Saturday, March 22, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၉ )

စောကိုဦးနှင့်မိုးမစဲတို့ ဘန်ကောက်တွင် ၇ ရက်ကြနေထိုင်ပြီး တောတွင်းတစ်နေရာသို့ ပြန်လည်ရောက်ရှိလာလေသည် ရဲအောင်မှာ ငယ်
စဉ်ကထဲက မိုးမစဲကို အရိပ်လိုကြည့်နေရာက မိုးမစဲကစောကိုဦးရောက်လာမှ ပြောင်းလွှဲသွားတာကြောင့် ရဲအောင်ဒေါသအရှိန်တက်ရပြီး
ဦးညီထွဋ်က သမီးဖြစ်သူကို လာလမ်းမှကြိုခိုင်းရာ ရဲအောင်ကလူမှားသည်ဆိုကာ စောကိုဦးကို သေနတ်နဲ့ပစ်လိုက်လေသည် ကံကောင်း
ချင်းတော့ စောကိုဦးကိုရှပ်ထိသွားလေသည် ...........

အခုလိုဖြစ်ရတာ ငါကြောင့်ပါကွာ ငါတောင်းပန်ပါတယ်နော် ..........

ရပါတယ်ရဲအောင်ရယ် မတော်တဆဖြစ်တာပဲ ငါနားလည်ပေးပါတယ် ............

မိုးမစဲကတော့ ရဲအောင်သဘောကို ရိပ်မိတာကြောင့် မသိသလိုနေပြီး စခန်းသို့ပြန်လာခဲ့လေသည် စခန်းရောက်တော့ တောလမ်းမှကားနဲ့
လူကုန်ကူးသူများ လာမည်သတင်းကြားတာကြောင့် ဦးညီထွဋ်အဖွဲ့က လမ်းမှဖြတ်ကာ ဂိတ်ကျေးတောင်းရမည်ပေါ့ ထိုအထဲတွင်စစ်တပ်
ကိုသတင်းပေးသူလဲ ပါလာမည်ဟု ဗိုလ်သက်ပြင်းအဖွဲ့က သတင်းရထားတာကြောင့် ဦးညီထွဋ်အား အကြောင်းကြားထားလေသည် ..။
နော်တူးတူးနှင့်အဖွဲ့ ရောက်လာလေပြီး နော်တူးတူးက ဂိတ်ကျေးပေးနေချိန် စောကိုဦးတို့က ရှေ့ကကားကိုစစ်နေခိုက် နော်စမိုင်းမေပါလာ
မှန်းကို စောကိုဦးမသိလိုက်ပါ ထိုအချိန်တွင်ကားပေါ်မှ လူငယ်တစ်ဦး ဆင်းပြေးတာကြောင့် ရဲအောင်က စေကိုဦးအား အသေပစ်သတ်ခိုင်း
လေသည် စောကိုဦးလဲ ရောက်ကာစဖြစ်လူကိုလဲ တစ်ခါမှမပစ်ဖူးတာကြောင့် ကြောင်ပြီးကြည့်နေစဉ် စောကိုဦးလက်ထဲမှသေနတ်ကိုယူ
ကာရဲအောင်က သတင်းပေးသူအား ခြေထောက်ကို ပစ်ချိုးလိုက်တော့သည် ပြီးတော့ရဲအောင်က သူမေးချင်တာကို မေးနေရာသတင်းက
သူလက်ထဲတွင်ပါလာသော သေနတ်နှင့်သူ့ကိုသူ အဆုံးစီရင်သွားလေသည် ........။

ဟေ့ကောင်ရဲအောင် မင်းကောင်က လူမသတ်ရဲပါလားကွာ ..........

ဆရာကြီးရယ်အစမို့လို့ပါ နောက်ပိုင်းဒီကောင် သတ်ရဲသွားမှာပါ ..........

ကဲလာကြကွာ ဒီနေ့အောင်မြင်မူ့အတွက် စားကြသောက်ကြဟေ့ လာလာ............

စောကိုဦးကတော့ မမျှော်လင့်ပဲ လူသတ်မူ့ကြောင့် ဒီလုပ်ငန်းကို မလုပ်ချင်တော့ပါ ပြီးတော့လဲ တစ်ယောက်ထဲထိုင်နေပြီး အတွေးလွန်
နေခိုက်မိုးမစဲရောက်လာပြီး ...........

ဘယ်လိုလဲ ကိုဦးစိတ်ညစ်နေပြီလား .............

ဒီလိုပါပဲ မိုးမစဲရယ် နင်တို့တွေ ဒီလိုနေမဲ့အစား ကိုယ်နိုင်ငံကိုပြန်ပြီး ကောင်းကောင်းလုပ်စားပါလားဟာ .........

ငါလဲပြန်ဝင်ချင်ပါတယ် ဒါပေမဲ့ဖေဖေက ပြန်ဝင်လို့မရတော့ဘူးလေ အခုပဲထိုင်းကိုရောက်နေတာ နှစ်နှစ်ဆယ်ကျော်ပြီဟ..........

နင်တို့ပြန်ဝင်ရင်လဲ နင်တို့ကိုကောင်းကောင်းကြိုဆိုကြမှာပါ ငါနဲ့အတူပြန်ဝင်ရအောင်နော် ..........

တော်တော့ဟာ ဒီအကြောင်းတွေ ဖေဖေသိသွားရင် နင်ရောငါပါမလွယ်ဘူးဟ မပြောနဲ့တော့နော် .........ဆက်ရန်

No comments: