Sunday, March 23, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၁၀ )

နော်တူးတူးကပါလာသော လူများကို စရင်လုပ်ကာ လူခွဲထုတ်ရန် ပြင်ဆင်နေပြီး နော်စမိုင်းမေကိုတော့ သူနဲ့နေရန် ခေါ်ထားပြီး ကျန်လူ
များကိုတော့ ငါးယောက်စီခွဲကာ လေးနေရာကို ပို့လိုက်သည် ထိုအထဲတွင် အချောဆုံးလဲဖြစ် ကံအဆိုးဆုံးလဲဖြစ်သူကတော့ နော်စမိုင်း
မေပင်ဖြစ်လေသည် ........

လွမ်းလိုင်း လိုင်မီ မေစနိုး ၀ိုင် နွယ်နီ နင်တို့ငါးယောက်က ဒီအိမ်မှာနေရမယ်နော် အမကတော့နင်တို့ကို တစ်ခါတစ်လေမှလာကြည့်မယ်

ဝိုင်းငယ် ဖြူစင်လင်း မဒီ နဒီ သူဇာ နင်တို့ငါးယောက်က ဒီပုဇွန်ရုံမှာ အလုပ်လုပ်ရမယ် လစာကောင်းတယ်နော် ......

သဇင် စမ်းစိမ့်လတ် ရွှေဖြိုး နှင်းဆီ မမလေး နင်တို့ငါးယောက်ကတော့ ဒီငါးဘူးရုံမှာ အမသွင်းပေးခဲ့မယ် ......

ကုကု ချိုချို လမင်း မိုးလေး စပယ် နင်တို့ငါးယောက်ကလဲ ဆိုင်မှာဈေးရောင်းဘို့ အမလိုက်ပို့ပေးမယ် ...........

နော်တူးတူးက အားလုံးကိုနေရာ ချထားပေးပေမဲ့ နောက်ပိုင်းမှာတော့ လူတွေကို တစ်ယောက်ချင်း နှစ်ယောက်အစရှိသည် လူစုခွဲကာ
လိုက်လေတော့သည် အမှန်တော့နော်တူးတူးက ရောင်းစားထားခဲ့ချင်းပါ ရိုးသားစွာ အလုပ်သွင်းပေးချင်းမဟုတ်မှန်းကို နောက်မှသိလိုက်
တော့သည် နော်စမိုင်းမေကိုတော့ နော်တူးတူးက အ၀တ်အစားအသစ်များ ၀ယ်ပေးကာ ၀တ်ဆင်စေပြီး အလှပါပြင်ပေးထားလိုက်သည်
ခဏကြာတော့ ဟိုတယ်တစ်ခုမှ ကားနှင့်လာကြိုပြီဖြစ်လို့ နော်တူးတူးနှင့်နော်စမိုင်းမေတို့ ကားပေါ်တက်ကာ လိုက်သွားကြပြီး ဟိုတယ်
အရောက်မှာတော့ ထိုင်းသူဌေးတစ်ဦးက ထိုင်စောင့်နေလေသည် နော်စမိုင်းမေလဲ ဟိုတယ်၏ကြီးကြယ်ခန်းနာ သပ်ရပ်ပုံကိုကြည့်ကာ
သဘောကြနေသည် ထိုသူဌေးနှင့်နေရရင်လဲ သူ့ဘ၀ပြောင်းသွားတော့မှာပဲလို့ စဉ်းစားနေလေသည် သူဌေးကဟိုတယ်တွင် ခဏတာနေ
ထိုင်ပြီး သူ၏အိမ်သို့ နော်တူးတူးနှင့်နော်စမိုင်းမေအား ခေါ်သွားလေတော့သည် .........။

နူမာနိဆီ ( ကောင်မလေးဒီနားကိုလာပါအုံး)

နော်စမိုင်းမေက ဘာမှမသိပါ ဒါနဲ့နော်တူးတူးက သူဌေးနားသို့တိုးထိုင်ရန် ပြောလိုက်တော့ နော်စမိုင်းမေလဲ ကြောက်ကြောက်နှင့်ပင်အ
နားသို့တိုးထိုင်လေသည် ရမက်ဇောထနေသော ထိုင်းသူဌေးကတော့ .........

မုနော်စွေမမ ဖိချော့မမလေး ( ကောင်းမလေးက လှတယ်အကိုအရန်းကြိုက်တယ် )

အောင်းထော့ရိုင်ကော့ဝမား ( ပြောဘယ်လောက်လဲ ) ...........

နူန်င်မူန်ဟါ့ဖန်းဘတ်ခါ့ ( တစ်သောင်းငါးထောင်ဘတ်ပါရှင် ) ............

လွတ်ဒိုက်မိုင်း မူန်စမ် ( ရှော့လို့ရမလား တစ်သောင်းသုံးထောင်ပေးမယ် ) ...........

အိုဟိုမိတ်ဒိုက်ခါ့ မားမိုင်သော်နိခါ့ မိုက်ခေချိုက်မကော်ခါ့ ( မရပါဘူးရှင်အခုမှအသစ်လေးပါ ဘယ်မှာမှမလုပ်ဖူးသေဘူးရှင်) ......

အောင်းဒိုက်မိတ်မီပန်းဟာ (ယူမယ်ကွာဘာမှပြသနာမရှိပါဘူး)

ထိုင်းသူဌေးလက်သို့ ဘတ်တစ်သောင်းငါးထောင်နှင့် နော်စမိုင်းမေကို ရောင်းခဲလိုက်ပါပြီ တစ်သောင်းငါးထောင်ဆိုပေမဲ့ သူဌေးကသ
ဘောကြတာကြောင့် နော်တူးတူးအားနောက်ထပ်ပင် သုံးထောင်ထပ်ပေးလိုက်သေးသည် နော်တူးတူးပြန်သွားပြီးနောက်မှာတော့ .......ဆက်ရန်

No comments: