Tuesday, March 25, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၁၁ )

မုနော်စပ်ဖပင်မိုင်း ( ကောင်မလေးအ၀တ်လျှော်တတ်လား )

ထိုင်းသူဌေးကနော်စမိုင်းမေအား အ၀တ်လျှော်တတ်လားလို့ မေးနေပေမဲ့ အခုမှရောက်လာသော နော်စမိုင်းမေအဖို့ ဘာပြန်ပြောရမှန်းမ
သိတာကြောင့် ငြိမ်နေလိုက်တော့ ထိုင်းသူဌေးက လက်ဟန်ပြကာ အ၀တ်လျှော်တတ်လား ထပ်မေးတော့ နော်စမိုင်းမေက ခေါင်းညှိမ့်
ပြလိုက်လေတော့သည် နော်စမိုင်းမေ အ၀တ်လျှော်ရန် ၀င်သွားချိန်တွင်တော့ ထိုင်းသူဌေးကနောက်ကနေ လိုက်ဝင်သွားကာ နော်စမိုင်း
မေအား မတရားကြံလိုက်လေသည် ဒီနေ့အဖို့တော့ နော်စမိုင်းမေအတွက် မျက်ရည်ကြခဲ့တဲ့နေ့ ဘ၀ပျက်တဲ့နေဆိုရင်လဲ မမှားပါဘူး ...
နောက်ပိုင်းမှာတော့ နော်စမိုင်းမေကို ထိုင်းသူဌေးက အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ပြီး လိုချင်တာမှန်သမျှ လိုအပ်တာမှန်
သမျှကို ၀ယ်ပေးပြီး အယုံသွင်းထားလိုက်လေသည် နော်စမိုင်းမေးကလဲ အစစအရာရာသူ့အပေါ်မှာ ကောင်းနေတာကြောင့် သူ့ရင်ထဲမှာ
စွဲလမ်းစွာချစ်နေမိသည် ၆ လခန့်ကြာမှာတော့ သူထင်ထားသလိုမဟုတ်တော့ပါ ထိုင်းသူဌေးဟာ စားသောက်ဆိုင်တွေကို ခဏခဏခေါ်
သွားပြီး နော်စမိုင်းမေမသိအောင် တခြားလူများကို ဖုန်းဆက်ကာ ပြလေလေသည် တခြားတစ်ယောက်ကလဲ မြင်မြင်ချင်းကြိုက်သွားတာ
ကြောင့် ၀ယ်ယူရန် သဘောတူလိုက်လေသည် ........

လော်ဘတ်တရိုးခရပ် ဖိကာမားနော် ( ဒီမှာခဏစောင့်နော် အကိုပြန်လာခဲ့မယ် )

ထိုင်းသူဌေးကပြန်လာမည်ပြောကာ နော်စမိုင်းမေအား ညာထားခဲ့ပြီး နောက်တစ်ယောက်စီမှ ဘတ်တစ်သောင်းငါးထောင်ကိုယူကာ
လမ်းစဖြောက်သွားတော့သည် နောက်တစ်ယောက်ကလဲ သူ့အားလာကြိုခိုင်းသည်ဟု ညာကာသူ့နေထိုင်ရာတည်းခိုခန်းသို့ ခေါ်ဆောင်
သွားလေတော့သည် နော်စမိုင်းမေကတော့ ဘာမှမသိလိုက်ရပါပဲ နောက်တစ်ယောက်နောက်သို့ ပါသွားခဲ့ရပြန်လေသည် ဒီလိုနဲ့ခဏခ
ဏရောင်းစားခံနေရသော နော်စမိုင်းမေကတော့ ထိုင်းတွေကိုစိတ်နာလာလေသည် ဒီတစ်ခါတော့ ရသမျှကိုယူကာ မြန်မာပြည်သို့ ပြန်
ပြေးတော့မည်ဟု ဆုံးဖြတ်ကာ ဘန်ကောက်ကုန်တိုက်ကြီးသို့ ဈေးဝယ်ထွက်ခဲ့တော့သည် ကုန်တိုက်ကြီးမှာ ဈေးဝယ်ပြီးပြန်အထွက်မှာ တော့ အမှတ်မထင် စောကိုဦးကို တွေ့လိုက်ရလေသည် ............ဆက်ရန်

No comments: