Tuesday, March 25, 2008

သောင်းရင်းမြစ်ကိုသက်သေတည်

အပိုင်း ( ၁၃ )

အချိန်ကား ည ၁၂ နာရီကျော် .................

နော်စမိုင်းမေတစ်ယောက် ထိုင်းသူဌေးနိုက်ကလပ်သွားချိန် အပြင်သို့ပစွ့ည်များထုတ်ယူကာ ခိုးထွက်ခဲ့သည် တစ်ချိန်ထဲမှာပဲစောကိုဦးနှင့်
မိုးမစဲတို့ရောက်လာကာ နော်စမိုင်းမေကိုခေါ်ပြီး ထွက်ပြေးကြတော့သည် ..........

ရဲအောင်နှင့်အဖွဲ့ကလဲ စောကိုဦးကို လက်စဖျောက်ရန် တောစပ်သို့လာရောက်စောင့်နေ၏ စောကိုဦးကတော့ ညီမဖြစ်သူကို ဘာကြောင့်
ဒီကိုရောက်လာသလဲပေါ့ နော်စမိုင်းမေလဲ ဖြစ်သမျှအကြောင်းစုံကို စောကိုဦးအားပြောပြလိုက်ပြီး နံနက် ၈ နာရီကျော်မှာတော့စောကိုဦး
တောစပ်တွင်ကားရပ်ကာ စခန်းသို့ပြန်ဝင်မည်အလုပ်မှာတော့ ရဲအောင်တို့အဖွဲ့ရဲ့ လုက်ကြံမူ့ကိုခံလိုက်ရလေသည် စောကိုဦးလဲပြန်ပြီး
ပစ်ခတ်ရာ တိုက်ပွဲကားဆူညံနေတော့သည် ဗိုလ်ကြီးခိုင်းနဲ့အဖွဲ့က ဦးညီထွဋ်စခန်းရှိရာကို ၀င်းသိမ်းလိုက်ပြီး ဗိုလ်သက်ပြင်းနှင့် သူ၏တ
ပည့်များကိုပါ ဖတ်စီးလိုက်တော့သည် စောညီခဝေကလဲ တိုက်ပွဲဖြစ်ရာသို့ လိုက်ကြည့်ရင်းမှ ဗိုလ်ပါပါးနှင့်လမ်းလွဲကာ စောကိုဦးတို့ရှိရာ
တောစပ်သို့ ရောက်သွားလေသည် စောညီခဝေက စောကိုဦအားလက်နှက်ချပြီး အေးဆေးစွာဝင်ရန် ပြောနေပေမဲ့ တစ်ဘက်ကရဲအောင်
တို့အဖွဲ့ရန်ကို ကာကွယ်နေရတာကြောင့် စောညီခဝေပြောတာကို မကြားလို့လှည့်ကြည်လိုက် ချိန်မှာတော့ စောကိုဦးကို ရဲအောင်ကသေ
နတ်နဲ့ပစ်တာကို နော်စမိုင်းမေတွေ့လိုက်တာကြောင့် အကိုဖြစ်သူကို ဘေးသို့တွန်းလိုက်ရာ နော်စမိုင်းမေအား သေနတ်မှန်သွားလေသည်
အောင်မြင်သောလေသံဖြင့် ရောက်လာသော ရဲအောင်ကိုတော့ ဗိုလ်ကြီးခိုင်လင်းက ပစ်လိုက်တာကြောင့် ရဲအောင်သေနတ်မှတ်ကာ
တောစပ်သို့ကြသွားလေသည် ဗိုလ်ကြီးခိုင်လင်း ဆင်းကြည့်ချိန်မှာတော့ ရဲအောင်နေရာတွင်ပင်သေဆုံးသွားလေသည် .........

ညီမလေးရယ် ဘာကြောင့်ဒီလိုလုပ်ရတာလဲ အိပ်မှာလေနင့်ကို အမိုးကမျှော်နေတာ အခုနင်မရှိတော့ ငါအမိုးကိုဘယ်လိုပြောရမလဲ.....

စောညီခရယ် ငိုမနေပါနဲ့တော့နော် ငါ့ဘ၀ကမလှတော့လို့ အမိုးကိုဒီလိုဘ၀မျိုးနဲ့ မမြင်စေချင်လို့ပါ .......

ဘာဆိုင်လဲဟာ ငါအမိုးကိုရှင်းပြပေးမှာပေါ့ ငါအစားနင်ဒီလိုဖြစ်ရတာ ငါဘယ်လိုဖြေရမလဲ နော်စမိုင်းမေရယ် ...........

ကိုကြီး..........ကိုကြီးဘာမှ မဖြစ်ဖူးမို့လား စမိုင်းမေ၀မ်းသာပါတယ် ပြန်ရင်သာအမိုးကို ပြောလိုက်ပါ ညီမလေးတောင်းပန်ပါတယ်လို့ .....

ညီမလေး ................ ညီမလေး ............... ခေါ်နေတယ်လေညီမလေးရဲ့ သတိထားပါနော် သတိထားပါကွာ ........

မရတော့ပါဘူး ညီမလေးသိပါတယ် ညီမလေးကိုခွင့်လွှတ်ကြပါနော် ညီမလေးသစ်စာဆိုခဲ့ပါတယ် နောက်တစ်ခါများ လူဖြစ်ခဲ့ရင်
သောင်းရင်းမြစ်ကိုဖြတ်ကူးသော မြန်မာအမျိုးသမီများကို အချိန်မှီတားစီးနိုင်တဲ့ နယ်စပ်စောင့်တပ်မတော်သား တစ်ဦးဖြစ်......ဖြစ်ရပါစေ

နော်စမိုင်းမေတစ်ယောက် လောကကြီးကို စွန့်ခွါသွားခဲ့ပါပြီ စောကိုဦးကိုတော့ ဗိုလ်ကြီးခိုင်လင်းက ထိမ်းသိမ်းထားလိုက်ပြီး
ဦးညီထွဋ်ကတော့ စစ်တပ်ကိုခုခံကာ တောထဲဝင်ရောက်ပြောကွယ်သွားသလို နော်ဆူးလေးနှင့်မိုးမစဲကိုလဲ လုံးဝရှာလို့ယနေ့
အချိန်အထိ မတွေ့ရတော့ပါ .............ဒီမျှနဲ့ရပ်နားခွင့်ပြုပါ ......... အဟဲ တောကျွမ်းသူတွေဆိုတော့ လွှတ်ပေးလိုက်တယ်နော်
နောက်တစ်ခါများ ဇာတ်လမ်းတစ်ခုရအုံးမလားလို့ပါ အချိန်ရရင်ရင် ဆက်ပါအုံးမည် အားပေးသူတွေကို အထူးကျေးဇူးတင်ပါ၏ ။

No comments: