ
ထဲတွင်တော့ နော်တူးတူးတစ်ယောက်က အဆင်ပြေချောမွေ့စွာ ဘ၀ကိုဖြတ်သန်းနေပြီး မဲ့ဆော့နှင့်ဘန်ကောက်တွင် သူပို့ပေးထားသူများ
ရေတွက်မရနိုင်အောင်ရှိနေသည် နော်တူးတူးတစ်ယောက် ရွှေကုဣိရွာလေးသို့ ပြန်ရောက်လာလေသည် ရွာထဲတွင်အဆင်မပြေသူများက
နော်တူးတူးဆီတွင် ငွေတိုးချေးရလေသည် နော်တူးတူးကလဲ အားလုံးတော်တော်များများဟာ သူ့လက်နှင့်လွတ်သူမရှိသလောက်ပေါ့ ငွေ
ကိုပေးကာ ပြန်မဆပ်နိုင်သူများကလဲ နော်တူးတူးလို အဆင်ပြေမည်ထင်ကာ သားသီးများကို နော်တူးတူးလက်အပ်လိုက်ကြသည် ဒီနေ့
တော့ နော်တူးတူးလဲ ရွာထဲတွင်လိုက်မည့်သူများကို စာရင်းလုပ်နေပြီး ဖုန်းတစ်လုံးနှင့် အလုပ်ရူပ်နေသည် ...........။

စ၀ပ်တ်ဒီးခါ့ ထောက်ကယ် ( မင်္ဂလာပါသူဌေး ).............

စ၀ပ်တ်ဒီးခပ်နူ မီအလိုင်ရူ့ပလောင် ( မင်္ဂလာပါ မိန်းကလေး ဘာကိစွ့ရှိသလဲ )..........

သော်နိနူဟာဒိုက်မရာမန်း ယိစစ်ပ်ခွန်းခါ့ (အခုလူနှစ်ဆယ်လောက်ရနေပြီ ).........

အိုကေနူ ထောက်ကယ်ဒီကျိုင်မမ ( ကောင်းပါပြီ အရန်းကိုဝမ်းသာပါတယ် ).........

ခနာနိနဲ့ခါ့ထောက်ကယ် မီအလိုင်ကော့နူထိုးမားနဲ့ခါ့ ( ဒီလောက်ပဲနော်သူဌေး အကြောင်းရှိရင် ဖုန်းထက်ဆက်လိုက်ပါ့မယ်) .......

နော်တူးတူးတစ်ယောက် အလုပ်ရူပ်နေစဉ် နော်စမိုင်းမေရောက်လာပြီး သူပါလိုက်ချင်တယ်ဆိုတာကြောင့် နော်တူးတူးဝမ်းသာသွားပြီး
ခေါ်သွားရန်ဆုံးဖြတ်လိုက်လေသည် နော်စမိုင်းမေမှာ အရွယ်ကောင်းလေးဖြစ်ပြီး ထိုင်းများသရေယိုမှာသေချာသလို နော်တူးတူးအတွက်
ကလဲ ငွေသီးနေအောင်ရမှာလေ နော်တူးတူးက စမိုင်းမေတောင်းသောငွေကို အလွယ်တကူထုပ်ပေးလိုက်ပြီး သွားမည့်နေ့ကိုပါပြောလိုက်
လေတော့သည် ........ဆက်ရန်

No comments: