Tuesday, March 25, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၁၂ )

ဗိုလ်ကြီးခိုင်လင်းနှင့်အဖွဲ့ဟာ ဗိုလ်သက်ပြင်းတို့အဖွဲ့ကို ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေကြသည် ဗိုလ်သက်ပြင်းတို့ ဓားမြအဖွဲ့ကလဲ ဒီတစ်ခါ
တိုက်ပြီးလျှင် ဦးညီထွဋ်အဖွဲ့နှင့်ပေါင်းကာ ထိုင်းငံနိုင်ငံတွင် အခြေချရန်စီစဉ်ထားပြီး ဖြစ်လေသည် ဒါပေမဲ့ဗိုလ်သက်ပြင်းတို့နောက်ကြသွား
ခဲ့ပါပြီ မနက်လင်းကာနီးလေးမှာ ဗိုလ်ကြီးခိုင်လင်းနဲ့အဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ ဗိုလ်သက်ပြင်းအဖွဲ့ ဒဏ်ရာရသူများများကာထိုင်းနယ်
စပ်ထဲသို့ ၀င်ရောက်ထွက်ပြေးကြလေသည် .............

နွေရာသီမို့ သောင်းရင်းမြစ်ကရေနည်းနေတာကြောင့် အလွယ်တကူပြေးနိုင်ပေမဲ့ ထိုင်းနယ်စပ်စောင့် ရဲများကလူနာများကို လုံးဝပေးမ၀င်
ခိုင်းပါ ဒါနဲ့ကိုဟိန်းလဲ ဒေါသဖြစ်ကာခါးတွင်ချိတ်ထားသော ဗုံးများကိုပါးစပ်နဲ့ ကိုက်ပြီးတော့ ပစ်ဖေါက်မည်အလုပ်မှာ ထိုင်းနယ်စပ်စောင့်
ရဲများထွက်ပြေးသွားကြလေသည် နယ်စပ်စောင့်ရဲမှာ လူအင်အားနည်းနေတာကြောင့် ရှောင်ပေးလိုက်တော့မှ ကိုဟိန်းနှင့်ဒဏ်ရာရ လူနာ
များဆေးကုသခွင့်ရကြသည် .......

မိုးမစဲခဏနေအုံးနော် ..........

ဟဲ့စောကိုဦး ဘာဖြစ်တာလဲ ..........

အသာနေစမ်းပါ ဟိုမှာငါ့ညီမကိုတွေ့လိုက်တယ် .............

နော်စမိုင်းမေမှာ စောကိုဦးကို အရင်တွေ့သွားတာကြောင့် ထွက်ပြေးရာလွတ်သွားလေသည် စောကိုဦးလဲ နောက်ယောက်ခံကာ လိုက်
သွားပြီး နော်စမိုင်းမေရှိရာ တည်းခိုခန်းကို မှတ်ထားလိုက်လေသည် ညပိုင်းအရောက်မှာတော့ စောကိုဦးလဲ မိုးမစဲအိပ်နေတုန်းအလစ်
ထွက်ရန်ကြံစည်ပြီး ထွက်မည်အလုပ်မှာ ကြိုတင်သိနေသော မိုးမစဲကသူပါလိုက်ရန် စောကိုဦးကိုပြောလိုက်တော့ စောကိုဦးလဲမနေသာ
တော့ပါပဲ မိုးမစဲကိုပါ ခေါ်လာလိုက်တော့သည် ........

စောညီခဝေကလဲ နယ်မြေမှူးများကို အကြောင်းကြားကာ နော်စမိုင်းမေရှိရာသို့ ခရီးထွက်ခဲ့လေသည် တောလမ်းတစ်နေရာအရောက်မှာ
တော့ စောညီခဝေကို ဗိုလ်ကြီးခိုင်လင်းအဖွဲ့က ကြိုဆိုပြီး စောညီခဝေအတွက် လမ်းကြောင်းကို ဒုဗိုလ်ပါပါးက တာဝန်ယူပေးလိုက်သည် ........ဆက်ရန်

No comments: